Wednesday, June 13, 2012

သြစီရောက် ရိုဟင်ဂျာဆိုသူတွေ မြန်မာသံရုံးရှေ့ သွားရောက် ဆန္ဒပြ

 

သြစီ မြန်မာသံရုံးပုံ
လက်ရှိ ဖြစ်ပေါ်နေသည့် ရခိုင်ပြည် အရေးအခင်းနှင့် ပတ်သက်ပြီး သြစတြေးလျား နိုင်ငံရောက် ရိုဟင်ဂျာတွေက မြန်မာ သံရုံးရှေ့မှာ ယနေ့ သွားရောက် ဆန္ဒပြခဲ့ကြသည်ဟု စုံစမ်း သိရှိရသည်။ 

သြစတြေးလျားနိုင်ငံ ဆစ်ဒနီမြို့ အခြေစိုက် ရိုဟင်ဂျာအရေး လှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့တခုက ကမကထ ပြုလုပ်ခြင်း ဖြစ်ပြီး ဆစ်ဒနီမြို့မှ သြစတြေးလျား အစိုးရ ရုံးစိုက်ရာ ကမ်ဘာရာမြို့ကို ဒေသစံတော်ချိန် ၆နာရီကနေ လူဦးရေ သုံးဆယ်ကျော် ထွက်ခွာကာ ယခုလို သွားရောက် ဆန္ဒ ပြသခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။ 

ဘယ်လို ရည်ရွယ်ချက်ဖြင့် ယခုလို သွားရောက် ဆနပြရသည်ကို ထုတ်ဖော် ပြောဆိုခြင်း မရှိသော်လည်း လက်ရှိ ဖြစ်ပေါ်နေသည့် ရခိုင်ဒေသ အရေးအခင်းကို အစိုးရက မှန်မှန်ကန်ကန်ဖြင့် အကောင်းဆုံး ကိုင်တွယ် ဆောင်ရွက်သွားရန်နှင့် အမြန်ဆုံး ရပ်တန့်သွားအောင် ဆောင်ရွက်ပေးရန်တို့အတွက် ဆန္ဒဖော်ထုတ် ပြသသွားရန် ရှိသည်ဟု သွားရောက် ဖော်ထုတ်သူ တဦးက ဆိုသည်။  

Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment