Tuesday, June 11, 2013
ခေါင်းဆောင်ကိုလေးစားပါ။ မကန်တော့သင့်ပါ။
သူကိုလူတွေက ကိုယ်ဆန္ဒအလျောက်ရိုသေလေးစာလို့  လက်အုပ်ချီခိုင်းတဲ့ပုံစံမျိုးပေါ့။
ဆရာဆရာမတွေပါ သူကိုလက်အုပ်ချီနေရတာတွေကိုမှတ်မိကြဦးမှာပါ။ ဒေါ်အောင်ဆန်းစုကြည်က အခု ဗိုလ်ချုပ်ခင်ညွန့် ထက်ကိုသာလာပါတယ်။  လူတွေက ထိုင်ကန်တော့ကြခြင်းဖြစ်ပါတယ်။
လူလူခြင်းကန်တော့ခံတဲ့လုပ်ရပ်ကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တားမြစ်သင့်ပါတယ်။ ဒါဟာ ပဒေသရာဇ်ယဉ်ကျေးမှုဖြစ်ပြီး လွဲမှားတဲ့အယူတွေဖြစ်ပါတယ်။
မြန်မာရိုးရာယဉ်ကျေးမှုအရေ မိဘ၊ သက်ကြီး၇ွယ်အိုနဲ့   ဆရာဆရာမတွေကို ကျနော်တို့ ကန် တော့ကြပါတယ်။ ဒါက ယဉ်ကျေးမှုအရ ရိုသေလေးစားမှုအရသာဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာလဲ မိဘအရွယ်ဖြစ်လာတဲ့အတွက် အခါကြီးရက်ကြီးတွေမှာသူဆီကိုသွားပြီး ကန်တော့နိင်ပါတယ်။ ဒါပေမဲ့ဒီကန်တော့မှုပူဇော်ခံမှုတွေကို နိင်ငံရေးမျက်နှာစာမှာတော့မဖြစ်စေချင်ပါ။ မကျင့်သုံးစေချင်ပါ။
ဒီယဉ်ကျေးမှုကို လူမှုရေးမှာပဲထားစေချင်ပါတယ်။ နိင်ငံရေးမှာ ဒီအလေ့ကို သွပ်သွင်းလာရင်တော့ မကောင်းတဲ့ အဓိပါယ်မျိုးစုံထွက်လာနိင်တဲ့အတွက်ဒေါ်စုအနေနဲ့  လူတွေကို တားမြစ်သင့်တယ်။ လူထုက ခေါင်းဆောင်ဆိုသူတွေကိုဦးကျိုးသွားသလိုဖြစ်သွားနိင်တယ်။ ဒီလိုဦးကျိုးသွားခြင်းဟာ လူအရည်အသွေးကိုကျဆင်းစေပြီး ဒီမိုကရေစီယဉ်ကျေးမှုကို နှောင့်နှေးစေတယ်။
အာဏာရှင်စနစ်ကို ပြန်လည်ဦးတည်သွားစေနိင်လို့ ဖြစ်ပါတယ်။  ဒေါ်စုအနေနဲ့ဒီဖြစ်ရပ်တွေကို မသိကြိုးကျွံမပြုသင့်ပါ။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:
0 comments:
Post a Comment