Wednesday, May 30, 2012

ကရင် တမျိုးသားလုံး အမြင်ချင်ဆုံးသော သမိုင်းဝင် ဓါတ်ပုံ


ဒီဓါတ်ပုံကတော့ လွန်ခဲ့တဲ့ မေ ၂၈ရက်နေ့က ကရင်လက်နက်ကိုင် အဖွဲ့တွေ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်အပြီး ရိုက်ထားတဲ့ ဓါတ်ပုံဖြစ်ပါတယ်။ ဒါဟာ ကရင့်အမျိုးသားတွေ အတွက် သမိုင်း စာမျက်နှာတင်လာစေမယ့် ခြေလှမ်းသစ်တွေ ပဲ ဖြစ်ပါတယ်။ အဲဒီ ခြေလှမ်းသစ်တွေ တက်လှမ်းလာနိုင်ဖို့ဟာလည်း ကရင်ထု တရပ်လုံးရဲ့ တွန်းအားတွေနဲ့ ပါဝင်ကူညီ လိုက်ပါ ဆောင်ရွက်မှုတွေ  ရှိမှာသာလျှင် တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့ အမျိုးသား စည်းလုံးညီညွတ်ရေးအတွက် အားသွန်ခွန်စိုက် လိုက်ပါ ဆောင်ရွက်ကြရန်နဲ့ မိမိတို့မှာ ရှိနေတဲ့ အစွဲတွေ အမျိုးမျိုးကို ဘေးမှာ ချထားပြီး သမိုင်းပေး တာဝန်တရပ်ကို ထမ်းဆောင်ကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရန်သူ့အကြိုက် သွေးခွဲ ဝေဖန်မှုတွေ၊ ပုဂိုလ်ရေးတွေနဲ့ အဖွဲ့အစည်းတွေကို ပုပ်ခတ်ဝေဖန်မှုတွေစတဲ့ ညီညွတ်မှုတွေကို ထိခိုက်လာစေမယ့် အပြောအဆို အပြုအမူတွေ မှန်သမျှ ဆင်ခြင်တုံ တရားထားကာ ပြောဆိုကြရန် လွန်စွာပင် အရေးကြီးပါတယ်။ ဒါမှသာ မိမိတို့ လိုလားတောင့်တနေကြတဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး လမ်းကြောင်းပေါ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာနိုင်မှာ ဖြစ်ပါတယ်။

ကရင်သမိုင်း စာမျက်နှာထဲမှာ အကွဲအပြဲတွေ အမျိုးမျိုးတွေ ပြည့်နှက်နေခဲ့သော်ငြားလည်း သမိုင်းမော်ကွန်းတင်ခံရတဲ့ ပြန်လည် ညီညွတ်မှုတွေလည်း သမိုင်းစာမျက်နှာ တချို့ပေါ်မှာ ကျက်သရေ ရှိစွာနဲ့ နေရာယူခဲ့တာတွေ ရှိခဲ့ပါတယ်။ အဲဒီ မော်ကွန်းတင် ခံရတာတွေ အနက် တခုကို ပြရမယ်ဆိုရင် ၁၉၇၄ခုနှစ်မှာ ဖြစ်ပါတယ်။ အဲဒီခုနှစ်မှာ အချင်းချင်း ညီညွတ်မှု မတည်ဆောက်နိုင်ကြတဲ့ မန်းဘဇံ ဦးဆောင်တဲ့ KNUPနဲ့ ဗိုလ်ချုပ်မြဦးဆောင်တဲ့ KPLAတို့ စည်းလုံးမှု ပြန်လည် တည်ဆောက်နိုင်ခဲ့ပြီး နှစ်အတန်ကြာ ဖြစ်ပွားခဲ့တဲ့ ပဍိပက္ခကို အဆုံးသတ် သွားစေခဲ့တာ သာမကပဲ ၉ကြိမ်မြောက် ကွန်ဂရက်ကို ပြန်လည်ကျင်းပကာ KNU အဖြစ် တဖွဲ့ထဲ ပြန်လည် ရပ်တည်ခဲ့ကြတဲ့ သမိုင်းမော်ကွန်းပဲ ဖြစ်ပါတယ်။ (အောက်ပုံ)  ဒါကြောင့် လက်ရှိ ကရင်လက်နက်ကိုင် အဖွဲ့တွေရဲ့ လုပ်ဆေင်ကြိုးပမ်းမှုတွေကနေ ယခင် ၇၄ခုနှစ်က မန်းဘဇံနဲ့ ဗိုလ်ချုပ်မြတို့ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေလို ဖြစ်လာစေဖို့ ကရင်ထုတရပ်လုံးက ပူးပေါင်းပါဝင်ကြရန်မှာ သမိုင်းပေး တာဝန်တရပ်ပင် ဖြစ်ပါတယ်။


ကိုယ့်မှာ လေးနှင့် မြားတွေ အစုံအလင် ရှိနေပြီး အင်အားတရပ် သုံးတတ်ဖို့သာ လိုသည်။
အဲခေါင်သောင့်
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment