Tuesday, December 18, 2012

ဒီကေဘီအေ ၁၈နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား စည်းကားစွာ ကျင်းပမည်

အဲခေါင်သောင့်၊ ဒီဇင်ဘာလ ၁၉ရက်၊ ၂၀၁၂ခုနှစ်။ 

ဌာနချုပ် ဆုံဆည်းမြိုင်။

 လာမည့် ဒီဇင်ဘာလ ၂၁ရက်နေ့တွင် ကျရောက်သည့် ၁၈နှစ်ပြည့် ဒီကေဘီအေနေ့ အခမ်းအနားကို လက်ရှိ ဒီကေဘီအေ ဌာနချုပ် တည်ရှိရာ ဆုံဆည်းမြိုင်ဒေသတွင် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဟု သိရှိရသည်။

အဆိုပါ နှစ်ပတ်လည် အခမ်းအနားတွင် အကြို အားကစားပြိုင်ပွဲ၊ စစ်သည် ၃၀၀ကျော် ပါဝင်မည့် စစ်ရေးပြပွဲ၊ ရိုးရာ လက်ဝှေ့ပွဲ၊ ကရင်ရိုးရာ ယဉ်ကျေးမှုအကပွဲများကို ထည့်သွင်း ပါရှိသည်ဟု သိရှိရသည်။

ထို့အပြင် တေးဂီတ ပညာရှင် ကိုရဲလွင်ဦးဆောင်သည့် ပန်းရဲ့လမ်း ဂီတအဖွဲ့ကလည်း ကချင် စစ်ပြေးဒုက္ခသည်များအတွက် ရန်ပုံငွေ ဂီတပွဲကို အဆိုပါ နှစ်ပတ်လည် အခမ်းအနားတွင်  လာရောက် ဖျော်ဖြေသွားမည် ဖြစ်သည်။

ဒီကေဘီအေ အဖွဲ့ကို ၁၉၉၅ခုနှစ်က ကေအဲန်ယူက ခွဲထွက်ကာ န၀တအဖွဲ့နှင့် ပူးပေါင်းခဲ့သည့် အဖွဲ့ဖြစ်ပြီး ၂၀၁၀ခုနှစ် နအဖ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်တွင် တပ်ဖွဲ့ဝင်အများစု အသွင်ပြောင်းသွားခဲ့သော်လည်း ဗိုလ်ချုပ်စောလားပွယ် ဦးဆောင်သည့် ကလို့ထူးဘော တပ်ဖွဲ့ဝင် အများစုကတော့ အသွင်ပြောင်းမှုကို ညှင်းဆန်ခဲ့ကြသည်။

နောက်ပိုင်း မြန်မာ စစ်တပ်နှင့် တင်းမာမှုဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပသည့် နိုဝင်ဘာ ၇ရက် နေ့တွင်ပင် မြ၀တီမြို့တွင် နှစ်ဖက် ပြင်းထန်းစွာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ဆုံဆည်းမြိုင်က စစ်ရေးပြကွင်း၊
ဗိုလ်ချုပ် စောလားပွယ် ဦးစီးသည့် ကလို့ထူးဘော တပ်ဖွဲ့ဝင်အများစုမှ ဒီကေဘီအေအဖြစ် ဆက်လက် ရပ်တည်ကြပြီး မြန်မာစစ်တပ်ကို တိုက်ခိုက်မှုတွေ ပြုလုပ်ရာမှ ၂၀၁၁ခုနှစ် နိုဝင်ဘာလတွင် တဖန် မြန်မာအစိုးရနှင့် အပစ်ရပ် လက်မှတ်ထိုးခဲ့ကြသည်။

လက်မှတ် ထိုးပြီး နောက်ပိုင်း ၄င်းတို့ ဌာနချုပ် တည်ရှိရာ ဆုံဆည်းမြိုင်ဒေသတွင်ပင် လွန်ခဲ့သည့် နှစ်က ၁၇နှစ်ပြည့် ဒီကေဘီအေ နှစ်ပတ်လည်အခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ရာမှ ယခုနှစ်တွင် ကျရောက် မည့် ၁၈နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကိုလည်း ဆက်လက် ကျင်းပသွားခြင်း ဖြစ်သည်ဟု သိရှိရသည်။



Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment