Wednesday, October 17, 2012

KWAG ဒါရိုက်တာ နော်စူစဲနာ သြစတြေးလျား ကရင်လူမှုအဖွဲ့အစည်းနှင့် လိုက်လံတွေ့ဆုံ

အဲခေါင်သောင့်၊ အောက်တိုဘာလ ၁၈ရက်၊ ၂၀၁၂ခုနှစ်။


သြစတြေးလျားရှိ ကေအဲန်ယူ တပ်မှူးဟောင်း စောကနဲမီနှင့် ဆရာမနော်စူစဲနာလှလှစိုး၊ ဓါတ်ပုံ-Susanna Soe Facebook)

သြစတြေးလျားနိုင်ငံတွင် လက်ရှိ ရောက်ရှိနေသည့် ကရင်အမျိုးသမီးများ လှုပ်ရှားမှုအဖွဲ့ မှ နော်စူစဲနာလှလှစိုးသည် သြစတြေးလျားနိုင်ငံရှိ ကရင်လူမှု အဖွဲ့အစည်းများနှင့် လိုက်လံ တွေ့ဆုံလျှက်ရှိသည်ဟု သိရှိရသည်။

 နော်စူစဲနာလှလှစိုးသည် ယခုလ အစောပိုင်းက သြစတြေးလျားနိုင်ငံ အနောက်ပိုင်းရှိ Perth မြို့တွင်လည်းကောင်း၊ ဗစ်တိုရီးယားပြည်နယ် Melbourneမြို့တွင် လည်းကောင်း ကရင်လူမှု အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ပြီး လာမည့် သောကြာနေ့တွင် ဆစ်ဒနီမြို့ရှိ ကရင်လူမှု အဖွဲ့အစည်းများနှင့် ဆက်လက် တွေ့ဆုံသွားမည်ဖြစ်သည်။

 ယခုလို တွေ့ဆုံပွဲအတွက် သက်ဆိုင်ရာ မြို့ရှိ ကရင်လူမှု အဖွဲ့အစည်းများက ကမကထ ပြုလုပ်ခြင်း ဖြစ်သည်ဟုလည်း စုံစမ်းသိရှိရသည်။

KWAG အဖွဲ့၏ စီမံခန့်ခွဲရေး ဒါရိုက်တာ နော်စူစဲနာသည် လွန်ခဲ့သည့် မေလ ၁ရက်နေ့က ၀ါရှင်တန်ဒီစီ(Washington DC) ရှိ Crystal Spring Marriott Hotel က InterAction forum တွင် ၂၀၁၂ လူမှုဦးဆောင်ဆု (Humanitarian Award_2012) တံဆိပ်ကို လက်ခံရယူခဲ့သည်။

အဆိုပါ ဆုသွားရောက် လက်ခံရယူခဲ့သည့် အချိန်အတွင်း အမေရိကန်နိုင်ငံရှိ ကရင်လူမှု အဖွဲ့အစည်းများနှင့်လည်း လိုက်လံတွေ့ဆုံခဲ့သည်။

သူမသည် ကေအဲန်ယူနှင့် မြန်မာအစိုးရတို့၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ လူမှုအဖွဲ့အစည်းကိုယ်စား ပါဝင်လုပ်ဆောင်နေသူတဦး ဖြစ်ပြီး ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း စီးပွားရေး အမြတ်ထုတ်မှုကို ဆန့်ကျင်သည့် အနေဖြင့် Signature Campaign လက်မှတ်ရေးထိုးမှု တခုကို လွန်ခဲ့သည့်ဇွန်လအတွင်းက ဦးဆောင် ပြုလုပ်ခဲ့သူ ဖြစ်သည်။

ဆစ်ဒနီတွင် နော်စူစဲနာလှလှစိုးနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်မည့် နေရာ၊ အချိန်နှင့် ဆက်သွယ်ရမည့် သူများ၏ ဖုန်းနံပါတ်ကို အောက်တွင် ဖော်ပြလိုက်ပါသည်။
 နေရာ- STARTTS, 152-168, The Horsley Drive, Carramar
အချိန်-မနက် ၁၀နာရီမှ ၁၁နာရီခွဲအထိ၊ အောက်တိုဘာလ ၁၉ရက် (သောကြာနေ့)၊ ၂၀၁၂ခုနှစ်
ဆက်သွယ်ရမည့်သူ- Saw Victor- 0431748374
 Saw Daniel Zu-0434053655
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment