Saturday, June 9, 2012

နှလုံးသားရှိမှကြည့်ပါတဲ့



ကို အောင် ခင် မြင့် ဖိတ် ဘွတ် က ကူး ထားတာ ပါ။

သင့်မှာ စာနာတတ်တဲ့ နှလုံးသားရှိရင် ဒီဗွီဒီယိုဖိုင်ကို ကြည့်ပါ .....
မေလ ၃၀ ရက်နံနက်က အလုပ်သမားဆန္ဒပြမှုတွေဖြစ်နေတဲ့ လှိုင်သာယာစက်မှုဇုံ ကို
ကိုမင်းကိုနိုင်ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေ၊မြန်မာနိုင်ငံလူငယ်များအစည်းအရုံးက
လူငယ်တွေ ရောက်ရှိလာကြပြီး ဆန္ဒပြမှုတွေမပြီးသေးတဲ့ စက်ရုံအချို့ကစက်ရုံဝန်ထမ်းများကို
အားပေးစကားပြောကြားခဲ့ကြပါတယ်။
ဆန္ဒပြနေကြတဲ့ အလုပ်သမား(အများအားဖြင့်အမျိုးသမီးများ)များအတွက် မြန်မာနိုင်ငံလူငယ်များ
အစည်းအရုံးကဦးဆောင်ပြီး မေလ ၂၉ ရက်နေ့က ရုပ်ရှင်၊ဂီတ နဲ့စာပေ အနုပညာရှင်တွေဆီက
အလှူခံရရှိခဲ့တဲ့ ငွေကြေးနဲ့စားစရာတွေကို စက်ရုံများအားခွဲဝေပေးခဲ့ပါတယ်။
(အလှူရှင်တွေကတော့ ရုပ်ရှင်နဲ့ဂီတအနုပညာရှင် ထွန်းအိန္ဒြာဗို၊ တေးသံရှင်အနဂ္ဂ၊သံသာဝင်း၊
စာရေးဆရာမသန်းမြင့်အောင်)
စက်ရုံတွေမှာ စာသင်ခန်းထဲမှာရှိနေရမယ့် အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေကိုပါ
မြင်တွေ့ခဲ့ကြရပါတယ်။
မိန်ခလေးငယ်တွေရဲ့မျက်ရည်တွေကိုသုတ်ပေးဖို့ကြိုးစားရင်းသူကိုယ်တိုင်ပါမျက်ရည်ကျလုကျခင်
ဖြစ်နေတဲ့ ကိုမင်းကိုနိုင်ပါ။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment