Saturday, May 5, 2012

စစ်ရေးကာလ ငြိမ်းချမ်ရေး တည်ဆောက်ကြ၊ ငြိမ်းချမ်းရေး ကာလ စစ်ရေး တည်ဆောက်ကြပါ

 
 တပ်မဟာ ၆ဘက်က ရဲဘော်လေးတွေပုံပါ (ငယ်ငယ်က ကျောင်းစာကို သွားသတိရမိတယ်၊ ပြိုင်တူးတွန်းလျှင် ရွေ့နိုင်မည်တဲ့)

"စစ်ရေးကာလ ငြိမ်းချမ်ရေး တည်ဆောက်ကြ၊ ငြိမ်းချမ်းရေး ကာလာ စစ်ရေး တည်ဆောက်ကြပါ" လို့ပဲ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေ အားလုံးကို တိုက်တွန်းချင်ပါတယ်။ ဘာဖြစ်လဲဆိုတော့ မအေးချမ်းတဲ့ စစ်ရေး ကာလတွေမှာ အထူး လိုလား တောင့်တ နေကြတဲ့ ငြိမ်းချမ်းရေးကို ကြိုးစား တည်ဆောက်ဖို့ လိုအပ်သလို ငြိမ်းချမ်းရေး တည်ဆောက်ပြီး သကာလမှာလည်း စစ်ရေးကို တည်ဆောက် ထားဖို့ အထူးလိုအပ်တယ်။ သတိဆိုတာ ပိုသည် မရှိပါဘူး။ ငြိမ်းချမ်းရေး ရပြီဟေ့ ဆိုပြီး ပေါ့ ပေါ့ နေ ပေါ့ပေါ့စားပြီးမှ အခြေအနေ တမျိုးတဖုံ ပြောင်းလာတဲ့ အခါမှာ မဆုံးရှုံးသင့် မဆုံးရှုံး ထိုက်အောင် စစ်ရေး အမြဲတမ်း တပ်လှန့်ထား ကြရပါမယ်။ အရင် ငြိမ်းချမ်းရေး တည်ဆောက် စဉ်ကာလာ စစ်ရေး သတိနည်းခဲ့ကြလို့ နယ်မြေတွေရော တခြား မဆုံးရှုံးသင့် မဆုံးရှုံး ထိုက်တဲ့ အရာတွေ လက်လွပ် ဆုံးရှုံးခဲ့ရတဲ့ သင်ခန်းစာကို မမေ့သင့်ပါ။ မိအေး နှစ်ခါ သုံးခါနာတော့ အဖြစ်မခံနိုင်တာတော့ အမှန်ပဲ။ လက်ရှိ ဖြစ်ရှိနေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အဆိုးမြင် ၀ါဒနဲ့ ဖျက်လို ဖျက်ဆီးစေချင်တဲ့ ဆန္ခတော့ အလျင်း မရှိပါဘူး။ ငြိမ်းချမ်းရေးကို ကျနော် အပါအ၀င် လူတိုင်း လိုလားတောင့်တနေတဲ့ အရာတခု ဖြစ်တယ်။ အထူးသဖြင့် မငြိမ်းချမ်းတဲ့ ဒေသက လူတွေနဲ့ သူသေ ကိုယ်သေ တိုက်နေကြတဲ့ စစ်သားကြီးတွေ အတွက်ကတော့ ငြိမ်းချမ်းရေးကို ဘယ်လောက် ထိ မျှော်လင့် တောင့်တလိုက်မလဲဆိုတာ ရေးပြစရာပင် လိုတော့မယ် မထင်ပေ။ ဒါပေမယ့် လည်း ငြိမ်း ချမ်းရေး နောက်ကွယ်က စေတနာမှန်မမှန်၊ ရိုးသားမှု ရှိမရှိ၊ ဥာဏ်နီဥာဏ်နက်တွေ သုံးမသုံး၊ ညစ်ပတ်မှုတွေ ရှိမရှိ သိနိုင်ခြင်းငှာ မရှိတဲ့ အတွက် ငြိမ်းချမ်းမှုကို ကြိုးစား ထိမ်းသိမ်း တည်ဆောက်ရင်း သတိတရား ရင်ဝယ်ထားကာ စစ်ရေး သတိ အမြဲတမ်း ရှိကြဖို့ တိုက်တွန်း ရေးသား လိုက်ရတာ ဖြစ်ပါတယ်။


အဲခေါင်သောင့် (မေလ ၆ရက်၊ ၂၀၁၂ခုနှစ်)
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment