Sunday, July 22, 2012

RCSS/SSA နှင့် အစိုးရတပ် ယနေ့တိုက်ပွဲအပြင်းအထန်ဖြစ်

Sunday, 22 July 2012 19:08 သျှမ်းသံတော်ဆင့်


သျှမ်းအရှေ့ပိုင်း မိုင်းပြင်းမြို့နယ် မိုင်းပူးအွန်ကျေးရွာအုပ်စု၌ သျှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့နှင့် အစိုးရတပ်တို့အကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသည် ဟု ဒေသခံသတင်းရပ်ကွက်ကဆိုသည်။



သျှမ်းပြည်တပ်မတော် RCSS/SSA တပ်သားများ
“အစိုးရတပ်က ကျနော်တို့ စခန်းကို ဒီ မနက် ၁၀ နာရီက စပြီးတက်တိုက်တယ်။ညနေ ၄: ၃၀ နာရီ အထိတိုက်ပွဲက မပြီးသေးဘူး၊ ဘာညာမပြောဘဲနဲ့ ဒီတိုင်းတက်ပြီးလာ တိုက်တာ” - ဟု အမည်မဖေါ်လိုသည့် RCSSအရာရှိတဦး ကပြောပါသည်။

ဂျူလိုင် ၂၂ ရက် နံနက် ၁၀ နာရီက သံလွင်အရှေ့ခြမ်း မိုင်းပြင်းအခြေစိုက် ခမရ ၃၆၀ က မိုင်းပူးအွန်ကျေးရွာအုပ်စု ဘက်အခြေချ လှုပ်ရှားနေသည့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA အား တက်တိုက်ခဲ့ ကြောင်း၊ မွန်းလွဲပိုင်း၌ RCSS/SSA ဘက် စစ်ကူပို့ကာအပြင်စည်းမှ ဝိုင်းပိတ်တိုက်ခိုက်သော ကြောင့် တိုက်ပွဲ အရှိပိုမြင့်လာကာ ညနေပိုင်းအထိ တိုက်ပွဲဖြစ်ပွားနေကြောင်း အမည်မဖေါ်လိုသည့် ရုံးထိုင် ကိုယ်စားလှယ်တဦး ကလည်းပြောပါသည်။

“အသေအကျ စာရင်းမသိဘူး။ ဒီတိုက်ပွဲကြောင့် လူထုက ပိုပြီးဇဝေဇဝါ ဖြစ်မှာပေါ့။ အကြောင်းမကြားဘဲ နယ်ကျွံ ဝင်လာရင်တော့ ကိုယ့်ကိုကိုယ်ကာကွယ်တဲ့အနေ နဲ့ ပြန်တိုက်ရမှာဘဲ။ အစိုးရတပ်ဘက်က ရန်ရှာတိုက်ခိုက်တာ ကိုး”- ဟု အဆိုပါ အရာ ရှိက ဆက်ပြောပါသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် အစိုးရ တပ်တို့ ထာဝရငြိမ်းခြမ်းရေးတည် ဆောက်ရန် နှစ်ဦးနှစ်ဘက် သဘောတူပြီးနောက်ပိုင်း ယခုတကြိမ်ထပ်မံဖြစ်ပွားသော တိုက်ပွဲသည် ၂၅ ကြိမ်မြောက် ဖြစ်သည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment