Thursday, September 27, 2012

အမျိုးသားရေးအတွက် သံဓိဌာန်ချပြီး တကယ့်လုပ်ဆောင်မည် ဆိုပါက--------------------


မိမိအမျိုးသားရေးပဲ ဖြစ်ဖြစ် တိုင်းရေးပြည်ရေးပဲ ဖြစ်ဖြစ် ဘိုးဘွားအမွေအနှစ်ပဲ ဖြစ်ဖြစ် သံဓိဌာန်ချထားပြီး တကယ့်လုပ်ဆောင်မည် ဆိုပါက အထူးသဖြင့် သတိထားရမည့် အချက်တွေကို လေ့လာထားရမည် ဖြစ်ပေသည်။ ထိုအချက်အလက်တွေက ဘာတွေလဲ တင်ပြရမည် ဆိုပါက------ 

 တောထဲက အောင်းနေသော မသူတော်ကျားသည် ခွေးခြင်္သေမင်းနှင့် အသွင်ပြောင်း တူနေပါက အဆိပ်ပြင်းသထက် အလွန်ပင် ကောက်ကျစ်နေတတ်သည်။. 

 ဒေါင်းမင်းသည် ကျီးကန်းကဲ့သို့ အသွင်ပြောင်းတူနေပါက ဖြောင့်မတ်သော အကျင့်ကို မကျင့်တော့ပဲ ယုတ်မာသော အကျင့်ကိုသာ လုပ်ဆောင်နေတတ်သည်။

 တောခွေးသည် ရွာဝက်ကဲ့သို့ အသွင်ပြောင်း တူနေပါက အရေ့ပြားထူနေသဖြင့် အဆီယိုစီးကျရာ အတူနေတဲ့ တောကောင်များနှင့် ၀ိုင်းဝန်းညစ်ပတ် ပေကျန်တတ်သည်။

အမျိုးသားရေးအတွက် ဟန်ဆောင် ဟစ်ကြွေးနေသော လူစုသည် မိမိတို့ အမျိုးသားအပေါ် ချမှတ်ထားသော ကတိတွေကို အလွယ်တကူနဲ့ ယိုယွင်းပျက်ပြားအောင် ဆုံးဖြတ် လုပ်ဆောင်တတ်ကြပေသည်။ 

  ဒီအချက်အလက်နှင့် ပတ်သက်ပြီး အမျိုးသားရေးအတွက် ရှေ့တန်းတနေရာမှ အားသွန်ခွန်စိုက် လုပ်ဆောင်ကြမည့် အမျိုးသား သူရဲကောင်းများအဖို့ ထိုနှိုင်းယဉ်ချက်ကို ရယူကာ တင်ပြလိုက်ရခြင်း ဖြစ်သည်။ မန်းအိုင်ဒီ(ဒေါ န)၏ ဇရက်လေလား ဂျိုးလေလား ဆောင်းပါးမှ ကောက်နှုတ် ဖော်ပြလိုက်ပါသည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment