Monday, July 30, 2012

၂၅ကြိမ်မြောက် KNU အခြေခံ ဆေးသင်တန်း ဆင်းပွဲ (ရုပ်သံ)နှင့် အလှဆုံး အပြုံးလို့ အမည်ရတဲ့ ဆေးရဲမေများအတွက် ဂုဏ်ပြုသီချင်း

ကေအဲန်ယူ ဗဟိုဆေးဌာနမှ ဖွင့်လှစ်သည့် ၂၅ကြိမ်မြောက် အခြေခံ ဆေးသင်တန်း ဆင်းပွဲကို ကေအဲန်ယူ ဗဟို ဆေးဌာနချုပ် တည်ရှိရာ ဟော်ကေတွင် လွန်ခဲ့သည့် ၂၀၁၁ နှစ်ကုန်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည့် မှတ်တမ်း ဖြစ်သည်။

အဆိုပါ သင်တန်းသို့ တပ်မဟာ အသီးသီးမှ ကိုယ်စားလှယ် ၇၂ဦးတက်ရောက်ခဲ့သော်လည်း တဦးမှာ သင်တန်းကာလအတွင်း ဆက်လက် တက်ရောက်နိုင်ခြင်း မရှိသဖြင့် ကျန်ရှိသည့် ၇၁ဦးမှ သင်တန်းကို ဆုံးခန်းတိုင် အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည်။

သင်တန်းဆင်းပွဲ အခမ်းအနားကို လွန်ခဲ့သည့် နှစ်ကုန်ပိုင်း ဒီဇင်ဘာ ၁၀ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ကေအဲန်ယူ ဗဟိုဆေးတပ်မှ  ဗိုလ်မှူးမန်းမန်းနှင့် အခြား ဆေးတပ်မှူး တပ်ဗိုလ်များ၊ နယ်မြေခံ တပ်ဖက် အရပ်ဖက် အရာရှိများ၊ နယ်မြေခံလူထုနှင့် သင်တန်းသား သင်တန်းသူများ တက်ရာက်ခဲ့သည်။

တဆက်တည်း တော်လှန်ရေးအတွက် စေတနာသန့်စွာဖြင့် ပေးဆပ်ခဲ့သော၊ ပေးဆပ်ဆဲ တော်လှန်ရေး ရဲမေ ဆေးဆရာမများအား ဆရာ ထက်ခေါင်က ဂုဏ်ပြုရေးသားထားသည့် အလှဆုံး အပြုံးလို့ အမည်ရသည့် သီချင်းကို အဆိုကျော် အရှိုင်းက ခံစား သီဆိုထားသည်ကို အောက်ဆုံးတွင် စာသားတွေနှင့်အတူ ခံစားနိုင်ပါသည်။
 ဆေးသင်တန်း ဆင်းပွဲ အပိုင်း(၁)


ဆေးသင်တန်း ဆင်းပွဲ အပိုင်း(၂)


ဆေးသင်တန်းဆင်းပွဲ အပိုင်း(၃)


အလှဆုံးအပြုံး
 တေးရေး-ထက်ခေါင်
 တေးဆို-အရှိုင်း


သီချင်းစာသားများ
လျှိုမြောင်စိမ့်စမ်းအလယ် တောင်ကမ်းပါးယံတွေကြားဝယ်
အလှဆုံးပန်းကလေးတပွင့်ကို တွေ့ဘူးခဲ့ 
ကြုံဆုံလာခဲ့တယ် ထိုအချိန်ကာလများရယ် 
ရင်မှာ သက်ဆုံးထိ စွဲမြဲနေမှာဘဲ 

ကျည်ဆံတွေကြားဝယ် တည်ငြိမ်စွာနဲ့ရယ်
 ခြေလှမ်းမပျက် အပြုံးပန်းစွက်သူရယ် 
ဒဏ်ရာတွေရရင် သူလေသွက်လက်စွာပြုစုမယ်
 ရှေ့တန်းအတွက် အားထားရလောက်တယ် 

ဆရာမ သူ့ပြုံးလေး လှပဝင့်ထယ် /လှပချိုတယ် 
လူနာတွေ ရင်မှာတအားတက်စေတယ်
 ဝေဒနာကို မမှုတဲ့ သူ့ရဲ့ပြုံးပန်းနဲ့တကယ်
 သူလေကြွမ်းကျင်စွာ ပြုစုပေးလိမ့်မယ် 

ဆယ်လီကော့တက်နဲ့ အားဆေးတခွက်တောင်မလိုတယ်
 ဒဏ်ရာကိုထီမထင်ကာ ရင်မှာကူးစက်လာတယ်
 တော်လှန်ရေးအတွက် ကြိုးပမ်းထမ်းရွက်တဲ့သူရယ် 
ကိုယ်လေမင်းကိုတကယ် လေးစားဦးညွတ်တယ် 

ခိုင်ကြည်တဲ့စိတ်ဓါတ်မာန်နဲ့ ပြုံးအလှပိုင်ရှင်ရယ် 
မင်းစေတနာ တကယ်ဖြူစင်ရှင်းသန့်တယ် 
ရန်သူကိုဖမ်းမိလာလည်း ပြုစုရန်မငြင်းပယ် 
မင်းနှလုံးသားက တကယ်ဘဲ မြင့်မြတ်တယ်

 အမျိုးသားရေးလွတ်မြောက်ရန်အတွက် အားထုတ်စွမ်းဆောင်မယ်
 တော်လှန်ရေးလမ်း ဒီခရီးကြမ်းထဲ 
မညည်းစတမ်းဘဲ တထမ်းတရွက်ပါလို့ အားကိုးထိုက်သူရယ် 
ဒို့ရင်မှာ တကယ်ကျေးဇူးတင်တယ်
(သီချင်းနှင့် စာသားကို အမိကရင်ပြည် ဘလော့မှ ရယူသည်။)
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment