Thursday, December 20, 2012

ကလိုး၊ ကွယ် (Klo@Kweh) ကရင်တေးဂီတအဖွဲ့ ဆစ်ဒနီမြို့တွင် လာရောက် ဖျော်ဖြေမည်

သြစတြေးလျား နိုင်ငံ တ၀န်းမှာ လိုက်လံဖျော်ဖြေနေတဲ့ နာမည်ကြီး ကရင် တေးဂီတအဖွဲ့ တဖွဲ့ ဖြစ်တဲ့ ကလိုး၊ ကွယ် အဖွဲ့ဟာ လာမယ့် ဒီဇင်ဘာ ၂၂ရက်နေ့မှာ ဆစ်ဒနီမြို့ကြီးတွင် လာရောက် ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။

သြစီလေဆိပ်တခုတွင် ကြိုဆိုသူများနှင့်အတူ တွေ့မြင်ရသည့် ကလိုး၊ ကွယ်(Klo@Kweh) အဖွဲ့ဝင်များ

ကလိုးကွယ် အဖွဲ့မှ စောမာဘယ်လ်၊ စောဝင်းထွေး၊ စောဘိုတောက်၊ စောဘွိုင်း၊ စောဝင်းစတုန်း၊ လင်းဒါ၊ ဟက်ကက်နှင့် နော်စမောလယ်တို့ ပါဝင်မှာ ဖြစ်ပြီး ဆစ်ဒနီဒေသစံတော်ချိန် ည၆နာရီခွဲမှာ စတင်ဖျော်ဖြေသွားမည် ဖြစ်ပါတယ်။

ရုံဝင်ကြေးအဖြစ် သြစီဒေါ်လာ ၂၀ပေးဆောင်ရမှာ ဖြစ်ပြီး အသေးစိတ် အချက်အလက်များကို အောက်က ဖိတ်စာမှာ ဖတ်ရှူနိုင်ပါတယ်။
Klo _ Kwe poster



Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment