Saturday, September 8, 2012

OKRSOအဖွဲ့၏ နှစ်(၂၀)ပြည့် နှစ်ပတ်လည် အခမ်းအနား ရုပ်သံ

OKRSOဟု အမည်ရသည့် အဝေးရောက် ကရင်ဒုက္ခသည်များဆိုင်ရာ လူမှု စောင့်ရှောက်ရေး အသင်း၏ အနှစ် ၂၀ပြည့် နှစ်ပတ်လည် အခမ်းအနား မှတ်တမ်း ရုပ်သံဖြစ်ပါတယ်။ ပြည်ပရောက် ကရင့်လူမှု အဖွဲ့အစည်းများထဲတွင် သက်တမ်း အရင့်ဆုံး ကရင့် လူမှုရေး အဖွဲ့လို့ ဆိုရင်လည်း မှားမယ် မထင်ပါဘူး။ လွန်ခဲ့တဲ့ အနှစ် ၂၀ခန့်က အမြော်အမြင်ရှိတဲ့ မျိုးချစ်ကရင်တွေရဲ့ ပြုစုပျိုးထောင်မှုနဲ့ လက်ဆင့်ကမ်း သမိုင်းပေး တာဝန် ထမ်းဆောင်ခဲ့သူ မျိုးချစ်ကရင်တွေကြောင့် ယနေ့အချိန်ထိ OKRSOဆိုတဲ့ အဖွဲ့အစည်းကြီး ကိုယ့်မြေ ကိုယ့်ရေနဲ့ ဝေးကွာနေတဲ့ ကရင့်အမျိုးသားတွေရဲ့ အရေးကို တစိုက်မှတ်မှတ် ထမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ OKRSOရဲ့ နှစ် ၂၀ပြည့်နှစ်မှသည် နောင်နှစ်ပေါင်း များစွာအထိ အမျိုးသားရေး အကျိုး သယ်ပိုးနိုင်ပါစေး။


















Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment