Thursday, October 11, 2012

ကရင်တမျိုးသားလုံး၏ ဆန္ဒကို ကေအဲန်ယူခေါင်းဆောင်တွ ပြန်လည် ဖြည့်ဆည်း

အဲခေါင်သောင့်၊ အောက်တိုဘာလ ၁၂ရက်၊ ၂၀၁၂ခုနှစ်

ကေအဲန်ယူ အဖွဲ့အတွင်း ဖြစ်ပွားနေသည့် တင်းမာမှုတွေကို အမြန်ဆုံးပြေလည်အောင်နှင့် တညီတညွတ်တည်း ရှိကြရန် ကရင်တမျိုးသားလုံးရဲ့ ဆန္ဒကို ယခုရက်ပိုင်းတွင် ကေအဲန်ယူ ခေါင်းဆောင်များက ပြန်လည် စတင် ဖြည့်ဆည်းလိုက်ပြီး ဖြစ်သည်။

၁၄ကြိမ် မြောက်ကွန်ကရက်တွင် ရွေးချယ်ခံရသည့် ကေအဲန်ယူ ခေါင်းဆောင်များ

"တမျိုးသားလုံးရဲ့ ဆန္ဒ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှ ဒါ တမျိုးသားလုံးကို ကိုယ်စားပြုတယ်လို့ သတ်မှတ်လို့ရတယ်။ ဒါကြောင့် ယခုလို ခေါင်ဆောင်တွေ သင့်မြတ်အောင် ပြန်လည် လုပ်ဆောင်နိုင်တဲ့အတွက် တမျိုးသားလုံးကို ကိုယ်စားပြုကြောင်း တမျိုးသားလုံးအကျိုးကို သယ်ပိုးနေဆဲ ဖြစ်ကြေင်း ပြသလိုက်တာပဲ ဖြစ်ပါတယ်" ၀ါ့ရင့် ကရင်အရေး လှုပ်ရှားသူ တဦးကပြောဆိုသည်။

ယခုလို ပြေလည်မှု ရသွားသည့် ကေအဲန်ယူ ခေါင်ဆောင်များသည် မကြာခင် ရက်ပိုင်းအတွင်းတွင် တွေ့ဆုံကြရန် ရှိသည့် အပြင် လာမည့် ၁၅ကြိမ်မြောက် ကွန်ကရက်ကိုလည်း စုံစုံညီညီ တက်ရောက်ကြမည် ဖြစ်သည်။

ထို့အပြင် ဖားအံတွင် ဆက်ဆံရေးရုံး သွားရောက်ဖွင့်ခဲ့ပြီး အဖွဲ့ စည်းမျှည်း စည်းကမ်းကို ချိုးဖောက်သည်ဟု ဆိုကာ ကေအဲန်ယူ ဗဟိုမှ ထုတ်ပယ်ခြင်းခံရသူ ဗိုလ်ချုပ်မူတူးစေးဖိုးအပါအ၀င် ခေါင်းဆောင် ၃ယောက်၏ မနက်ဖြန် ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲကိုလည်း ဖျက်သိမ်းလိုက်သည်ဟု သိရသည်။

ယခုလို ကေအဲန်ယူ ခေါင်းဆောင် အချင်းချင်း ပြေလည်မှု ရရှိခဲ့သည့်အပေါ် ပြည်တွင်း ပြည်ပ ကရင်များက ၀မ်းပန်းတသာဖြင့် ကြိုဆိုခဲ့ကြသည်ဟု သိရှိရသည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment