Wednesday, December 5, 2012

ကေအဲန်ယူ ကွန်ဂရက်သို့ ဖင်လန်နိုင်ငံရောက် ကရင်အဖွဲ့မှ သ၀ဏ်လွာ ပေးပို့

လက်ရှိ ကျင်းပနေသည့် ၁၅ကြိမ်မြောက် ကေအဲန်ယူ ကွန်ဂရက်သို့ ဖင်လန်နိုင်ငံရောက် ကရင်အဖွဲ့ တခုဖြစ်သည့် ဖင်လန်ကရင်ယဉ်ကျေးမှု အဖွဲ့အစည်း (FKCA)မှ သ၀ဏ်လွာ တစောင် ပေးပို့ခဲ့သည်။

သ၀ဏ်လွာထဲတွင် ကေအဲန်ယူ ကရင်ခေါင်းဆောင်များမှ ညီညီညွတ်ညွတ်ဖြင့် အတူတကွ ပူးပေါင်းကာ ကွန်ဂရက်ကြီးကို ကျင်းပခဲ့သည်ကို ကြားသိရသည့်အတွက် အထူးဝမ်းမြောက်မိကြောင်း အစချီ ရေးသားထားသည်။

ဖင်လန်ရောက် ကရင်အမျိုးသားအချို့ပုံ။ ဓါတ်ပုံ-European Karen Network Facebook


ထို့အပြင် ကေအဲန်ယူ ကရင်ခေါင်းဆောင်များအနေဖြင့် ကရင်အမျိုးသား အကျိုးဆောင်ရွက်ရာတွင် အဖွဲ့အစည်း ချမှတ်ချမှတ်ထားသည့် မူအတိုင်း ဆက်လက်လုပ်ဆောင်သွားရန်၊ အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်ပြီးလည်း ကရင် ပြည်သူများအတွက် လုံခြုံရေး၊ အခွင့်အရေးများနှင့် လုံခြုံစိတ်ချစွာ ရပ်တည်နေထိုင်နိုင်သည်အထိ ဆောင်ရွက်သွားရန်နှင့် ခိုင်မာသည့် နိုင်ငံရေး အာမခံချက် ရရှိအောင် ဆောင်ရွက်ပြီးမှသာ စီးပွားရေး လုပ်ငန်းများကို ဒုတိယအဆင့်အနေဖြင့် ဆောင်ရွက်သွားရန် စသည့် အချက် ၇ချက်ပါအချက်ကို သ၀ဏ်လွာထဲတွင် ထည့်သွင်း အကြံပြုသွားခဲ့သည်။

အခြား ဘ၀တူ တိုင်းရင်းသား အဖွဲ့များနှင့် ညီညီညွတ်ညွတ်ဖြင့် အတူတကွ ပူးပေါင်း လုပ်ဆောင်သွားရန်လည်း ဖင်လန် ကရင်ယဉ်ကျေးမှု အဖွဲ့(FKCA)ရဲ့ သ၀ဏ်လွာထဲတွင်လည်း အကြံပြု တိုက်တွန်းသွားခဲ့သည်။ (အဲခေါင်သောင့်)
FKCAသ၀ဏ်လွာ

Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment