Saturday, July 14, 2012

ကချင်တွေ ဘာလို့ လက်နက်ကိုင်တော်လှန်လဲ

ကချင်တွေ ဘာလို့ လက်နက်ကိုင်တော်လှန်လဲ
Duwa Kachin

အခုတလော KIA ငြိမ်းချမ်းရေး Issue က တော်တော် Hot နေတာ သတိထားမိတယ်။ ဒီနေ့ ဇွန်လ ၉ ရက် ဆိုရင် ဗမာစစ်တပ် ထိုးစစ်ဆင်တာကို KIA ခုခံနေတာ တနှစ်တင်းတင်းပြည့်တဲ့နေ့ ဖြစ်တယ်။

အချို့က KIA ကို “လွှတ်တော်နိုင်ငံရေးကို လက်ခံလိုက်ပါ၊ ပြီးတော့ လွှတ်တော်ထဲ ၀င်ပါလား” လို့ ပြောကြပါတယ်။ ဒီတော့ ဖြစ်ပျက်ခဲ့တာလေး နည်းနည်း ပြန်နွှေးလိုက်တာပေါ့။

KIO ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးအတွက် တောက်လျှောက် ညီလာခံတက်ခဲ့တယ်။ မြန်မာနိုင်ငံသားအားလုံးအတွက် အကျုံးဝင်မယ့် ဒီမိုကရေစီလမ်းစဉ် အချက် ၁၉ ချက် ကိုလည်း တင်ပြခဲ့တယ် (KIO 19 Points Proposal: http://www.ibiblio.org/obl/docs4/KIO_proposal.pdf) ။ သို့သော် မှတ်တမ်းတင်ထားပေးမယ် ဆိုတာနဲ့ပဲ ဖယ်ထားခံခဲ့ရတဲ့အပြင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးက “တောင်ပေါ်ကို ပြန်ကန်ထုတ်ခံရမယ်” လို့တောင် ခြိမ်းခြောက်လိုက်တယ် ဆိုပဲ (Burma at Crossroads: http://www.encburma.net/index.php/polocy-papers/37-policypapers/108-lian-h-sakhong-burma-at-crossroads.pdf) ။ KIO ခေါင်းဆောင်တွေဟာ ဗမာစစ်ခေါင်းဆောင်တွေနဲ့ တွေ့တိုင်း ကြုံရင် ကြုံသလို တမျိုး၊ တရားဝင်နည်းလမ်းက တဖုံ၊ မြန်မာ့နိုင်ငံရေးမှာ ကချင်လူမျိုးများရဲ့ အခန်းကဏ္ဍအကြောင်း ပြောတိုင်း ကျနော်တို့က စစ်သား၊ နောင်တက်လာမယ့် အရပ်သားအစိုးရနဲ့ နိုင်ငံရေးစကား ပြောကြပါ လို့ပဲ စကားလွှဲတတ်ကျတယ်တဲ့လေ။ ဒီတော့ ယောက်ျားစကားပဲ၊ တက်လာမယ့် အစိုးရလွှတ်တော်မှာ ပါဝင်နိုင်ရေး ကြိုးစားတဲ့အနေနဲ့ KSPP (Kachin State Progressive Party: http://www.mizzima.com/political-pro/new-parties/kspp.html) မှာ KIO ခေါင်းဆောင်တချို့ မိခင်အဖွဲ့အစည်းက တရားဝင် နုတ်ထွက်ပြီး ပါတီဝင်တယ်။ အဲဒီပါတီက မှတ်ပုံတင်ကျမလာ (http://burmapartnership.org/2010elections/2010/09/ec-rejects-individual-kachin-candidates/) ။ ဘာပဲဖြစ်ဖြစ် အစိုးရဖွဲ့ရင်တော့ တခုခုတော့ ထူးခြားမှာပဲဆိုပြီး တက်လာတဲ့ အစိုးရနဲ့ နိုင်ငံရေးစကားပြောဖို့ KIO စောင့်နေရင်းနဲ့ပဲ အခုလို ထိုးစစ်ဆင်တာ ခံလိုက်ရတာပါပဲ။

“သေနတ်နဲ့ ခြိမ်းခြောက်တဲ့ ငြိမ်ဝပ်ပိပြားရေးဟာ ငြိမ်းချမ်းရေးမဟုတ်ဘူး။ ခြိမ်းခြောက်တာ ကြောက်မယ်ဆိုရင် ကချင်လူမျိုးတွေ အစကတည်းက လက်နက်ကိုင်တော်လှန်ရေး မစခဲ့ဘူး။ ခြိမ်းခြောက်တာ ခံပြင်းလွန်းလို့ကို လက်နက်ကိုင်လာတာပဲ။ လက်နက်ကိုင်လို့ ကချင်ရွာ မီးရှို့တယ် မပြောနဲ့၊ ကချင်တွေ ဘာမှ လက်နက်မကိုင်ခင် ကတည်းက မုဒိမ်းကျင့်၊ စော်ကားမော်ကား ဆက်ဆံ၊ ဘာသာရေး၊ လူမျိုးရေးအရ ခွဲခြားဆက်ဆံတယ်။ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ဆောက်ဖို့ ဘယ်တော့မှ ဆောက်မိန့်ကျတယ် မရှိဘူး။ တချို့နေရာဆို ဘုရားကျောင်းလို့ နာမည်မတပ်ရလို့တောင် လာခြိမ်းခြောက်သေး။ ဗုဒ္ဓဘာသာ စေတီများကျတော့ နိုင်ငံတော်အကြီးအကဲ ဆိုသူများကိုယ်တိုင် နိုင်ငံတော်အခမ်းအနားပုံစံ ပြုလုပ်ပေးတယ်။”

ထိုးစစ်ဆင်တာကို တာလီမြစ်ရေအားလျှပ်စစ်ကြောင့်ရယ်လို့ အများက ထင်ကြတယ်။ စစ်အစိုးရက အရင်ကတည်းက KIA ကို အမြစ်ပြတ်ချေမုန်းဖို့ပဲ။ ဒီတော့ KIA ကို နယ်ခြားစောင့်တပ် (Boarder Guard Force) ပြောင်းဖို့ အတင်းအဓမ္မ ကချင်လူမျိုးတွေရဲ့ ဆန္ဒမပါဘဲ တွန်းပို့တယ် (The Kachins' Dilemma: http://euro-burma.eu/doc/EBO_Analysis_Paper_No_2_2010_-_The_Kachin%27s_Dilemma.pdf) ။ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၁ ထိ ခဏဏ ကြားခဲ့ရတဲ့ ဗမာစစ်တပ်ရဲ့ ရာဇသံ (BGF Deadline) ကို နိုင်ငံရေးလေ့လာတဲ့ လူအားလုံး ကြားမိပါလိမ့်မယ်။ ဟိုးအရင့်အရင် ကတည်းကလည်း ကြားလည်းမကြားဘူး၊ ကြိုလည်းပြောမထားတဲ့ BGF အစီအစဉ်က (ဘဘကြီးရဲ့ စေတနာ ဆိုပြီး လာပေးတဲ့ BGF အစီအစဉ်) KIO ခေါင်းဆောင်များလည်း ဘာလုပ်ရမှန်းမသိ၊ စစ်လည်း ပြန်မတိုက်ချင်။ သူတို့ စိတ်ကူးထားတာတော့ လွှတ်တော်နိုင်ငံရေးနဲ့ တဖြည်းဖြည်းချင်း အခြေခံဥပဒေပြင်ပြီး စိတ်ချရတဲ့အချိန် လက်နက်အားလုံး အပ်လိုက်မယ်။ အခုတော့ ဘာမှန်းမသိ ညာမှန်းမသိ BGF လုပ်ပါဆိုတော့ ကချင်နိုင်ငံရေး အတိုင်ပင်ခံအစည်းအဝေး ချက်ချင်း ကျင်းပရတယ်။ BGF လက်ခံမလားဆိုတော့ ကချင်ပြည်သူတွေ၊ အထူးသဖြင့် လူငယ်တွေက ခါးခါးသီးသီး ငြင်းကြပါလေရော (Kachins vow to resist Junta pressure: http://kachinpost.com/news2009/Sept06.html), (http://asiancorrespondent.com/60135/burma-kachin-people-reject-ceasefire-without-political-talks/) ။ မင်းတို့ ခေါင်းဆောင်ပိုင်း မြို့ပေါ်မှာ တိုက်တာအဆောက်အအုံနဲ့ ချမ်းချမ်းသာသာ ဇိမ်ရှိရှိ နေနေတာကို နှမြောရင် နုတ်ထွက်ကြ၊ လူငယ်တွေ ဆက်လုပ်မယ်လို့ ၀ိုင်းပြောတော့ KIA ခေါင်းဆောင်များက မဖြစ်သင့်တာ မဖြစ်ရလေအောင် အတတ်နိုင်ဆုံး ပဋိပက္ခမဖြစ်အောင် သူတို့ပဲ ဆက်ထိန်းမယ်ပေါ့။ အတတ်နိုင်ဆုံး စစ်ပွဲရှောင်ချင်တဲ့သဘော ...။

သို့သော် ၂၀၁၁ ဇွန်လ ၉ ရက်နေ့မှာတော့ ဗျူဟာမှူးကိုယ်တိုင် KIA ထိန်းချုပ်နယ်မြေထဲ ရေအားလျှပ်စစ်လုပ်ငန်းခွင် ခဏ၀င်ကြည့်မယ် အကြောင်းပြပြီး ခွင့်တောင်းဝင်တယ်။ ပြီးတော့ ပြန်မထွက်တော့ဘူး။ အဲဒီအကွက်ကို KIA ဗိုလ်ချုပ်ဂမ်ရှောင်က ကလေးအကွက်လို့ နာမည်တပ်ပေးလိုက်တယ်တဲ့။ အဲ့ထဲကနေကို ကွပ်ကဲပြီးတော့ KIA ကို စတိုက်တော့တာပဲ။ နောက်တော့ သူလည်း တင်ပါးနဲ့ ခြေဖနောင့် တသားတည်း ပြေးပါလေရော။ ပြီးတော့ KIA ဆက်ဆံရေးရုံးဝန်ထမ်းကို ဖမ်း၊ စစ်သုံ့ပန်းလဲလှယ်မယ်ဆိုတော့ ရစရာမရှိအောင် နှိပ်စက်ပြီး အသေကောင်ပြန်ပေး ... သူတို့ရဲ့ သုံ့ပန်းကျတော့ မှဲ့တစက်မစွန်း ပြန်ပေးတယ် (သတင်းဖတ်ရန် http://www.mizzima.com/special/kachin-battle-report/5406-burmese-government-not-following-international-policy-on-captives.html) ။ ပြီးတော့ အနီးအနားရှိတဲ့ ရွာတွေကို ဒုက္ခ စ ပေးတော့တာပဲ။ အခုလိုင်ဇာမှာ ခိုလုံနေတဲ့ ဒုက္ခသည် အများပိုင်း အစိုးရထိန်းချုပ်နယ်ဘက်က ပြေးလာတဲ့ လူတွေချည်းပဲ။ (Crimes in Northern Burma: http://partnersworld.org/usa/images/stories/crimes_in_northern_burma/crimes_in_northern_burma.pdf) (Burma: Committing Abuses in Kachin State: http://www.law.yale.edu/Burma.Army_Committing_Abuses_in_Kachin_State.pdf) (Burma: Untold Miseries: http://www.hrw.org/features/burma-untold-miseries).

ဒီတော့ ဘယ်မလဲ လွှတ်တော်ထဲ KIO ၀င်မဲ့လမ်း။ KIO မပြောနဲ့ KSPP ဆိုတာ ကချင်လူမျိုးများပါတီပဲ၊ KIO ထွက် တယောက် နှစ်ယောက် ပါတာကလွဲလို့ အားလုံး မြို့ပေါ်က ရပ်မိရပ်ဖ ကချင်၊ ရှမ်း နိုင်ငံရေးသမားတွေနဲ့ ဖွဲ့ထားတဲ့ ဒီမိုကရေစီစစ်စစ်ပါတီကို ဘာလို့ ပါတီမှတ်ပုံတင် မပေးလဲ။

တချို့က KIA ဘာ တောင်းဆိုနေမှန်း မသိဘူးလို့လည်း ဆိုလေရဲ့။ KIA တောင်းဆိုနေတာ မသိသေးဘူးဆိုရင် ပြောပြမယ်။ KIA ဆိုတာ KIO ရဲ့ စစ်တပ်ပဲ ရှိသေးတယ်။ KIO မှာ ကချင်နိုင်ငံရေးအဖွဲ့တွေ ရှိတယ်။ နိုင်ငံရေးအကြံပေးအဖွဲ့၊ ကျန်းမာရေး၊ ပညာရေး၊ ပြည်သူ့ရဲ၊ စည်ပင်သာယာရေး၊ လူဝင်မှုကြီးကြပ်ရေး၊ အမျိုးသမီးရေးရာ၊ လူငယ်၊ အားလုံးစုံတယ် ... ကချင်အစိုးရပဲ။ ဒီတော့ ကချင်ပြည်နယ်ဟာ ဒီလောက် ခိုင်ခိုင်မာမာရှိနေတဲ့ ကချင်နိုင်ငံရေးအဖွဲ့က အုပ်ချုပ်ခွင့်တောင်းနေတာ တရားသလား၊ မတရားဘူးလား ဆိုတာ တခုတည်း ပြောကြည့်ပါ။ ဒါတောင် သီးသန့်နိုင်ငံ ခွဲထွက်ဖို့ မဟုတ်ဘူး။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပဲ တောင်းတာ။ မြန်မာ့အလင်း (ကချင်အတွက်အမှောင်) ပဲ ဖတ်ရင်တော့ KIA ဘာတောင်းဆိုခဲ့တယ် ဆိုတာ ဘယ်သိမလဲ။

လွန်ခဲ့တဲ့ ၁၇ နှစ်တုန်းက အပစ်အခတ် ရပ် လက်မှတ်ထိုးထားတာ KIA က တခါမှ ချိုးဖောက်ခဲ့တာ မရှိဘူး။ ရှမ်းပြည်မြောက်ပိုင်းမှာ KIA စစ်သားတွေကို ငြိမ်းချမ်းရေးကာလမှာ လက်နက်မဲ့ အသားလွတ် ဥပဒေမဲ့ ပစ်သတ်လိုက်တာ နှစ်ခါတောင် သည်းခံခဲ့သေးတယ်။ အခုလည်း စပြီး ထိုးစစ်ဆင်တာ KIA မဟုတ် ဗမာစစ်တပ်က ဖြစ်တယ်။ အခုထိ စစ်ကြောင်းမထိုးရင် သို့မဟုတ် ထိုးစစ်မဆင်ရင် ငြိမ်းချမ်းနေပြီးသား၊ အပစ်ရပ်နေပြီးသားပဲ။ KIA က ကျူးကျော်စစ် တခါမှလည်း မဆင်နွှဲသေးဘူး။ ဒီတော့ ဘာအတွက် အပစ်ရပ် လက်မှတ်ထပ်ထိုးစရာရှိလဲ။ လက်မှတ်ထိုးထားလည်း စစ်တပ်က နောက်ကြောကို ဓားနဲ့ ၀င်ထိုးနေတာ ဒီတိုင်း ခံလိုက်ရမှာလား။ အခုလည်း မသေမချာ ငြိမ်းချမ်းရေးကိုယ်စားလှယ် ဆိုတဲ့လူတွေက တဘက်မှာ တမျိုးပြော၊ အစိုးရသတင်းစာမှာ တမျိုးရေး၊ စစ်တပ်က တမျိုးလုပ်၊ ဘာကို ယုံရမှန်းမသိ (ဗိုလ်ချုပ် ဂမ်ရှောင် ပြောစကား : http://www.youtube.com/watch?v=xuVi1gLnUJ8&feature=related) စဉ်းစားပေါ့။ ဒီတော့ တိုင်းရင်းသားလက်နက်ကိုင် ဆိုတိုင်း လူဆိုးစာရင်းထဲ အတင်းအဓမ္မ တွန်းထည့်နေရုံလောက်ပဲ ကြိုးစားနေသမျှ ဘာငြိမ်းချမ်းရေးမှ ဖြစ်လာမှာ မဟုတ်ပါ။

KIA ဆိုတာ မသိနားမလည်တဲ့ လူမိုက်အုပ်စုက ဦးဆောင်နေတာ မဟုတ်ဘူး။ KIO ကို စတည်ထောင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေဟာ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေ ဖြစ်တယ်။

KIA ခေါင်းဆောင်ဟောင်း ဆရာကြီး ဦးဘရန်ဆိုင်းဆိုတာ မြစ်ကြီးနားက နှစ်ခြင်းခရစ်ယာန် အထက်တန်းကျာင်း (နောက်ပိုင်း ဆရာ အတတ်သင်ကျောင်း ဖြစ်သွားတဲ့ ကျောင်း) ကျောင်းအုပ်ပဲ။ မြစ်ကြီးနားက အထက ကျောင်းတွေမှာ ဆရာ၊ ဆရာမ ကြီးတွေလုပ်နေတဲ့ ပုဂ္ဂိုလ်တော်တော်များများ သူ့တပည့်ဟောင်းတွေ ဖြစ်တယ်။ အခုလက်ရှိ KIO ဥက္ကဌ ဦးဇောင်းဟခ်ရာလည်း ပါတီစုံခေတ် ဆွမ်ပရာဘွမ် ခရိုင်တောင်ချုပ်ဟောင်းဖြစ်တယ်။ ဗိုလ်ချုပ်ဂမ်ရှောင်၊ ဗိုလ်ချုပ်ဂွမ်မော် တို့ဆိုတာ တက္ကသိုလ်ဘွဲ့ရပြီး KIA ထဲ ကိုယ့် သဘောနဲ့ကိုယ် ၀င်ခဲ့တာဖြစ်တယ်။ အခုလက်ရှိ KIA ဗိုလ်လောင်းကျောင်းဆင်းအားလုံး ဘွဲ့ရများဖြစ်တယ်။ တချို့ဆို နိုင်ငံခြားပညာတော်သင် ဘွဲ့ရထားတာ English လို ကောင်းကောင်း ဖတ်တတ်တယ်၊ ပြောတတ်တယ်။

ဒီတော့ KIA ဘာလိုချင်လဲ။ ထာဝရငြိမ်းချမ်းရေး လိုချင်တယ်။ အပစ်အခတ်ရပ်ရုံနဲ့ မပြီးဘူး။ ထာဝရငြိမ်းချမ်းရေး ဆိုတာ တရားမျှတမှုမှာ အခြေခံတယ်။ တရားမျှတမှုဆိုတာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မှာ အခြေခံတယ်။ ဒါဟာ ဖယ်ဒရယ် (Federal) ဖြစ်တယ်။ ဖယ်ဒရယ်ကို မသိကျိုးကျွံပြုထားတဲ့ ကာလပတ်လုံး မြန်မာပြည် ဘယ်တော့မှ မငြိမ်းချမ်းဘူး။ ဖယ်ဒရယ်ဟာ ခွဲထွက်ရေးမဟုတ်ဘူး။ ဗဟိုချုပ်ကိုင်မှုစနစ် လျှော့ချရေး (Decentralization) သာဖြစ်တယ်။ လွတ်လပ်စွာ အတူရှင်တွဲနေထိုင်ရေးမူ ဖြစ်တယ်။ သူ့မြို့၊ သူ့ရွာ၊ ကိုယ့်မြို့ကိုယ့်ရွာ အုပ်ချုပ်ရေး အာဏာပိုင် ကိုယ်တိုင်ဖွဲ့စည်းရေးသာဖြစ်တယ်။ အမေရိကန်လည်း ဖယ်ဒရယ်ဖြစ်တယ်။ ဥရောပနိုင်ငံအားလုံး ထိုင်းနိုင်ငံအဆုံး ဖယ်ဒရယ်ဖြစ်တယ်။ မကောင်းတာ ဘာမှမရှိဘူး။

သေနတ်နဲ့ ခြိမ်းခြောက်တဲ့ ငြိမ်ဝပ်ပိပြားရေးဟာ ငြိမ်းချမ်းရေးမဟုတ်ဘူး။ ခြိမ်းခြောက်တာ ကြောက်မယ်ဆိုရင် ကချင်လူမျိုးတွေ အစကတည်းက လက်နက်ကိုင်တော်လှန်ရေး မစခဲ့ဘူး။ ခြိမ်းခြောက်တာ ခံပြင်းလွန်းလို့ကို လက်နက်ကိုင်လာတာပဲ။ လက်နက်ကိုင်လို့ ကချင်ရွာ မီးရှို့တယ် မပြောနဲ့၊ ကချင်တွေ ဘာမှ လက်နက်မကိုင်ခင် ကတည်းက မုဒိမ်းကျင့်၊ စော်ကားမော်ကား ဆက်ဆံ၊ ဘာသာရေး၊ လူမျိုးရေးအရ ခွဲခြားဆက်ဆံတယ်။ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ဆောက်ဖို့ ဘယ်တော့မှ ဆောက်မိန့်ကျတယ် မရှိဘူး။ တချို့နေရာဆို ဘုရားကျောင်းလို့ နာမည်မတပ်ရလို့တောင် လာခြိမ်းခြောက်သေး။ ဗုဒ္ဓဘာသာ စေတီများကျတော့ နိုင်ငံတော်အကြီးအကဲ ဆိုသူများကိုယ်တိုင် နိုင်ငံတော်အခမ်းအနားပုံစံ ပြုလုပ်ပေးတယ်။

ကချင်ခရစ်ယာန်စာသင်ကျောင်းတွေ အတင်းအဓမ္မ သိမ်းတယ်။ လက်ရှိ မြစ်ကြီးနားမြို့ပေါ်ရှိ နာမည်ကြီး အထက်တန်းကျောင်းအားလုံး ခရစ်ယာန်စာသင်ကျောင်းတွေဖြစ်တယ်။ လက်ရှိ ပညာရေးကောလိပ်အစ၊ ကွန်ပြူတာကောလိပ်အဆုံး ခရစ်ယာန်တွေဆီက သိမ်းထားတာဖြစ်တယ်။ ကချင်စာလည်း သင်ခွင့်မရှိတော့ဘူး။ တကယ်တော့ အခုထိ ဗမာအစိုးရလက်ထက် ဆောက်ပေးတာ ဘာမှမရှိဘူး။ လက်ရှိ ကြံ့ဖွံ့ခေါင်းဆောင် ဦးသိန်းဇော်ကိုယ်တိုင် ခရစ်ယာန်စာသင်ကျောင်းမှာ ပညာသင်ပြီး လူဖြစ်လာတာပါ။ မယုံရင် သူ့မေးကြည့်ပါ။ သူ့ဆရာမတွေတောင် အခုထိ ရှိသေးတယ်။

ယဉ်ကျေးမှု စော်ကားခံရ၊ ကချင်တွေမှာ Family name (Htinggaw Mying) ရှိတာကို မကြားဖူးဘူး၊ ရှုပ်တယ်ဆိုပြီး မှတ်ပုံတင်မှာ မထည့်ပေးဘူး။ နိုင်ငံခြားရောက်မှ Family name က အရေးကြီးမှန်း သိလာရ။ ကချင်ပြည်နယ်က တခုတည်းသော မနောပွဲ တနှစ်နေမှ တခါပဲ ကျင်းပခွင့်ရတဲ့ ကချင်ပြည်နယ်နေ့ လုပ်ခွင့်အတွက် နှစ်တိုင်း အဆင့်ဆင့် စာတင်ရတယ်။ ပွဲရက်မှာ အစိုးရရုံး၊ ကျောင်းမပိတ်ပေးဘူး။ ၂၀၀၉ ခုနှစ်မှာလည်း ဗန်းမော်က မနောကွင်း အဖျက်ခံရတယ် (သတင်းဖတ်ရန် : http://bnionline.net/index.php/news/kng/7411-burmese-military-authorities-hamper-preparations-for-kachin-festival.html) ။ မြန်မာစကား မတတ်လို့ ဆိုပြီး အဆဲခံရ၊ အလုပ်လျှောက်လွှာမှာ ကချင်၊ခရစ်ယာန်ဆိုရင် ဘေးဖယ်၊ လက်မခံ၊ ကချင်တွေ ရွေးကောက်ပွဲမှာ ရွေးထားတဲ့ အမတ်က ၀န်ကြီးဖြစ်မလာဘဲ ဦးနုက ကောက်တော်မူတဲ့ တယောက် ၀န်ကြီးတက်ဖြစ် (ကချင်ပြည်နယ် ၀န်ကြီးဟောင်း ဒူဝါဇန်ထဆင်ရဲ့ “ဒီမိုကရေစီ ပြောင်းပြန်” ဖတ်ရန် https://docs.google.com/open?id=1poXW3tZMe6CTJ6uV35xCn0VAFUiyduKI8Bn3Xhl1tQM_70E7UXt1Hj8hIVxO) ။ ကချင်တွေပိုင်တဲ့နယ် ဖီမော်၊ ကော်လန် ကန်ဖန် ဒေသကို ဦးနုက ကချင်လူမျိုးတွေ ကန့်ကွက်နေတဲ့ကြားက တရုတ်ကို ပေးလိုက်တယ်။ မကျေနပ်တဲ့ ကျောင်းသားတွေ ဦးနုကို တွေ့ပြီးပြောတော့ “ငါ--ိုးမသား ခွေးကောင်တွေ အားလုံး ဖမ်းချုပ်လိုက်မယ်” ဆိုပြီး မဖွယ်မရာ ဆက်ဆံတယ် (သွားတွေ့ခဲ့တဲ့ ကျောင်းသားများ ကိုယ်တိုင်ပြောစကား)။ ခရစ်ယာန်ဆိုရင် ရာထူးမတက် (တက္ကသိုလ် အတူတက်တုန်းက ပူတာအိုမှာ ရထားရုံပိုင် အလိုရှိတယ်လို့ ပြောင်နှောက်တာကို ယုံတဲ့ ဗမာ ငတုံးကျတော့ မြို့နယ်မှုးတွေ တက်ဖြစ်) ... အမျိုးမျိုးသော ဖိနှိပ်ချုပ်ချယ်မှုများကို မခံနိုင်လို့ကို လက်နက်ကိုင်လာတာ ...။

ဒီတော့ ငြိမ်းချမ်းရေးကို လိုချင်ပါတယ်ဆိုတဲ့ လူတော်လူကောင်းများ ဒီအရာတွေကို ဘယ်လိုဖြေရှင်းမယ်၊ ဖယ်ဒရယ်ဒီမိုကရေစီ ဘာကြောင့် လိုအပ်တယ်ဆိုတာ အရင်လေ့လာပြီး ငြိမ်းချမ်းရေးစကား စပြောရင် ပိုအဆင်ပြေလိမ့်မယ်လို့ အကြံပြုလိုက်ပါတယ်။

Duwa Kachin
(Kachin Duwa ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ...)
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment