Tuesday, September 25, 2012

ကုထုံး

 
Source Photo from http://www.kareninformationcenter.com

ကုထုံး

By မင်းစိုးစံ
September 25 2012

အနေစုတ်လို့
ရွှေထုပ်တဲ့ပုဝါမဟုတ်ပေမယ့်
အသက်ကိုဖက်နဲ့ထုပ်
တောအုပ်ထဲရောက်နေတဲ့
ဒုက္ခသည်တွေပါ။

စားစရာမသေခြာ
နေစရာမရေရာ
တွေ့ကရာရေသောက်
အကြောက်တရားသာကိုးကွယ်
အချိန်ဆိုတာဘာလဲ။

စားချိန် မတိကျ
အိပ်ချိန် မရှိကြ
ပြေးကြဘို့သာတွေးဆရင်း
ကြီးပြင်းခဲ့ကြရတာက
အချိန်လား။

လူနာမဟုတ်ပေမယ့်
လူမမာထက်ဆိုးတဲ့
စိတ်ဒါဏ်ယာနဲ့ အသက်ရှင်
ဘ၀တွေက
အသက်ငင်နေ။

ကကြီး မသိ
ခကွေး မမြင်
အသက်ရှင်ဘို့အရေး
နေ့ညမရွေးပြေးရှောင်
ဗမာကောင်တွေကိုစိတ်နာ
နငယ်ရေးချနာ
နာတာရှည်ရောဂါဆိုတာ ဒါပဲ။

မျိုးဆက်ပေါင်း သုံးခုစာအတွက်
တွေ့ဆုံဆွေးနွေးပွဲဆိုတဲ့ ဆေးတဖုံနဲ့တင်
ပျောက်မယ်ထင်လား။

စဉ်းစားနော် စဉ်းစား
တယောက်ချင်း ဖေါက်ထွက်နေမှာလား
တဖွဲ့ချင်း ဒူးထောက်နေတာလား။

သေနတ်ပေါက်တာနဲ့ 

ရန်သူ့လက်နက်ဟာ 

ငါတို့လက်နက်ဖြစ်ရမယ် ဆိုတဲ့စကား
ဦးဏှောက်နဲ့နှလုံးသား
အသွေးအသားမချန်
ပစ္စုပ္ပန်နဲ့ အနာဂတ်အထိ
သတိတရားနဲ့
သယ်သွားကြဘို့လိုတယ်။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment