အိန္ဒိယ နိုင်ငံတွင် နှစ်ပေါင်း ၁၀ နှစ် ကျော်ကြာ အကျဉ်းခံခဲ့ပြီးမှ UNHCR အစီအစဉ်ဖြင့် နယ်သာလန် နိုင်ငံကို အခြေချ ရောက်ရှိသွားသည့် ကရင့်တော်လှန်ရေးသမား ၉ဦးကို လွန်ခဲ့သည့် ဇူလိုင်လ ၁ရက်နေ့က နယ်သာလန်ရောက် ကရင်များက အခမ်းအနားဖြင့် ဂုဏ်ပြု ကြိုဆိုခဲ့ကြသည်။
ယခု ကြိုဆိုပွဲကို နယ်သာလန်ရောက် ကရင်လှုမှုအဖွဲ့အစည်းများက ဦးစီးကျင်းပခြင်းဖြစ်ပြီး ကရင့်တော်လှန်ရေး သမားများအတွက် ပထမဦးဆုံး အကြိမ် ကရင်အများစုနှင့် စတင်ထိတွေ့ခွင့် ရခဲ့ရခြင်း ဖြစ်သည်။နယ်သာလန် အစိုးရ၏ ဖိတ်ခေါ်ချက်ဖြင့် အဆိုပါ ကရင်တော်လှန်ရေးသမား အပါအ၀င် အခြား ရခိုင်တော်လှန်ရေးသမား စုစုပေါင်း ၃၁ဦးသည် ဇူလိုင်လ ၁၉ရက်နေ့က အိန္ဒိယက တဆင့် နယ်သာလန် နိုင်ငံကို ထွက်ခွာလာကြခြင်း ဖြစ်သည်။
ယခုအခါ နယ်သာလန် နိုင်ငံတွင် အခြေချနေပြီ ဖြစ်သည့် အဆိုပါ တော်လှန်ရေး သမားများသည် နယ်သာလန် အစိုးရ၏ ဘ၀ပြန်လည် ထူထောင်ရေး အစီအစဉ်ဖြင့် နယ်သာလန် ဘာသာစကားကို စတင် သင်ယူနေပြီဟုလည်း သိရှိရပါသည်။
ထို့အပြင် နယ်သာလန်တွင် အခြေချစဉ်အတွင်း ကရင်တော်လှန်ရေး၊ မြန်မာပြည်အရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆက်လက် ပူးပေါင်း လုပ်ဆောင်သွားရန် ရှိသည်ဟုလည်း အဆိုပါ တော်လှန်ရေး သမားများက ထုတ်ဖော်ပြောဆိုခဲ့ကြသည်။