Friday, November 11, 2011

စည်းလုံးခြင်းသည် အင်အား (သီချင်း)

ဒီသီချင်းကို တေးရေးဆရာ စောတုတ်ဟန်ရဲ့ ကရင်တော်လှန်ရေး နယ်မြေထဲက ဗမာလို ရေးသားတဲ့ သီချင်းတွေထဲမှာ နာမယ်ကြီးတဲ့ စည်းလုံးရေး သီချင်းကောင်း တပုဒ် ဖြစ်ပါတယ်။ တခြားနာမယ်ကြီးတဲ့ ကရင်တော်လှန်ရေးထဲက သင်တိုင်းဖြူမလေးတို့လို သီချင်းကိုလည်း ဆရာစောတုတ်ဟန် ကပဲ ရေးသားခဲ့တာ ဖြစ်ပါတယ်။
ဒီသီချင်းနဲ့ ကျနော် စတင်ထိတွေ့ခဲ့တာက တချိန်က အနုပညာ ၀ါသနာအခံရှိတဲ့ တပ်မဟာ၆ (ဒူးပလာယာ ခရိုင်) ရုံးအုပ်ဆီကနေပါ။ သူဆီကနေ သင်ယူပြီး သီဆိုတတ်လာရာ ကနေ နိုဖိုး ကရင်နှစ် သစ်ကူးပွဲမှာ အဖွင့် သီချင်းအနေဖြင့် အုပ်စုလိုက် သီဆိုခွင့် ရခဲ့ပါတယ်။ နောက်တခေါက် ပြန်သီဆိုခွင့် ရတာက ယခုမှတ်တမ်း ဗီဒီိယို ထဲမှာ ဖြစ်ပါတယ်။
ပဒိုမန်းရှာလားဖန်းရဲ့ သားသမီးတွေလည်းဖြစ် ဖန်းဖောင်ဒေးရှင်း ထူထောင်သူတွေလည်း ဖြစ်သူ နန့်ဘွားဘွားဖန်း၊ နန့်ဇိုယာဖန်းနဲ့ စလုံဖန်းတို့ရဲ့ သြစတြေးလျား ခရီးစဉ်မှာ ကျနော် ယာယီနေ ထိုင်ရာ နေရာမှာ တခြားကျနော့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ တချို့နဲ့ ကရင့်တော်လှန်ရေး အမျိုးသား စည်းလုံး ညီညွတ်ရေးအတွက် အလွတ်သဘော တွေ့ဆုံ ဆွေးနွေးမှုအပြီးမှာ အဲဒီသီချင်းကို သီဆိုပြီး အဆုံး သတ်ခဲ့ကြတာဖြစ်ပါတယ်။
ဒီသီချင်းဟာ စည်းလုံးမှုအတွက် အလွန်တန်ဖိုးရှိတဲ့ သီချင်းကောင်းတပုဒ် ဖြစ်သလို ဒီသီချင်းဆီကနေ စည်းလုံးမှုရှိမှ  အမှန်အင်အားတရပ်ဖြစ်လာမယ်ဆိုတဲ့ ခွန်အားကို ပေးထားတဲ့ သီချင်းဖြစ်ပါတယ်။ ဒီသီချင်းကို သီဆိုချင်သူများအတွက် အောက်မှာလည်း စာသားတွေပါ တင်ထားပေးပါတယ်။
လေးစားစွာဖြင့်
အဲခေါင်သောင့်




စည်းလုံးခြင်းသည် အင်အား
တေးရေး-စောတုတ်ဟန်
-တမြေတည်းမွေး တရေတည်းသောက်ပြီး တလှေတည်းစီး သွေးချင်းအတူတူ ကိုယ်လိုရာပန်းတိုင် ရည်ရွယ်ချက်ခရီးအတွက် စိတ်ဝမ်းကွဲနေလို့တော့ မဖြစ်တော့ဘူး။------


-တယောက်တည်းလှမ်း တလက်တည်း ထမ်းလို့ မျှော်မှန်းတိုင်းလည်း ဖြစ်မလာနိုင် တကယ်ပါ စည်းလုံးခြင်းဟာ အမှန်အင်အားပါ------


-တို့နှလုံးသားမှာ မေတ္တာတရား အကြင်နာတရားများ ရှိနေရင် တို့လက်တွေ အစဉ်သာတွဲလို့ လူတွေအတွက် အမြဲရှိနေရင် တို့များရဲ့ သဘောတွေဟာ ညီညွတ်လို့ အမြဲခိုင်မာ ထာဝရငြိမ်းချမ်းရေး အစဉ်သာ ဖွံဖြိုးမယ်ဆိုရင်-------
-လူမျိုးစွဲ၊ ၀ါဒစွဲနဲ့ အယူအဆ ကွဲခဲ့သမျှတွေဟာ တချိန်မှာ ပျောက်ဆုံးပျက်ပြယ် လာရစမြဲပါ------------
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment