Wednesday, August 8, 2012

မဲဘုန်း(လ်) ကရင့် ခြည်ဖြူဖွဲ့ပွဲ လာမယ့် စနေနေ့တွင် ကျင်းပပြုလုပ်မည်


လွန်ခဲ့သည့်နှစ်က မဲဘုန်း(လ်) ခြည်ဖြူဖွဲ့ပွဲတော်
ထောင်နဲ့ချီသော ကရင်လူမျိုး အများအပြား ရောက်ရှိနေထိုင်ရာ သြစတြေးလျားနိုင်ငံ မဲဘုန်းလ်မြို့ ကရင်ခြည်ဖြူဖွဲ့ပွဲကို လာမယ့် စနေနေ့ (သြဂုတ်လ ၁၁ရက်နေ့)တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်ဟု သိရသည်။ 

ကျင်းပပြုလုပ်သည့် နေရာ - Wyndham Leisure& Event Centre
80-82 Derriut Road
Hoppers Crossing, 3029, VIC Map 307, E6
Email: akovictoria@live.com.au
အချိန်- နံနက် ၁၁နာရီမှ ညနေ ၄နာရီအထိ
ကျင်းပပြုလုပ်သည့် အဖွဲ့-AKO

အဆိုပါ အခမ်းအနားကို အပိုင်း ၂ပိုင်း ခွဲကာ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး ပထမပိုင်းတွင် ခြည်ဖြူဖွဲ့အခမ်းအနားနှင့် ရိုးရာအကများကို ပြုလုပ်မည်ဖြစ်ကာ ဒုတိယပိုင်း အနေဖြင့် တေးဂီတနှင့် အစားအသောက် ဧည့်ခံကျွေးမွေးရေး အစီအစဉ်ကို ခွဲပြီး ကျင်းပသွားမည် ဖြစ်သည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment