Wednesday, June 19, 2013

တိုင်းရင်းသားဒေသအပေါ် ကျင့်သုံးနေကြ အစိုးရတပ်များ၏ စရိုက်


ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဓါတ်ပုံ မြ၀တီ)
လူ့အခွင့်အရေး ဆိုသည် မရှိ။ အနိုင်ရရေးသည်သာ ပဓါန။ ဘယ်သူသေသေ ငါတေမာရင်ပြီးရော။ ဖိနှိပ်ထားမှ တော် ကာကျမည်။ မြေလှန်ပစ်။ ငါးပါးမှောက်အောင် ကျောင်းမှန်းကန်မှန်းသိအောင် ဆုံးမထား။ မင်းအမေလားဆွဲဖျဲပစ်။ ထုံးစံအတိုင်း စီရင်လိုက်။ စသည့်စသည့်--- အစိုးရတပ်များ၏ ကျင့်စဉ်များသည် သာမာန်လူသား သဘောဟုမထင်ပါ။
မူဝါဒ၊ စစ်အာဏာရှင်ဝါဒ၊ မဟာလူမျိုးကြီးဝါဒ၊ အမိန့်ပေးရေးဝါဒ၊ ရေဗူးပေါက်တာ မလိုချင်သည့်ဝါဒ၊ ဗိုက်ထဲကကလေးပါမကျန် လူမျိုးရေးညှင်းသတ်ဝါဒ၊ လူမျိုးရေးမှိုင်းတိုက်မှုဝါဒ၊ အပေါ်စီးဖြင့် အသားပေးမှုဝါဒ၊ ချိုးနှိမ်ထားမှုဝါဒ၊ ခြိမ်းခြောက်မှု ၀ါဒ၊ပညာမတတ်စေမှုဝါဒ၊ မှတ်ပုံတင်ဖြင့် ကန့်သတ်ချုပ်ချယ်မှုဝါဒ၊ လျစ်လျူရှုမှုဝါဒ စသည့် စသည့် -- နည်းဗျူဟာများဖြင့် လည်းကောင်း-
အကြောင်းမဲ့ သတ်ဖြတ်ပြမှု၊ မီးရှိ့မှု၊ မုဒိန်းမှု၊ လယ်သိမ်းမှု၊ ယာသိမ်းမှု၊ စီးပွားပျက်စေမှု၊ မောင်းထုတ်မှု၊ စစ်ပြေး ဒုက္ခသည်များ ဖြစ်စေမှု၊ အစာငတ်ထားမှု၊ မူးရစ်ဆေးဝါးဖြင့် မှိုင်းတိုက်မှု၊ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲစေမှု၊ အစီ စဉ်ရှိ ရှိလူမျိုရေးဝါးမျိုမှု၊ အနိုင်ကျင့်မှု၊ အနိုင်ယူမှု စသည့်စသည့်----- နည်းမျိုးဖြင့်လည်းကောင်း-
ထိုးစစ်စစ်ဆင်မှု၊ စစ်တပ်အင်အားတိုးချဲ့ချထားမှု၊ ပေါ်တာအသုံးပြုမှု၊ ကလေးစစ်သား အသုံးပြုမှု၊ အဓမ္မစစ်သားစု ဆောင်းမှု၊ အာဏာအလွဲသုံးစားပြုမှု၊ ရွာပြင်မထွက်ရ၊ တနေရာတည်းလူစုထားမှု၊ လူသားဒိုင်းအသုံးပြုမှု၊ အပြင် စစ်ဘုရင်ဝါဒများ စသည့်စသည့်----
ဤစနစ်များသည် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေ၀င်း နိုင်ငံတော် အာဏာသိမ်းပြီး ကတည်းက စတင်အသုံးပြုခဲ့ပြီး ယနေ့ အထိတွင်ကျယ်စွာ အသုံးပြုနေဆဲဖြစ်ပါသည်။ မြန်မာနိုင်ငံသည်၊ ပြည်ထောင်စု တိုင်းရင်းသားပိုင် နယ်မြေဖြစ်ပါသည်။ အင်အားကြီးသူက အင်းအားသေးငယ်သည့် လူမျိုးစုများကို အနိုင်ကျင့်ခြင်း၊ တန်းတူအခွင့်အရေးမပေးခြင်း၊ နိုင်ငံ တော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို တဖက်သတ်ရေးဆွဲခြင်း၊ စသည့်လူမျိုးခွဲခြား သတ်မှတ်မှုများလည်း ယနေ့အ ထိရှိနေဆဲ ဖြစ်ပါသည်။
အနီးကပ်ဆုံး လက်တွေ့ အခြေအနေတခုကို တင်ပြချင်ပါသည်။ အစိုးရတပ်ဖွဲ့များသည် ရှမ်းပြည်မြောက်ပိုင်း တအာင်း ဒေသတွင် ပြင်းထန်စွာ စစ်ဆင်နေပါသည်။ ယင်းတအာင်းဒေသတွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မ တော် (TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)နှင့်၊ ကချင်လွတ်လပ်ရေးတပ်မတော်( KIA)တပ်ဖွဲ့တို့ ရှိကြပါ သည်။
ဤတပ်ဖွဲ့များကို ပြီးခဲ့သည့် ၂၀၁၃ နှစ်ဆန်းကတည်းကပင် ထိုးစစ်ဆင် တိုက်ခိုက်နေခဲ့ပါသည်။ အစိုးရသည် တရုတ် ပိုက်လိုင်း လုံခြုံရေး၊ မူးရစ်ဆေးဝါး စိုက်ပျိုးမှု လုံခြုံရေး ၊ အခြားတရုတ်စီးပွားပိုင် သစ်ထုတ်လုပ်ရေးနှင့် သယံဇာတ ထုတ်လုပ် ရေးကို အကာအကွယ်ပေးရန် ၄င်းတပ်ဖွဲ့များအား စစ်ဆင်နေခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုပါသည်။
စစ်ဆင်ရာတွင်လည်း အရပ်သားလူထုအပေါ် ညှင်းပမ်းသတ်ဖြတ်မှု၊ အကြောင်းမဲ့ပစ်သတ်မှု အကြောင်းကိုမည်သို့ မည်ပုံလုပ်ခဲ့သည်ကို http://jinghpawkasa.blogspot.com/2013/06/blog-post_19.html ဖြင့် တင်ပြလိုပါသည်။


လမ်းပြအရပ်သားတဦးကို ပစ်သတ်ခြင်း
Jinghpaw  (ဇွန် ၁၉)ရက်နေ့

ကေအိုင်အိုအစိုးရ ထိန်းချုပ်နယ်မြေဖြစ်သော ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်ရင်း (၃၆) နယ် မူဆယ်မြို့နယ် မုန်ကူးနောင်းဆိုင် ကျေးရွာရှိကလေး () ဦး၏ ဖခင်ဖြစ်သော ဦးဇခုံလွမ်းခေါင်ကို ဗမာအစိုးရ စစ်တပ် ခလရ (၁၂၈) မှဇွန် (၁၄)ရက်နေ့တွင် ရှေ့တန်းတစ်နေရာ၌ ပစ်သတ်ခဲ့ကြောင်း သိရှိရပါသည်။ 
ဖြစ်စဉ်မှာ မုန်ကူး အခြေစိုက် ပတစတပ်များနှင့်ခလရ (၁၂၈) သို့သည် ကေအိုင်အေ တပ်ရင်း (၃၆) ဒေသဖြစ်သော နောင်းဆိုင်ကျေးရွာသို့ ဇွန်လ (၁၄) ရက်နေ့မနက် (၃း၃၀) နာရီခန့်တွင်တရုတ်လူမျိုး ဖြစ်သော လောရှန်ဂျိုင်းကိုလမ်းပြအဖြစ်ခေါ်ဆောင်က ရောက်ရှိလာကြောင်း၊ နောင်းဆိုင် ကျေးရွာမှဥက္ကဌဦးဒဘန်ဘရန်နန်ကို လမ်းပြရှာ ပေးရန် ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။ ရွာသူရွာသား အားလုံးမှာ စစ်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေး တိန်းရှောင် ကုန်ပြီဖြစ်ကြောင်းနှင့် ရွာစောင့် အဖြစ် ဦးဇခုံလွမ်းခေါင်သာ ကျန်ရှိခဲ့ကြောင်း၊ ဗမာစစ်တပ်မှ ဦးဇခုံလွမ်း ခေါင်ကို ခေါ်ကာ နောက်တစ်ရွာအထိ လိုက်ပြပြီးလျှင် ပြန်လည် လွတ်ပေးမည်ဖြစ်ကြောင်း ကတိတွေပေး ကာခေါ် ဆောင်သွားကြောင်း သိရှိရပါသည်။
ဗမာ စစ်တပ်များမှ ဦးဇခုံလွမ်းခေါင်ကို လမ်းပြအဖြစ် ခေါ်ဆောင်ကာ ဆက်လက် ချီတက်ရာ မုန်နာဇွပ်အရောက်တွင် ကေအိုင်အေ တပ်ရင်း (၃၆) မှမျိုးချစ်ရဲဘော်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ လမ်းပြအဖြစ် ခေါ်ဆောင်လာသော ဦးဇခုံလွမ်းခေါင်ကို ရန်သူရှိတဲ့ဘက် ခေါ်ဆောင်လာသည်ဟု အပြစ်တင်ကာ ထိုးကြိတ်ရိုက်နက်ခဲ့သည်ကို ဂေါန်ဆန်ရွာသားများမှ အဝေးမှလှမ်းမြင်ခဲ့ကြောင်း သိရှိရပါသည်။ ဆက်လက်ပြီး မုန်နာဇွမ်မှ () နာရီကျော်ခန့် သွားရသော နမ်ဂတ်နှင့် ယန်းလားကျေးရွာကြားတွင် တဖန် ကေအိုင်အေ မျိုးချစ်ရဲဘော်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ဤသို့ တိုက်ပွဲ တစ်ဖန်ဖြစ်ပွားရာ ဦးဇခုံလွမ်းခေါင်ကို ဗမာစစ်တပ်မှ ပစ်သတ်ခဲ့ကြောင်း သိရှိရပါသည်။ 
ဇွန်လ (၁၅) ရက်နေ့တွင် ဦးဇခုန်လွမ်းခေါင်၏ အလောင်းကို လာရောက် ကောက်ယူရန် ဖုန်းဆက် အကြောင်းကြားမှုကြောင့် ရွာသားများမှ အလောင်းသွားကောက်ရန် အသွား ခလရ (၁၂၈)  နေရာသို့ အစားထိုးရောက်ရှိလာသော ခလရ (၂၄၂) မှ အလောင်းသွားရောက် ကောက်ယူရန် ပြန်လည် တားဆီးခဲ့ကြောင်း သိရှိရပါသည်။ 

ဇွန် (၁၅) ရက်နေ့ညနေ (၄း၃၀) နာရီခန့် အချိန်တွင် လွေဲလောမ့်အနီးတစ်ဝိုက်၌ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ကြောင်းလည်း သိရှိရပါသည်။ ယခုအခါ ဦးဇခုံလွမ်းခေါင်၏ အလောင်းကို ပြန်လည် ကောက်ယူရရှိပြီး ဖြစ်ပြီး ယနေ့ဇွန် (၁၉) ရက်နေ့တွင် နောင်းဆိုင်ရွာ၌ မြုပ်နံရန် ပြင်ဆင်လျှက် ရှိကြောင်း သိရှိရပါသည်။ ဗမာစစ်တပ်များ၏ ပစ်သတ်ခြင်း ခံရသော ဦးဇခုံလွမ်းခေါင်တွင် မိခင်အိုနှင့်အတူ ဇနီး၊ သားသမီး () ဦး ကျန်ရစ်ခဲ့ကြောင်း၊ အငယ်ဆုံးမှာ တစ်နှစ်ကျော် ဖြစ်ကြောင်း သိရှိရပါသည်။


ဤသည်မြန်မာ စစ်တပ်၏ ကျင့်သုံးနေကြ နည်းနာဖြစ်ပါသည်။ တိုက်ပွဲဖြစ်ပြီးဆိုပါက နီးစပ်ရာကျေးရွာထဲသို့ လက်နက်ကြီးဖြင့် ပစ်သွင်းခြင်း၊ ၄င်းတို့ ထိခိုက်မှုများခဲ့ပါက တွေ့ရှိသော ရွားသားများအား ပစ်သတ်ခြင်း၊ အမျိုးသမီးပေါ်တာ၊ ကလေးပေါ်တာ ခိုင်းခြင်းဖြစ်လာလေတော့သည်။
ဤတင်ပြမှုများသည် စာတွေ့မဟုတ်ပေ။ လက်တွေ့သက်သက်ဖြစ်သည်။ မယုံမရှိကြလေနှင့်၊ သတင်းအမှောင်ချထားလို့သာ မသိကြခြင်းဖြစ်ပါသည်။ တောနှင့်မြို့၊ လူမျိုးတမျိုးနှင့် တမျိုး၊ ခွဲခြား ဆက်ဆံ ထားမှုနောက်ကွယ်တွင် ချင်းချင်း ရန်တိုက်ပေးထားခဲ့ပါသည်။
ဤသို့သော် လုပ်ရပ်မျိုးကို ကျင့်သုံးနေကြသည့် စစ်တပ် ၊ရဲပြည်သူ့စစ်၊ စွမ်းအားရှင်နှင့်ထောက်လှမ်းရေး ကွန်ယက်များသည် မည်သို့မှ ပြည်သူများ ယုံကြည်ကြလိမ့်မည် မဟုတ်ပေ။ ဤသို့ကြောင့် စစ်အာဏာရှင် စနစ်ဟူသည်မှာ လုပ်ရပ်မျိုးကိုခေါ်ပါသည်။
ဦးသိန်းစိန်အစိုးရ၏ လက်အောက်ခံ တပ်ဖွဲ့များသည် အထက်ပါ တင်ပြခဲ့သော မူဝါဒစနစ်အတိုင်း ကျင့်သုံးနေဆဲဖြစ်သည့်အတွက် အစိုးရက ပြုပြင်ပြောင်းနေပါသည်ဟု ပြောဆိုနေခြင်းသည်၊ အဓိပ္ပါယ်သိပ်မရှိလှပေ။
အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့သည် ၂၀၀၈ ဥပဒေ၏ ဖွဲ့စည်းပုံ အတိုင်း လွတ်တော်တွင်း စစ်တပ်အမတ်များ တည်ရှိမှုကို ထောက်ခံနေဆဲဖြစ်ပါသည်။ တပ်မတော်သာလျှင်အမိ၊ တပ်မတော်သာလျှင် အဖသည် လူသားများကို စော်ကားနေခြင်းပင်ဖြစ်ပါသည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment