Sunday, August 5, 2012

ဗိုလ်ထိန်မောင်၏ KNU/KNLAငြိမ်းမှ ကရင့်အာဇာနည်နေ့ကို တခမ်းတနားဖြင့် ကျင်းပပြုလုပ်မည်

အဲခေါင်သောင့်၊ သြဂုတ်လ ၅ရက်၊ ၂၀၁၂ခုနှစ်
ဗိုလ်ချုပ် ထင်မောင် ဦးဆောင်သည့် KNU/KNLA ငြိမ်းချမ်းရေး ကောင်စီမှ လာမည့် သြဂုတ်လ ၁၂ရက်နေ့တွင် ကျရောက်မည့် ၆၂ပြည့် ကရင့်အာဇာနည်နေ့ကို ၄င်းတို့ ထိမ်းချုပ်ရာ နယ်မြေဖြစ်သည့် ထော့ကိုကိုး ဗဟိုဌာနချုပ်တွင် စည်ကားသိုက်မြိုက်စွာ တခမ်းတနားဖြင့် ကျင်းပပြုလုပ်သွားမည်ဟု ထိပ်ပိုင်း ခေါင်းဆောင်တဦး၏ ပြောဆိုချက်အရ သိရသည်။


KNU/KNLA ငြိမ်းကောင်စီ တပ်ဖွဲ့ဝင်များ၊ ဓါတ်ပုံ-KNU/KNLA ငြိမ်း။

အဆိုပါ အခမ်းအနားတွင် စစ်ရေးပြ အခမ်းအနားဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး နီးစပ်ရာ ဒေသခံ ပြည်သူလူထုများလည်း အခမ်းအနားကို တက်ရောက်နိုင်အောင် စီစဉ်ဆောင်ရွက်ထားသည်ဟုလည်း ၄င်းက ပြောဆိုသည်။

ဗိုလ်ချုပ်ထင်မောင်သည် လွန်ခဲ့သည့် ၂၀၀၇ခုနှစ်က ကေအဲန်ယူမှ ခွဲထွက်ကာ မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့ပြီး KNU/KNLA ငြိမ်းကောင်စီကို ဖွဲ့စည်းသည်။

ကေအဲန်ယူမှ ခွဲထွက်ခဲ့သော်လည်း ဗိုလ်ချုပ်ထင်မောင်သည် ကရင့်ခေါင်းဆောင် စောဘဦးကြီး၏ မူ၎ချက်ကို ဆုတ်ကိုင်ထားကြောင်း ပြောဆိုပြီး စောဘဦးကြီး လုပ်ကြံသတ်ဖြတ်ခံရသည့် နေ့ဖြစ်သည့် ကရင့်အာဇာနည်နေ့ကို နှစ်စဉ်နှစ်တိုင်း ကျင်ပပြုလုပ်ခဲ့သည်ဟု စုံစမ်းသိရှိရသည်။


ထို့အပြင် ကေအဲန်ယူကနေ ခွဲထွက်ခဲ့ DKBAအဖွဲ့သည်လည်း ပထမဦးဆုံးအကြိမ် ကရင့်အာဇာနည်နေ့အခမ်းအနားကို ၄င်း၏ နိုင်ငံရေး ဦးဆောင်အဖွဲ့ဖြစ်သည့် KKOနှင့်အတူ ၄င်းတို့၏ ထိမ်းချုပ်နယ်မြေတွင် ကျင်းပပြုလုပ်မည်ဟုလည်း သိရှိရသည်။

လွန်ခဲ့သည့် နှစ်များက KNU/KNLA ငြိမ်းကောင်စီမှ ပြုလုပ်သည့် ကရင့်အာဇာနည်နေ့ အခမ်းအနားမှတ်တမ်း

Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment