ခေါင်းဆောင်ဆိုသည့်စကားလုံးသည် အင်မတန်မှလေးနက်သော စကားလုံးဖြစ်သည်။
ခေါင်း ဆောင်အရွေးခံရသောသူသည် လုပ်ပိုင်ခွင့်အာဏာကို အလုံးသုံးစွဲခြင်း၊ မိမိကိုထောက်ခံသော
မိမိ ဖက်တော်သား (လူတစု) အတွက်သော်၎င်း၊ အကျိုးစီးပွါးအတွက်သော်၎င်း၊ မကြည့်သင့်ဘဲ လူအ များစု
(Majority) အတွက်ကြည့်ရမည်။
ယခုလက်ရှိဖြစ်ပျက်ခဲ့သော ကရင့်တော်လှန်ရေးကို ကြည့်ပါကမဖြဖစ်သင့်သောအရာများ၊
ခေါင်း ဆောင်များက ဖက်လိုက်မှုများ၊ အဂ္ဂတိလိုက်စားမှုများကြောင့် တော်လှန်ရေးက အနှစ်
(၆၃) ကျော် ၍ရောက်ရှိခဲ့ပါပြီ။
ပြီးခဲ့သော KNU ဆက်ဆံရေးရုံး (မြ၀တီ) ဖွင့်ပွဲ၌ မြင်တွေ့ရသော
TV သတင်း၌ ရင်နင့်စရာများကို မြင်တွေ့ရပါသည်။
တရားဝင်ဆိုလိုသည်မှာ KNLA ခေါင်းဆောင်ကြီး မူတူးစေးဖိုးသည်
အရည်အချင်းညံ့ဖျင်းမှုကို ပြသ သွားကြောင်း တွေ့ရပါသည်။
စာရေးသူအနေနှင့် စာဖတ်သူများကို တဆင့်ပြီးတဆင့် ရှင်းပြသွားပါမည်။
တချိန်က ဗိုလ်တင်အောင်၊ ဗိုလ်ချစ်သူ၊ နှုတ်ခမ်းမွှေး၊ သူမူဟဲ၊
ဗိုလ်ဂျိုး စသောသူများသည် KNLA မှ တပ်မှုးတပ်သားများဖြစ်ခဲ့ကြပါသည်။ ယင်းပုဂ္ဂိုလ်များသည်
KNU မှအဘယ့်ကြောင့် ခွဲထွက်ရသ နည်း။
အထက်ခေါင်းဆောင်များ ညံ့ဖျင်း သောအုပ်ချုပ်မှုများကြောင့်
ဖြစ်သည်ဟုဆိုလျှင် မှားမည် မထင်ပါ။
၁၉၈၉ ဖလူးတိုက်ပွဲတွင် လေ့လာကြည့်ရှု့ပါက ကျနော်ဆိုလိုသောအချက်ကိုသိရှိမည်မှာမလွှဲပေ။
ထိုအချိန်အခါ၌ ၀မ်ခါ (ကော်မူးရာ) နှင့်ဖလူးမှာ ပြိုင်ဖက်လို ရန်သှုတို့ မျက်ခုံးလှုပ်ချိန်ဖြစ်ပါသည်။
ဝမ်ခါ (ကော်မူးရာ) ကိုဦးစီးသော ဗိုလ်တောလှ နှင့် ဖလူးကို
ဦးစီးသော ဗိုလ်မူတူး တို့၏ ခေါင်း ဆောင်မှုအရည်အခြင်းကို နိုင်းယှဉ်ကြည့်ပါက ဆီနှင့်ရေလိုသော်၎င်း၊
နံ့သာဖြူနှင့်ချီး လိုသော်၎င်း၊ ကွာခြားမှုကို တွေ့ရပါသည်။
စာရေးသူသည် ခံတပ် ၂ ခုစလုံးတွင်အထက်ကပေးသောအမိန့်အရ သွားရောက်ခဲ့ဘူးပါသည်။
ဖလူးခံတပ်သည် ၀မ်းခါ (ကော်မူးရာ) နှင့် ယှဉ်ကြည့်ပါက လူအင်အား၊ လက်နက်အင်အားကွာ ခြားသည်ကို
တွေ့ရပါသည်။
သို့သော် ၀မ်းခါ (ကော်မူးရာ) သည် လက်နက်အင်အား၊ လူအင်အားနည်းသော်ငြားလည်း
ဦး ဆောင်မှုနှင့် အထက်အောက်လေးစားမှုသည် ဖလူးထက်သာလွန်ပါသည်။
ထူးခြားသည်မှာ ၀မ်းခါ ကိုဦးဆောင်သော ဗိုလ်တောလှသည်မိမိ ခံတပ်မှလုံးဝမခွါ။
ဇနီးသည် မိသားစု ရှိရာတွင်ပြန်မအိပ်၊ ဇနီးသည်သာ မိမိရှိရာရှေ့တန်းတွင်သာလာတွေ့ခြင်းဖြစ်သည်။
ဖလူးခံတပ်ကိုပြန်လေ့လာပါက ဦးဆောင်သူဗိုလ်မူတူးသည် ခံတပ်၌မနေ၊
ဇနီးသည်ရှိသော သီဘောဘိုး ကိုအပြန်နည်း၍ ခယ်မ (ဖေါလွှဲ) ရှိသောမဲဆောက်မြို့၌ အလျှင်ပြန်အိပ်လေ့ရှိသည်။
မနက်ရောက်လမှ ဖလူးသို့ ပြန်သွားလေ့ရှိသည်။
ယင်းတို့ကြောင့် ဖလူးသည် ရန်သူတို့လက်သို့ လွယ်လွယ်ကူကူ ကျရောက်ကြောင်းပြောလျှင်
မှားမည် မထင်။ ဖလူးခံတပ်ကျသွားသော်ငြားလည်း ဗိုလ်မူတူးသည် ရာထူးပို၍ တိုးလို့လာသည်ကို
တွေ့ရပါသည်။ ရာထူးနှင့်မလိုက်သော ရာထူးကို ထပ်မံပြီးယူပါက ရဲဘော်၊ ရဲမေ၊ ပြည်သူ ပြည်
သား များ နစ်နာမည်ဖြစ်သည်။
KNU ဆက်ဆံရေးရုံးဖွင့်ပွဲကိုကြည့်ပါက
စားပွဲဝိုင်းထဲတွင် ရန်သူဦးအောင်မင်းက ကမကထ
လုပ်သည့် စားပွဲဝိုင်းတွင် ချစ်သူ၊ နှုတ်ခမ်းမွှေး၊ သူမူဟဲ၊ ထင်မောင် စသောသူများကိုယ်
တိုင် နှင့် ကိုယ်စားလှယ်များ ရင်းရင်းနှီးနှီးစားသောက်သည်ကို တွေ့ရပါသည်။
စာရေးသူအနေနှင့်မေးခွန်းထုတ်ဖြစ်ပါသည်။ ဗိုလ်မူတူးအနှေနှင့်
ရန်သူအောင်မင်းလုပ်သည့် ၎င်းပုဂ္ဂိုလ်တို့ တွေ့ဆုံဆွေးနွေးရန်၊ စည်းလုံးရန်၊ အရည်အခြင်းရှိပါသလားလို့
စာဖတ်သူအနေဖြင့် အဖြေပေးရန်မေတ္တာရပ်ခံပါသည်။
မည်သည့်အတွက်ကြောင့် ယင်းကဲ့သို့ ငြိမ်းချမ်းရေး (သို့မဟုတ်)
အပစ်ခတ်ရပ်ဆဲ ရေးကို အမြန်အဆန် လုပ်ရသနည်း။
အဖြေကရှင်းပါသည်။ လွန်ခဲ့သည့် ၁၉၈၈-၈၉ ခုနှစ်ကာလ ထိုင်းဝန်ကြီးချုပ်
ချတ်ချိုင်း ခေတ်၌ ထိုင်းပါလီမန်တွင်ပြဌန်းထားသည့် Policy များကြောင့်ဖြစ်ပါသည်။ ယင်းပါလီမန်၌
အရင်ပြုသော ပြဌန်းခက်တွင် ထိုင်းနိုင်ငံ၏ အိမ်နီးခြင်းနိုင်ငံများ (လာအို၊ ခမ်ဘောဒီးယား၊
မြန်မာ) နှင့်ဆက်စပ် သည့် စစ်ဖြစ်ပွါးဇုံ (War zone) များကို စီးပွါးရေဇုံ
(Business zone) သို့ပြောင်းလဲရေးပေါ်လစီ ကြောင့်ဖြစ်ပါသည်။
TV သတင်း၌ အောင်မင်းမှ သံဃာတော်တပါးကို လျှောက်တင်သည်မှာ
“ တပည့်တော်တို့ တရုတ် ကို ကြောက်ပါသည်။ တရုပ်ကျေးဇူးရှိခဲ့ပါသည်။ ဆပ်လို့မကုန်ပါ”
ဟုလျှောက်ပေးသည်ကို စာရေး သူ တွေ့မြင်ခဲ့ရပါသည်။
ထို့အတူ အကယ်၍ ဗိုလ်မူတူးနှင့် အဖွဲ့ကိုမေးကြည့်ပါက “ကျနော်တို့
ယိုးဒယား ကိုကြောက်နေရ ပါသည်၊ ယိုးဒယားကျေဇူး အများကြီးရှိနေပါသည် (သို့မဟုတ်) ထိုင်းနိုင်ငံရှိ
ကျနော်တို့၏ မြေ၊ အိမ်၊ ဘဏ်မှာရှိသော ငွေများကို ပြန်သိမ်း ဖို့စိုးရိမ်ရပါကြောင်း”
ဖြေကြားမည်မှာ မလွှဲပင်ဖြစ်သည်။
ထိုင်းနိုင်ငံအနေနှင့်ကြည့်ပါက မိမိနိုင်ငံအကျိုးရှိသော ပုဂ္ဂိုလ်များကိုသာ
မွေးထားမည်ဖြစ်သည်။
ငွေယူမည်လား (သို့မဟုတ်) ကျည်ဆံယူမည်လား (ပဒိုမန်းရှာကဲ့သို့)
မေးခွန်း ၂ခုမှလွှဲ၍ မရှိနိုင်တော့။
ဆဲနေကော်