Monday, August 20, 2012

တိုင်းရင်းသား လက်နက်ကိုင်တွေကြောင့်သာ တိုက်ပွဲ ဖြစ်နေရဟု သမ္မတ ဦသိန်းစိန် စွတ်စွဲ ပြောဆို

တိုင်းရင်းသား ဒေသအတွင်း တိုက်ပွဲတွေ ဆက်ဖြစ်နေရတာဟာ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကြောင့်ဟု VOAနဲ့ အင်တာဗျူးမှ သမ္မတ ဦးသိန်းစိန်က စွတ်စွဲ ပြောဆိုသွားခဲ့ပါတယ်။
အောက်ခြေက လိမ်လည် တင်ပြမှုတွေ အပေါ် အခြေခံပြီး ပြောနေတာလား ဒါမှမဟုတ် စစ်တပ်ကို ကိုယ်တွယ်မရလို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို သူခိုးက လူဟစ်သလိုမျိုး လမ်းလွဲ စွတ်စွဲ ပြောဆို နေသလား ဆိုတာကတော့ သမ္မတကြီးကိုယ်တိုင်သာ အသိဆုံး ဖြစ်ပါလိမ့်မယ်။ သူရဲ့ ဖြေကြားမှု အပြည့်အစုံကို ဖတ်နိုင်အောင် တင်ပြထားပြီး ရုပ်သံထဲမှာလည်း ကြည့်နိုင်အောင် ပူးတွဲတင်ပြလိုက်ရပါတယ်။ သမ္မတကြီး ဖြေကြားချက်ကတော့ ဒီလိုပါ------------

"ဒီကိစ္စလေးကလည်း ကျနော် ဖြေချင်တဲ့ ကိစ္စလေးပါ။ ခုနကလို ငြိမ်းချမ်းရေး ဆွေးနွေးဖို့ နိုင်ငံရေး ဆွေးနွေးဖို့ဆိုတာ ပစ်ခတ် တိုက်ခိုက်နေရင်းနဲ့က ကျနော်တို့ ဆွေးနွေးဖို့က မလွယ်ပါဘူး။ ဒါကြောင့်မို့ ခုနကလို ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲကြရအောင် ဆိုပြီး ကျနော်ကနေပြီးတော့ ကျနော့တို့ တပ်ကို အမိန့်တွေ ထုတ်ပေးလိုက်တယ်။ ပစ်ခတ်တိုက်ခိုက်မှုတွေ မလုပ်နဲ့၊ ကိုယ့်ကိုယ်ကို ခုခံ ကာကွယ်ရုံမှ အပပေါ့။ လူဆိုတာလည်း ကိုယ့်အသက်ကို ကာကွယ်ဖို့က ရှိသေးတာကိုး။ ကိုယ့်ကိုယ်ကို ကာကွယ်ရုံမှ အပ ကိုယ်က စခန်းတွေကို သွားပြီးတော့ တိုက်တာတွေ ပစ်တာတွေ ခတ်တာတွေ မလုပ်ဖို့ ကျနော်တို့ တပ်တွေကို ခုနက အမိန့်တွေ ထုတ်ပေးလိုက်တယ်။ တဖက်ကိုလည်း ဒီလိုထုတ်ပေးဖို့ ကျနော်တို့ တောင်းဆိုတယ်။ သူတို့ဘက်က ဒီလို ထုတ်ပေးနိုင်ရင် အောက်ခြေက ရဲဘော်တွေ မင်းတို့ ဘာပဲ ဖြစ်နေနေ ခုနကလို ပစ်တာ ခတ်တာတွေ မရှိစေနဲ့ ဆိုပြီးတော့ ဒီတိုင်း ပြောလို့ ရပါတယ်။ သို့သော်လည်း တဖက်က ဒီလို မထုတ်ဘူး။ ဒီလို မထုတ်တဲ့ အတွက်ကြောင့် ကျနော်တို့ဘက်က ယုံကြည်ပြီးတော့မှ တခါတလေကျရင် အုပ်ချုပ်မှု ကိစ္စတွေ သွားတာ လာတာတွေ ရှိတယ်။ အဲဒီနေရာတွေကို ခုနကလို စောင့်ကြိုပြီး တိုက်တာတွေ နောက်တခါ မိုင်းထောင်ပြီးတော့ ဖောက်ခွဲတာတွေ ရှိတော့ ရဲဘော်တွေကလည်း ကျနော်တို့ ဒီအတိုင်း အသေခံရမလား။ ကျနော်တို့ ဒီအတိုင်းပဲ အသေခံနေရပါလား။ ကျနော့စိတ်ထဲမှာလည်း မကောင်း ဖြစ်မိတာပေါ့။ ပြသာနာကတော့ အဲဒါပါပဲ။ ကျနော်တို့က ကျနော်တို့က ထုတ်ထားသလို ဟိုဘက်ကသာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲပါမယ် ဆိုပြီးတော့ ထုတ်လိုက်လို့ရှိရင် ကျနော်ထင်တယ်။ ဒီကစ္စဟာ အဆင်ပြေသွားမှာပါ။ ကျန်တာတွေကတော့ တပ်တွေ ကိစ္စဘာကိစ္စတွေကျတော့ ကျနော်တို့ စားပွဲဝိုင်း ညှိယူလို့ရတဲ့ ကိစ္စပါပဲ။ ဒီကလစ်လေးတခု ဒါလေးကို နည်းနည်းလေးပဲ ဖြေလျှော့လိုက်မယ် ဆိုရင် ကျနော်ထင်တယ်။ ဒီဟာလည်း အဆင်ပြေသွားပါမယ်။ "

ရုပ်သံ

သမ္မတ ဦသိန်းစိန် ခုနကလို တိုက်ပွဲ ဖြစ်ရတဲ့ အကြောင်း ပြောကြား အပြီးမှာပဲ တိုင်းရင်းသား ဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲ သတင်းတွေကိုပါ အောက်မှာ စုစည်း တင်ပြလိုက်ပါတယ်။  (စေတနာဖြင့်-အဲခေါင်သောင့်)
 စစ်တပ် ခေါင်းမာ၍ ကချင် ငြိမ်းချမ်းရေး မရ
http://burma.irrawaddy.org/archives/18116
မြန်မာပြည်မြောက်ပိုင်း စစ်ရေးအခြေအနေ ပိုမိုပြင်းထန် တင်းမာလာ
http://www.mizzimaburmese.com/news/inside-burma/9915-2012-08-20-13-56-50.html
စစ်ဗျူဟာမြောက် KIA ပန်းဝါစခန်းကို အစိုးရက စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခြင်း
www.mizzimaburmese.com/news/inside-burma/9915-2012-08-20-13-56-50.html
တပ်စခန်း ထပ်ရွှေ့ပေးရန် SSPP/SSA အား အစိုးရတပ် ဖိအားထပ်ပေး
http://www.burmese.panglong.org/news/85-2008-08-01-03-14-40/3421--ssppssa-.html
 အပစ်ရပ် သဘောတူညီချက် အစိုးရဘက်က ချိုးဖောက်ကြောင်း SSPP/SSA အဖွဲ့ ပြောဆို
http://www.rfa.org/burmese/news/government-troop-breach-agreement-said-ssa-08192012134629.html
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment