Saturday, May 18, 2013

ခြေတုလက်တု စက်ရုံ မိုဘိုင်းဝန်ဆောင်မှုပေးမည်

စက်ရုံတွင် ခြေတုတစ်ချောင်း ထုတ်လုပ်နေသည်ကို ဧပြီလကုန်ပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ - PMMZစက်ရုံတွင် ခြေတုတစ်ချောင်း ထုတ်လုပ်နေသည်ကို ဧပြီလကုန်ပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ - PMMZ
ကရင်ပြည်နယ်ရှိ ဘားအံခြေတု လက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာန (Hpa-an
Orthopaedic Rehabilitation Centre) မှ ရပ်ဝေး ခေါင်သီဒေသများရှိ ခြေတုလက်တု လဲလှယ်
မည့်သူများအတွက် မိုဘိုင်း (ဒေသများအရောက် သွားရောက် ၀န်ဆောင်မှုပေးမည့်) အစီအစဉ်
ပြုလုပ်နိုင်ရန် ပြင်ဆင်နေသည်။
"ကျွန်တော်တို့ ဌာနနဲ့ အလှမ်းဝေးလွန်းတဲ့နေရာတွေက လူနာတွေအတွက် ဒီအစီအစဉ်ကို စဉ်းစား
ဖြစ်တာပါ။ ခြေတုလဲဖို့လိုအပ်တဲ့ ပစ္စည်းတွေအစုံအလင် သယ်ဆောင်သွားမှာပါ။ ၀န်ဆောင်မှု
အသစ်အဖြစ် အစီအစဉ်ရေးဆွဲနေပါတယ်"ဟု ဘားအံခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေး
ဌာနမှ ဒုတိယ မန်နေဂျာ ဦးထွန်းထွန်းလတ်က ပြောသည်။
အဆိုပါ ခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ
ကော်မတီ၏ ကူညီပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ တာဝန်ယူဆောင်ရွက်သည့် လုပ်ငန်း
ဖြစ်ပြီး ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းနှင့် တနင်္သာရီ
တိုင်းဒေသကြီးများတွင် ၂၀၀၃ ခုနှစ်မှစတင်၍ ဌာနများ ဖွင့်လှစ်ထားရှိသည်။
"စဖွင့်တဲ့အချိန်ကနေ ခုချိန်ထိတော့ တစ်ယောက်စကားတစ်ဆင့်နဲ့ ဌာနကို လာရောက်သူအရေ
အတွက် ပိုများလာတယ်။ ဘယ်လိုလာမရမလဲ မသိတဲ့သူတွေကိုလည်း ပထမတစ်ခေါက်လာဖူးသူ
တွေက လမ်းညွှန်ခေါ်လာပေးကြတယ်။ တစ်နှစ်ပတ်လုံးလာကြပေမယ့် နွေရာသီ ကျောင်းပိတ်ရက်
မှာတော့ ကလေးအတွက် သီးသန့်စီစဉ်ပေးတယ်" ဟု ဦးမင်းမင်းလတ်က ပြောသည်။
တပ်ဆင်ပြီးသော ခြေတုတစ်ချောင်းသည် ရာသီဥတုဒဏ်၊ အသားကျုံ့ခြင်း၊ ကြွခြင်းများကြောင့်
သုံးနှစ်တစ်ကြိမ် မလဲမနေရ လဲလှယ်သင့်ပြီး ခြေဖ၀ါးပိုင်းများကို အဓိက ပြန်လည်တပ်ဆင်ပေးရ
ကြောင်း ဘားအံခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာန၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်
သန်စွမ်းရေးဌာနမှူး Mr Joel Nininger က ပြောသည်။
"ခြေတုလက်တုတပ်ဆင်ရတဲ့ အဖြစ်များသူတွေက မြေမြှုပ်မိုင်း၊ မွေးရာပါ ရောဂါပါသူတွေနဲ့
ရုတ်တရက် ထိခိုက်ဒဏ်ရာရသူတွေပါ။ ပြန်လည်တပ်ဆင်ရာမှာ နည်းပညာပိုင်းက အလွန်အရေး
ကြီးပါတယ်။ ခြေစဖြတ်တဲ့အချိန်မှာ ဖြတ်ထားတာ မသပ်ရပ်ရင် ကျွန်တော်တို့ ခြေတုပြန်လုပ်တဲ့
အချိန်မှာတော့ အခက်အခဲဖြစ်ပါတယ်"ဟု Mr Joel Nininger က ပြောသည်။
ဘားအံ ခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနမှ နှစ်စဉ် ခြေတု အချောင်း ၁၀၀ ကျော်
ပုံမှန်ထုတ်လုပ်လျက်ရှိပြီး ခြေတုလက်တု လာရောက် တပ်ဆင်သူများအတွက် ခြေတု၊
လမ်းလျှောက်လေ့ကျင့်ခန်း၊ အားပြုအကူပစ္စည်းများ (လက်ထောက်၊ ချိုင်းထောက်၊ လမ်းလျှောက်
အကူ-ထောင့်လေးထောင့်ဖရိန်၊ တုတ်ကောက်)၊ ဘီးတပ်ကုလားထိုင်၊ ခြေအိတ်များ၊ နေရာထိုင်ခင်း၊
စားစရာ နှင့် ခရီးစရိတ်များ အခမဲ့ထောက်ပံ့ ပေးလျက်ရှိသည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment