Thursday, June 21, 2012

ကေအိုင်အိုနှင့်​ အစိုရတပ် တိုက်ပွဲဆက်ဖြစ်

  

ကေအိုင် အေ ရဲ ဘော်တဦး (Photoး Ryan Libre / DAA)

ငြိမ်း​ချမ်း​ရေး​ဆွေး​ နွေး​ပွဲ ဆက်လုပ်နိုင်ဖို့​ ​ကေအိုင်အို ကချင်လွတ်​မြောက်​ရေး​ အဖွဲ့​နဲ့​ အစိုး​ရငြိမ်း​ချမ်း​ရေး​ ကိုယ်စား​လှယ်​တွေ အလွတ်သ​ဘော ​တွေ့​ဆုံခဲ့​ပြီး​နောက် တိုက်ပွဲ​တွေ ဆက်လက်ဖြစ်ပွား​နေပါတယ်။
ကချင်လွတ်လပ်​ရေး​အဖွဲ့​ (​ကေအိုင်အို) နဲ့​ အစိုး​ရ ငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်မှု လုပ်ငန်း​ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦး​အောင်မင်း​ ဦး​ဆောင်တဲ့​အဖွဲ့​ တရုတ်-မြန်မာ နယ်စပ် မိုင်ဂျာယန်မှာ ဇွန် ၁၉ ရက်နဲ့​ ၂၀ ရက်​တွေမှာ ဆက်တိုက် ​ဆွေး​နွေး​ကြတယ်လို့​ ​ကေအိုင်အို ​ပြောခွင့်​ရ ဦး​လနန်း​က ​ပြောပါတယ်။
ဆွေး​နွေး​ပွဲနဲ့​ ပတ်သက်လို့​ အ​သေး​စိတ်ထုတ်ပြန်ဖို့​ မရှိ​သေး​ဘူး​လို့​ ဦး​လနန်း​က ​ပြောပါတယ်။
အပစ်အခတ်ရပ်စဲ​ရေး​၊​ ငြိမ်း​ချမ်း​ရေး​တွေ ရရှိဖို့​အတွက် ဗိုလ်မှူး​ကြီး​ သန်း​အောင် ဦး​ဆောင်တဲ့​ ကချင်ပြည်နယ်အစိုး​ရနဲ့​ ၂ ကြိမ်၊​ ဝန်ကြီး​ ဦး​အောင်​သောင်း​ ဦး​ဆောင်တဲ့​ အစိုး​ရငြိမ်း​ချမ်း​ရေး​ ကိုယ်စား​လှယ်နဲ့​ ၃ ကြိမ် တရား​ဝင် ​တွေ့​ဆုံခဲ့​ပြီး​ ရထား​ဝန်ကြီး​ ဦး​အောင်မင်း​ ဦး​ဆောင်တဲ့​အဖွဲ့​နဲ့​တော့​ အလွတ်သ​ဘော ၄ ကြိမ် ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​တာပါ။
တရား​ဝင်​ဆွေး​နွေး​ပွဲ​ တွေ ဘယ်​တော့​လုပ်ဖြစ်မယ် ဆိုတာ​တော့​ မသိနိုင်​သေး​ဘဲ အစိုး​ရကိုယ်စား​လှယ် ဦး​အောင်​သောင်း​နဲ့​ ​ဆွေး​နွေး​စဉ်က အပစ်အခတ်ရပ်စဲဖို့​ ကိစ္စကို ဦး​တည်​ပြောသလို ​ကေအိုင်အိုဘက်က​တော့​ ၁၉၉၄ ခုနှစ် ကတည်း​က အပစ်ရပ်ပြီး​ပြီဖြစ်လို့​ နိုင်ငံ​ရေး​ဆွေး​နွေး​ဖို့​ တင်ပြ​ဆွေး​နွေး​ပြီး​ အ​ဖြေ​ရေ​ရေရာရာ မရှိဖြစ်ခဲ့​တာပါ။
ဦး​အောင်မင်း​ဟာ ကရင်၊​ ကရင်နီ၊​ ရှမ်း​နဲ့​ မွန်စတဲ့​ လက်နက်ကိုင် တိုင်း​ရင်း​သား​အဖွဲ့​တွေ အ​တော်များ​များ​ကို အပစ်အခတ်ရပ်စဲ​ရေး​ လက်မှတ်​ရေး​ထိုး​နိုင်ခဲ့​သူ ဖြစ်ပါတယ်။
အပစ်အခတ်ရပ်စဲ​ရေး​ လက်မှတ်​တွေ ထိုး​နိုင်​ပေမယ့်​လည်း​ ရှမ်း​ပြည်တပ်မ​တော်နဲ့​ အစိုး​ရတပ်​တွေအကြား​ အပစ်ရပ်ပြီး​ကာမှ တိုက်ပွဲ​တွေ ပြန်ဖြစ်​နေပါတယ်။
ဒီတိုက်ပွဲ​တွေနဲ့​ ပတ်သက်လို့​ ဦး​လနန်း​က အပစ်ရပ်စဲ​ရေး​မှာ ခိုင်မာဖို့​ နိုင်ငံတကာ ​စောင့်​ကြည့်​ရေး​အဖွဲ့​ရှေ့​မှာ လက်မှတ်ထိုး​သင့်​တယ်လို့​ ​ပြောပါတယ်။
“သ​ဘောတူညီချက်တခု ရဖို့​အတွက်​တော့​ အဓိက ပထမဦး​စား​ပေး​အ​နေနဲ့​ သူတို့​ရဲ့​ လက်နက်ကိုင်တပ်ဖွဲ့​တွေအား​လုံး​ အရင် ရုပ်သိမ်း​ရမယ်။ ဒုတိယအဆင့်​က​တော့​ သ​ဘောတူညီချက် တခုလုပ်တဲ့​အခါမှာ နိုင်ငံတကာက​နေပြီး​တော့​ သက်​သေအများ​ကြီး​ ပါရမယ်။ ခိုင်ခိုင်လုံလုံဖြစ်ရမယ်။ ဒီပြဿနာ​တွေ၊​ ဒီတိုက်ခိုက်မှု​တွေက အခုမှ ​ပေါ်လာတဲ့​တိုက်ခိုက်မှု​တွေ မဟုတ်ဘူး​။ ဒါ​တွေက ရာစုနှစ်တဝက်​ကျော် တိုက်ခိုက်မှု​တွေ ဖြစ်တဲ့​အတွက်​ကြောင့်​ ဒီကိစ္စမှာ ခိုင်ခိုင်မာမာ ဖြစ်ဖို့​က​တော့​ နိုင်ငံတကာ ​စောင့်​ကြည့်​ရေး​အဖွဲ့​တွေ ပါကို ပါရမယ်ခင်ဗျ။ မပါသ​ရွေ့​က​တော့​ အပစ်ခတ်ရပ်စဲ​ရေး​ လုပ်တာပဲ ဖြစ်ဖြစ်၊​ လက်မှတ်​ရေး​ထိုး​တာပဲ ဖြစ်ဖြစ် ဘာမှ ခိုင်မှာမှု ရှိမှာ မဟုတ်ဘူး​ခင်ဗျ။”
ကေအိုင်အိုနဲ့​ အစိုး​ရဝန်ကြီး​ ​တွေ့​ဆုံညှိနှိုင်း​နေတဲ့​အချိန် တဘက်မှာလည်း​ ​နေ့​စဉ် တိုက်ပွဲဖြစ်​နေသလို ဇွန် ၂၀ ရက်​နေ့​ တရက်တည်း​တင် ​ကေအိုင်​အေ တပ်မဟာ ၁၊​ ၂ နဲ့​ ၅ ​တွေမှာ တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွား​ခဲ့​တယ်။
ကေအိုင်​အေ တပ်မဟာ ၄ က တရုတ်နယ်စပ် ကြူကုတ်မြို့​နယ် ပန်ဆိုင်း​ရဲစခန်း​ကို ဇွန် ၁၇ ရက်​နေ့​က ဝင်ပစ်ခတ်ခဲ့​ကြောင်း​နဲ့​ နယ်​မြေခံရဲ​တွေက မူး​ယစ်​ဆေး​ဝါး​ရောင်း​ဝယ်မှုကို လျစ်လျူရှုထား​တာ၊​ လာဘ်​ပေး​လာဘ်ယူမှု​တွေ ရှိ​နေတာ​ကြောင့်​ ဖြစ်တယ်လို့​ ဦး​လနန်း​က ​ပြောပါတယ်။
နယ်ခြား​စောင့်​ တပ်လက်မခံတဲ့​ ​ကေအိုင်​အေနဲ့​ အစိုး​ရတပ်ကြား​ တိုက်ပွဲ​တွေ ဖြစ်ပွား​ခဲ့​တာ ဒီလ ၁၉ ရက်​နေ့​က ၁ နှစ်တင်း​တင်း​ပြည့်​ခဲ့​ပါပြီ။
သတင်း-ဒီဗီဘီ
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment