Thursday, July 19, 2012

ကမ္ဘာတ၀န်းလုံးက ကရင်အမျိုး သမီးလေးတွေအတွက် သတင်းကောင်း

အိန္ဒိယနိုင်ငံမှာ နှစ်ရှည်လများ ဖမ်းဆီး ချုပ်နှောင်ခံရပြီးမှ ယခုလ အစောပိုင်း က နယ်သာလန် နိုင်ငံကို အခြေချ ရောက်ရှိသွားတဲ့ ကရင့်တော်လှန်ရေးသမား ၉ဦးထဲက ၆ဦးဟာ လူပျိုလူလွတ်တွေ ဖြစ်ကြောင်း ကရင့်အရေးနဲ့ အမျိုးသမီးအရေးတွေကို တစိုက်မှတ်မှတ် ဆောင်ရွက်နေတဲ့ နာမယ်ကြီး ကရင်အမျိုးသမီးတဦးဖြစ်သူ နော်ကညောဖောက သူ့ရဲ့ Facebookစာမျက်နှာမှာ ထုတ်ဖော် ကြေညာသွားတာကို တွေ့ရပါတယ်။

ဓါတ်ပုံ-နော်ကညောဖော
ဒါ့အပြင် သူတို့တွေဟာ ကမ္ဘာတ၀န်းလုံးက ကရင်အမျိုးသမီးများအတွက် ဆိုပြီးတော့လည်း သူ့ရဲ့ Facebookထဲမှာ ဆက်လက် ရေးသားထားတာကြောင့် ကမ္ဘာတ၀ှမ်းလုံးက ကရင်အမျိုးသမီးတွေအတွက် ကရင့်အမျိုးသား တော်လှန်ရေးမှာ စွန့်လွတ်အနစ်နာခံ ပေးဆပ်တဲ့ တော်လှန်ရေးသမားတွေရဲ့ ပါရမီ ဖြည့်ဖက်တွေ ဖြစ်လာဖို့ အခွင့်ကောင်း တရပ်လို့ ဆိုရမှာ ဖြစ်ပါတယ်.။

ကရင်အမျိုးသမီးတွေဟာ မိမိတို့ရဲ့ ပတ်ဝန်းကျင်မှာ ရွေးချယ်စရာတွေ အများအပြား ရှိကောင်း ရှိနိုင်သော်လည်း ယခုလို လူမျိုးတူပြီး အမျိုးသား တော်လှန်ရေးအတွက် စွန့်လွတ် အနစ်နာခံသူတွေကို ပိုင်ဆိုင်ခွင့် ရွေးချယ်ခွင့် ရရှိဖို့ဆိုတာ အလွန်ပဲ ရှားပါးနေပါလိမ့်မယ်။

 အတည်ပြုလို့ မရနိုင်သေးတဲ့ စာရေးသူရဲ့ အွန်လိုင်း သတင်းတွေအရ ၆ဦးထဲက တဦးဟာ အိန္ဒိယမှာ ရှိနေစဉ်ကတည်းက ဥရောပက ကရင်အမျိုးသမီး တဦးနဲ့ ချစ်ကျွမ်းဝင်နေကြပြီးလို့ ကြားရတာကြောင့် ဒီသတင်းသာ မှန်ကန်ခဲ့မယ်ဆိုရင် ကျနော်တို့တွေ အားလုံး ၀မ်းမြောက် ကြိုဆိုကြရမည်သာ ဖြစ်ပါတယ်။

သူတို့တွေဟာ အိန္ဒိယ နိုင်ငံမှာ နှစ်ပေါင်း ၁၀ နှစ် ကျော်ကြာ အကျဉ်းခံခဲ့ပြီးမှ UNHCR အစီအစဉ်နဲ့ နယ်သာလန် နိုင်ငံကို အခြေချ ရောက်ရှိသွားတာ ဖြစ်ပြီး ယခုလို ကရင်လူမျိုး အများအပြားနဲ့  ပြန်လည် ထိတွေ့ခွင့် ရတာဟာ သူတို့တွေအတွက် ၁၀နှစ်ကျော်အတွင်းမှာ ပထမဦးဆုံး အကြိမ်ပဲ ဖြစ်ပါတယ်။

ကရင်အမျိုးသားများဟာ ကရင်အမျိုးသမီးများအတွက် ဖြစ်သလို ကရင်အမျိုးသမီးများဟာလည်း ကရင်အမျိုးသားများအတွက်သာ ဖြစ်ရမယ်။
အဲခေါင်သောင့်(ဇူလိုင်လ ၂၀၊ ၂၀၁၂ခုနှစ်) 

နယ်သာလန်ရောက် ကရင့်ခရဇ်ယာန် အသင်းအဖွဲ့တွေရဲ့ ကြိုဆိုပွဲမှာ အဆိုပါ ကရင်တော်လှန်ရေး သမား ၉ဦးကို ကရင်လူငယ် မောင်မယ်များက စင်မြင့်ပေါ်တွင် ကရင်အမျိုးသား ၀တ်စုံကို ၀တ်ဆင်စေသည့် အစီအစဉ်ဖြင့် ဂုဏ်ပြု ခဲ့တဲ့ပုံ။ (အောက်ပုံ) ဓါတ်ပုံ-နော်ကညောဖော



Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment