SSPPလို့ခေါ်တဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း အဖွဲ့နှင့် မြန်မာစစ်တပ်တို့ မနေ့နဲ့ ဒီမနက်တွေမှာ မိုင်းရှူးမြို့နယ်မှာ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပါတယ်။အဆိုပါ တိုက်ပွဲတွင် လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်ကြပြီး ထိခိုက် ဒဏ်ရာ ရရှိမှုတွေ တချို့လည်း ရှိတယ်လို့ ရှေ့တန်းရောက် ရှမ်းတပ်မှူးက ပြောဆိုပါတယ်။
ရှမ်းပြည်တပ်မတော် မြောက်ပိုင်းနဲ့ တိုက်ပွဲ ဖြစ်ပွားတဲ့ မြန်မာ စစ်တပ်တွေကတော့ ခလရ ၅၁၆၊ ၅၁၇ ခြေမြန်တပ်ရင်း ၁၄၉၊ ၁၅၀တို့ ဖြစ်တယ်လို့လည်း သိရှိရပါတယ်။ (ကိုးကား-ဘီဘီစီ)