Wednesday, November 21, 2012

အဝေးရောက် ဖေဖေ သူပုန်ကြီးအတွက် သမီးတယောက်ရဲ့ ပေးစာ

ယခုစာဟာ လွန်ခဲ့တဲ့ အနှစ် ၂၀(၁၉၉၂ခုနှစ်)ကတည်းက ကရင့်တော်လှန်ရေးမှာ သွားရောက် တော်လှန် တိုက်ပွဲဝင်နေတဲ့ ဖေဖေသူပုန်ကြီးထံ ကျန်နေခဲ့သူ ၉နှစ်အရွယ် သမီးဖြစ်သူမှ ရေးသားပေးပို့ခဲ့တဲ့ စာလွာလေး ဖြစ်ပါတယ်။ ၉နှစ်အရွယ်အချိန်က ရေးသားခဲ့ပြီး လက်ရှိ အသက် ၃၀နီးပါးရှိပြီဖြစ်တဲ့ သမီးဖြစ်သူက သူမအဖေရဲ့ ဒိုင်ယာရီထဲမှာ အမြတ်တနိုး သိမ်းထားခံခဲ့ ရတဲ့ သူမရဲ့ စာကို ပြန်လည် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ မတရားမှုတွေ ဖိနှိမ့် အနိုင်ကျင့်မှုတွေကို တန်ပြန်တော်လှန်နေတဲ့ တော်လှန်ရေးကြီး တလျှောက်မှာ မိဘ မောင်နှမ၊ သားသမီး၊ ဆွေမျိုး၊ သူငယ်ချင်းတွေကို စွန့်လွတ် ခွဲခွာကြရသူ အများအပြားထဲက တခုထဲသော အဖြစ်အပျက်ရဲ့ အစိတ်အပိုင်း တခုသာ ဖြစ်ပါတယ်။ အဖေက အားလုံး လွတ်မြောက်ဖို့ အတွက် တော်လှန်ရေး သွားလုပ်တယ် ဆိုတာကိုပင် ပြောမပြရဲကြတဲ့ ခေတ်စနစ်ဆိုးကြီးရဲ့ အောက်မှာ နင့်အဖေ ပိုက်ဆံသွားရှာတယ်လို့ပင် ဖြေသိမ့် ပြောဆိုနေခဲ့ကြရတဲ့ အချိန်ဖြစ်တယ်ဆိုတာ အဆိုပါ စာထဲမှာ ဖတ်ကြည့်မယ်ဆိုရင် သိနိုင်ပါတယ်။ လက်ရှိ အချိန်မှာတော့ သူတို့ မိသားစုဟာ တတိယနိုင်ငံ တခုမှာ မိသားစု စုံစုံလင်လင်နဲ့ အခြေချ နေထိုင်နေခဲ့ကြပြီ ဖြစ်ပါတယ်။

Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment