Thursday, December 6, 2012

ထိုင်းဝန်ကြီးချုပ်ဟောင်း အဘိဆစ်ရဲ့ ထိုင်း မြန်မာနယ်စပ်ရှိ မယ်တော်ဆေးခန်းနှင့် မြန်မာရွေ့ပြောင်းကျောင်းများကို လာရောက်လေ့လာသည့် ခရီးစဉ်(ဓါတ်ပုံ)

ထိုင်းဝန်ကြီးချုပ်ဟောင်း အဘိဆစ်ရဲ့ ထိုင်း မြန်မာနယ်စပ်ရှိ မယ်တော်ဆေးခန်းနှင့် မြန်မာရွေ့ပြောင်းကျောင်းများကို ယနေ့ ဒီဇင်ဘာလ ၆ရက်နေ့တွင် လာရောက်လေ့လာခဲ့သည်။ 

အဆိုပါ ခရီးစဉ်အတွင်း  ထိုင်း မြန်မာနယ်စပ်ရှိ  Stars Flower Centerလို့ ခေါ်သည့် မသန်မစွမ်းကျောင်း၊ ဆာသူးလေလို့ ခေါ်သည့် ကရင် အထက်တန်းကျောင်းနှင့် Sawအဖွဲ့ရဲ့ မိဘမဲ့ ဂေဟာတို့ ဖြစ်သည်။

ထို့အပြင် ထိုင်း မြန်မာနယ်စပ်ရှိ ဒေါက်တာ စင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းကိုလည်း သွားရောက်လေ့လာခဲ့သည်။

ဝန်ကြီးချုပ်ဟောင်းနှင့်အတူ မြို့နယ် အုပ်ချုပ်ရေးမှူး အပါအ၀င် ပညာရေးဌာနမှ တာဝန်ရှိသူတွေ စုစုပေါင်း အဖွဲ့ဝင် ၂၀လောက် ပါဝင်သည်ဟုလည်း ဒီဗီဘီ သတင်းမှာ ဖော်ပြပါရှိပါသည်။

ဓါတ်ပုံများကို အဘိဆစ်ရဲ့ ကိုယ်ပိုင် Facebookမှ ကူးယူသည်။
ကရင်အမျိုးသား ၀တ်စုံနဲ့အတူ တွေ့မြင်ရတဲ့ ၀န်ကြီးချုပ်ဟောင်း အဘိဆစ်။









Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment