Tuesday, October 9, 2012

ကလနွန်းဘောင်ဝ်၏ "သတိထား" အမည်ရ တေးစီးရီး မကြာမှီ ထွက်မည်

ကလနွန်းဘောင်ဝ် (အလယ်)

အနုပညာ လောကထဲကို စတင် ခြေဆန့်ပြီး ၀င်ရောက်လာသူ တေးသံရှင် ကလနွန်းဘောင်ဝ်  ရဲ့"သတိထား" အမည်ရ တေးစီးရီး မကြာမှီ ထွက်ရှိတော့မှာ ဖြစ်ပါတယ်။

ယခုလ ၁၈ရက်နေ့မှာ သူမရဲ့ တေးစီးရီး ခွေ ထွက်ရှိမှာ ဖြစ်တဲ့အကြောင်း လွန်ခဲ့တဲ့ ၂ရက်နေ့က ရန်ကုန်မြို့ City Starဟိုတယ်မှာ ပြုလုပ်တဲ့ တေးစီးရီး မိတ်ဆက်ပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရတနာမြိုင် တေးသံသွင်းမှာ အသံသွင်းယူထားခြင်း ဖြစ်ပြီး Audio CD, DVD Karaoke Solo Albumဖြင့် ထွက်ရှိမယ်လို့လည်း သိရပါတယ်။

 ဖားအံမြို့ ဇာတိ ကရင်အမျိုးသမီးတဦးဖြစ်တဲ့ ကလနွန်းဘောင်ရဲ့ တေးစီးရီးကို ယခုလ ၁၈ရက်နေ့မှာ ရတနာမြိုင် တေးသံသွင်းကနေ စတင်ဖြန့်ချိတော့မှာ ဖြစ်တဲ့အတွက် အနယ်နယ် အရပ်ရပ်ကနေ ၀ယ်ယူအားပေးနိုင်ကြတော့မှာ ဖြစ်တဲ့အကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။

အဲခေါင်သောင့်(အောက်တိုဘာလ ၁၀ရက်၊ ၂၀၁၂ခုနှစ်)
ဓါတ်ပုံ-Phoe Kwar



Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment