Saturday, October 6, 2012

ဗိုလ်ချုပ်မူးတူးစေးကို ထုတ်ပယ်ရခြင်းနှင့် ပတ်သက်၍.........


ကေအဲန်ယူဝင်တိုင်း လိုက်နာလုပ်ဆောင်ရမည့်စည်းကမ်းသတ်မှတ်ချက်များ- ကေအဲန်ယူအဖွဲ့ဝင်တိုင်း လိုက်နာရမည့်စည်းကမ်းဆိုသည်မှာ-
 (၁) အဖွဲ့အစည်း အထွေထွေလုပ်ငန်းစဉ် (သို့) ဖွဲ့စည်းပုံအခြေခံဥပဒေမှ ကင်းကွာသော လုပ်ကိုင်မှု။ စည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီသော လုပ်ကိုင်မှု။ အဖွဲ့အစည်းပေါ် တာဝန်ခံ ရပ်တည်မှုမရှိခြင်း၊ စည်းအဝေးဆုံးဖြတ်ချက်များနှင့် သဘောထားများအပေါ် အာမခံခြင်း။ မရပ်တည်မလုပ်ဆောင်ခြင်း။ သီးခြင်းဝါဒ။ဂိုဏ်းဂန၀ါဒ။ အချောင်းသမားဝါဒများကို သက်ရောက်စေသော လုပ်ဆောင်ခြင်း။ အဖွဲ့ဝင် အချင်းချင်း ဂုဏ်သိက္ခာ ပျက်ပြားအောင်ပြောဆိုခြင်း ပြုလုပ်ခြင်းများနှင့်....

(၂) တော်လှန်ရေးကို ဘမ်းပြ ကိုယ်ကျိုးရှာမှုများ။ အကျင့်စာရိတ္တပျက်ပြားခြင်းများ (ကာမဂုဏ်လိုက် စားခြင်း သောက်စားမူးယစ်ခြင်း။ တလင်တမယားစနစ်ကို ဆန့်ကျင်ဘက်ပြုလုပ်ခြင်း။ လောင်းက စားမှုများ)တာဝန်ပျက်ကွက်ခြင်း။ အဂတိလိုက်စားခြင်း။ အချောင်းသမားဝါဒ အလွန်အကျွံဒီမိုကရေစီဝါဒ။ အလွန်အကျွံသာတူညီမျှမှုများကို ရှောင်ကြဉ်တိုက်ဖျက်သွားရမည်ဟုဆိုထားပါသည်။။

မှတ်ချက်။။ ဤစည်းမျဉ်းစည်းဥပဒေများသည် ကေအဲန်ယူအဖွဲ့ဝင်တိုင်း လိုက်နာရမည့်စည်းကမ်းဖြစ်ပြီး ကေအဲန်ယူခေါင်းဆောင်များက စည်းမျဉ်စည်းကမ်းများကိုအာမခံပြီး တာဝန်ယူဆောင်ရွက်ရမည်။ ဗိုလ်ချုပ်ကြီး မူတူစေးဖိုး၏ တာဝန်နှင့်ဝတ္တရား လက်ရှိတာဝန်မှ ရပ်စဲခံလိုက်ရသော ကေအဲန်အယ်(လ်)အေစစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးမူတူစေးဖိုးသည် ကေအဲန်ယူမှ ချမှတ်ထားသော မူ၊ လမ်းစဉ်နှင့်စည်းမျဉ်းစည်းကမ်းများကို တာဝန်ခံ တာဝန်ယူ ဆောင်ရွက်ရ သော ခေါင်းဆောင် တစ်ဦဖြစ်ပြီး စစ်ဦးစီးချုပ်တာဝန်ယူနေသော တပ်ဘက်ဆိုင်ရာ အကြီးဆုံး ခေါင်းဆောင် တစ်ဦးဖြစ်သည်။

 ဖြစ်ရပ်မှန်အခြေအနေကို သုံးသပ်ချက်(၁) မြန်မာအစိုးရမှငြိမ်းချမ်းကမ်းလှမ်းချက်အပေါ် ကေအဲန်ယူအဖွဲဏ္ဍအစည်းကြီးမှ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် သဘောထားရှိသည့်အတိုင်း ဗဟိုကော်မတီအစည်းအဝေးကိုခေါ်ယူပြီး ဦးသိန်းစိန်အစိုးရနှင့် အပစ်အခတ် ရပ်စဲကာ နိုင်ငံရေးဆွေးနွေးရန် သဘောတူဆုံးဖြတ်ချက်ရရှိခဲ့သည်။။ွှ ဤသဘောတူညီချက်အတိုင်း ငြိမ်းချမ်း ရးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရန် ကော်မတီဖွဲ့စည်းတာဝန်အပ်နှင်းပြီး ဤက်ာမတီ ငြိမ်းချမ်း ရေး ဆောင်ရွက်ချက်များကို ကေအဲန် ယူ အလုပ်အမှုဆောင်မှ ကြီးကြပ်ကွပ်ကဲရန် တပါးတည်းဆုံးဖြတ်ချက် ချနိုင်ခဲ့ပါသည်။ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၏ ကေအဲန်ယူ လမ်းစဉ်၊ မူနှင့် စည်းမျဉ်းစည်ကမ်းချက်များကို ဆန်ဏ္ဍကျင်သည့်လုပ်ရပ်များ-

ပထမတစ်ကြိမ်- ကေအဲန်ယူထိပ်ပိုင်းခေါင်းဆောင်များ၏ အဆိုရ ဗိုလ်ချုပ်ကြီးမူတူစေးဖိုးသည်ပထမဆုံးအကြိမ် ပြည်နယ် အဆင့်တွေ့ဆုံဆွေးနွေးပွဲတွင် “အပစ်ခတ် ရပ်စဲရေးသဘောတူညီချက်ကို” ကေအဲန်ယူ ဗဟိုမှ လုပ်ပိုင်ခွင့် အာဏာ (Mandate)မပေးသည့်ကြားမှ လက်မှတ်ရေးထိုးခဲ့သည်။ ကေအဲန်ယူထိပ်ပိုင်း ခေါင်းဆောင်များ အဆိုရ လက်မှတ်ရေးထိုးမည့်ဆဲဆဲ လက်မှတ်မထိုးရန် အတန်တန်သတိပေးခဲ့သည်ဟုဆိုထားသည်။ ဤဖြစ်စဉ်ကို သုံးသပ်ခြင်းအားဖြင့် ဗိုလ်ချုပ်ကြီးမူတူစေးဖိုးသည် သူအထက်တွင် မည်သူမျှမရှိစေရဟု ဆိုလို ခြင်းဖြစ်သည်။ တနည်းအားဖြင့် အာဏာရှင်ဆန်သောလုပ်ရပ်ဖြစ်သည်။ အပြင်းထန်ဆုံးစွပ်စွဲရလျှင် အပစ်ခတ် ရပ်စဲရေးကို နာရီအနည်းငယ်သာ ဆွေးနွေးပြီးလက်မှတ်ရေးထိုးခြင်းကို ထောက်ရှုခြင်းအားဖြင့် ရန်သူနှင့် လျို့ဝှက်စွာ ဆွေးနွေးမှုများရှိနိုင်သည့်ဟု ကောက်ချက်ချလိုရပါသည်။

 (၁) စည်းကမ်းဖောက်ဖျက်ခြင်း(၁) - ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးသည် ကေအဲန်ယူ အဖွဲ့ဝင်တိုင်း လိုက်နာ ရမည့် စည်းမျဉ်းစည်းကမ်းများဖြစ်သည့် အဖွဲ့အစည်း၏ အထွေထွေလုပ်ငန်းစဉ် (သို့) ဖွဲ့စည်းပုံ အခြေ ခံဥပဒေမှ ကင်းကွာသော လုပ်ကိုင်မှု။ စည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီသော လုပ်ကိုင်မှု၊ အဖွဲ့ အစည်းပေါ် တာဝန်ခံ ရပ်တည်မှုမရှိခြင်း၊ ဤစည်းအဝေးဆုံးဖြတ်ချက်များနှင့် သဘောထားများအပေါ် အာမခံခြင်း၊ မရပ်တည်မလုပ်ဆောင်ခြင်း။ သီးခြင်းဝါဒ။ဂိုဏ်းဂန၀ါဒ။ အချောင်းသမားဝါဒများကို သက် ရောက်စေသော လုပ်ဆောင်ခြင်း။ အဖွဲ့ဝင်အချင်းချင်း ဂုဏ်သိက္ခာ ပျက်ပြားအောင်လုပ်ဆောင်ခြင်းကို ကျူးလွန်ခဲ့သည်။ ဤလုပ်ရပ်သည် ပထမအကြိမ်ကျူးလွန်သော အမှုကိစ္စဖြစ်သည်။ သို့သော်လည်းဘဲ မိခင်ကေအဲန်ယူ ခေါင်းဆောင်များသည်ကရင်ပြည်သူလူထုမျက်နှာကို ထောက်ထားသနား သော အားဖြင့်သော် လည်းကောင်း။ အမျိုးသားသွေးစည်းညီညွတ်ရေးကို ရှေရှုခြင်းအားဖြင့်သော်လည်းကောင်း သိုသိုသိပ် သိပ် ပညာရှိရှိ ဖြေရှင်းနိုင်ခဲ့သည်။

 ဖြစ်ရပ်မှန်အခြေအနေကို သုံးသပ်ခြင်း(၂) နှစ်ပေါင်း (၆၃)နှစ်ကြာဆင်နွဲခဲ့သော တော်လှန်ရေးကြီးကို နာရီအနည်းငယ်မျှ ဆွေးနွေးပြီးအပစ်ခတ် ရပ်စဲရေး သ ဘော တူ လက်မှတ်ရေးထိုးပြီးသည့်နှင့် တပြိုက်နက်တည်း ကမ္ဘာအရပ်ရပ်မှရှိသော ကရင်အမျိုး သားများ လွန်စွာမှ စိတ်မကောင်းဖြစ်ရသည်။ အကြောင်းမှာ ကရင်အမျိုးသားများ. ဆင်နွဲ ခဲ့ သော တော်လှန်ရေးဂုဏ်ရောင်ကို ကျဆင်းစေခဲ့ခြင်ကြောင့်ဖြစ်သည်။ နိုင်ငံတကာမှလည်း မြန်မာ ပြည်အပေါ်ပိတ်ဆို့ထားမှုများကို ချက်ချင်းလျှော့ချခဲ့သည်။။

 နိုင်ငံခြားတွင် ကရင့်အမျိုးသားများအတွက်လှုပ်ရှားနေသော“ကေ ခေါ် ခေ”အဖွဲ့အစည်းများအတွက်လည်း စိတ်ဓါတ် လျော့ကျစေခဲ့သည်။ ဤသို့ ကျဆင်းနေသော ကေအဲန်ယူ. ဂုဏ်သိက္ခာကို ပြန်လည်အဖတ်ဆည်ရန် မူအပေါ်ရပ်တည် သည့်ခေါင်းဆောင်များမှ အဖွဲ့အစည်းညီညွတ်မှုကို ဦးထိပ်ထားပြီး သဘောထားကြီးစွာ ခွင့်လွတ် နားလည် သဘောတူခဲ့ကြသည်။။ ဒုတိယတစ်ကြိမ် တတိယအကြိမ် ဦးသိန်းစိန်အစိုးရနှင့် တွေဆုံဆွေးနွေးပွဲလုပ်ရန် ကျင့်ဝတ်စည်းကမ်း။ တပ်အပြောင်း အရွှေ့လုပ်ရန် ဆွေးနွေးတိုင်ပင်မှုများသည် အဖွဲ့အတွင်း သဘောထားကွဲလွဲမှုများရှိခဲ့သည်။။

သိုသော်လည်းဘဲ ကေအဲန်ယူအဖွဲ့အစည်းသည် ဒီမိုကရေစီ ကျင့်စဉ်များနှင့် အညီ ဆောင်ရွက်သည့်အလျှောက် အများသဘောတူ ကျင့်ဝတ်စည်းကမ်း တပ်အပြောင်းအရွှေ့များကို ဆွေးနွေးတိုင်ပင်ပြီး တတိယ အကြိမ်သွားရောက်ဆွေးနွေးခဲ့သည်။။ ဤရီးစဉ်တွင်ဗိုလ်ချုပ်ကြီးမူတူး စေးဖိုးသွား ရောက်ရန်အစီအစဉ်ရှိသောလည်း ဆွေးနွေးမည့် သဘောတူညီချက်များကို သဘောမတူသည့်အတွက် သွယ်ဝိုက် သော နည်းများဖြင့် နှောက်ယှက်ခဲ့သည်။

 ပြစ်မှုကျူးလွန်ခြင်း (၂) တတိယအကြိမ်အစိုးရနှင့်တွေ့ဆွေးနွေးပွဲအပြီးငြိမ်းချမ်းရေးဖြစ်စဉ်များအပေါ် ပြန်လည်သုံးသပ်ချက် ကေအဲန်ယူအရေးပေါ်ဗဟိုကော်မတီကို ခေါ်ယူရာတွင် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး နှင့် အခြားသော ဗဟိုကော်မတီတချို့မှ အစည်းအဝေးကို မတတ်ရောက်ခဲ့ပေ။ ဗိုလ်ချုပ်ကြီးမူတူစေးဖိုး နှင့်ပဒိုဒေးဗစ် ထော၏အဖွဲ့ အစည်း မဆန်သောလုပ်ရပ်အပေါ် တတ်ရောက်လာသော ဗဟိုကော်မတီ များ၏သ ဘော ထားစုစည်းကာ ခေါ်ယူမေးမြန်းတွေ့ဆုံရန် အလုပ်အမှုဆောင်ကော်မတီသို့ တာဝန်လွဲ အပ်ခဲ့ သည်။။ အလုပ်မှုဆောင်မှ ပထမအကြိမ် တွေ့ဆုံမေးမြန်းရန် ခေါ်ဆိုရာတွင် မတတ်ရောက်ခဲ့ပေ။

 ဒုတိယ အကြိမ် အလုပ်အမှုဆောင်အစည်းအဝေးခေါ်ယူပြီး ထပ်မံတွေ့ဆုံမေးမြန်းခေါ်ဆိုရာတွင် မတတ်ရောက် သည့်အပြင် ဂိုဏ်းဂနဆန်ဆန် တပ်မဟာအချို့မှ ခေါင်းဆောင်များခေါ်ယူပြီး အစည်း အဝေးလုပ်ကာ ကေအဲန်အလ်အေ ဗဟိုဆက်ဆံရေးရုံးဖွင့်လှစ်ရန် ဖားအံ့မြို့သို့ထွက်ခွာသွားသည်။ ဗဟိုဆက်သွယ်ရေးရုံးမဖွင့်လှစ်ရန် ကေအဲန်ယူဗဟိုမှ ၄င်းတို့မှာ အစီအစဉ်ရှိသည်၊ မသွားရောက် ဖွင့်လှစ်ရန် တားမြစ်ခဲ့သည်။ ဤသည်ကို လိုက်မနာဘဲ ထွက်ခွါသွားခဲ့သည်အတွက် ဗဟိုမှ ထုတ်ပြန် ကြေညာချက် ထုတ်ခဲ့ရသည်။။

ဤဖြစ်စဉ်ကိုကြည်ခြင်းအားဖြင့် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးသည် ဗဟို အမိန့်ကို ဆန့်ကျင့်ကာ အာဏာထူထောင်သည့်လုပ်ရပ်များကို လုပ်ဆောင်လာလေသည်။ ဤသည် ကို အရေးမယူလျှင်ကေအဲန်ယူအဖွဲ့ကို မည်သူတစ်ဦးတစ်ယောက်မှ အလေးထား တော့မည်မဟုတ်သည့် အတွက်ကတစ်ကြောင်း၊ တော်လှန်ရေး ပျက်စီးမည့်ကိန်းဆိုက်နေသည့်ကတစ်ကြောင်း၊ ကရင်အမျိုးသား များ၏ လာမည့်အနာဂတ်အတွက် မတွေးဝံ့သည့်တို့အတွက် ကေအဲန်ယူ၏ မူ၊ လမ်းစဉ် နှင့် စည်းမျဉ်းစည်းကမ်းများအတိုင်း အရေးယူဆောင်ရွက်ခဲ့ရသည်ဖြစ်သည်ဟုသုံးသပ်ရသည်။ ဤဖြစ်စဉ်များကို ဖော်ပြရာတွင် ကေအဲန်ယူကို ပြိုကွဲစေချင်သည့်ဆန္ဒလုံးဝမပါရှိဘဲ ကရင်တစ်မျိုး သားလုံးအနာဂတ်တွက် လုပ်သင့်လုပ်ထိုက်လို့ ရေးသားလိုက်ရပါကြောင်း တင်ပြလိုက်ရပါသည်။

 “မူနှင့် လူကို ရှင်းရှင်းလင်းလင်းခွဲခြားတတ်ရန်လိုပါသည်။။”

ကိုးဒီသွေးမှ ကူးယူသည်
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment