Tuesday, June 18, 2013

TNLA စစ်ဒေသနှင့် KIA တပ်မဟာ (၄)ဒေသတွင် တိုက်ပွဲပြင်းထန်နေ


အစိုးရ၏ စစ်ဆင်ရေး ဧရိယာများ အစိုးရ၏ စစ်ဆင်ရေး ဧရိယာများ (ဓါတ်ပုံ - TNLA)
ကွတ်ခိုင်မြို့နယ် အခြေစိုက်တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ရင်း ၁၁၂ နှင့် ကွန်လုံမြို့ အခြေစိုက်အစိုးရ ခလရ ၁၄၅ အဖွဲ့တို့ ယနေ့ နေ့လည်ပိုင်း ၁၁ နာရီ အချိန်တွင်နမ့်ခမ်းမြို့နယ် နမ့်ဖက်ကာတွင် တစ်ကြိမ် နှင့် ကွတ်ခိုင် မြို့နယ် ငေါ့ငါးကျေးရွာ အထက်ပိုင်းတွင် တစ်ကြိမ် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့သည်ဟု TNLA ပြောခွင့်ရ ဗိုလ်မှူး တာဘုန်းကျော်ဆိုပါသည်။ 
ဖြစ်ပုံကတော့ကျနော်တို့တပ်ရင်း ၁၁၂ တို့ရဲ့ ပြောက်ကျား တပ်စခန်းရှိရာ တောင်ထိပ်ဆီကို  ခလရ၁၄၅ အင်အား ၁၂၀ ကျော်က လက်နက်ကြီး အင်အား သုံးပြီးတော့ () နာရီကျော်ကြာ တက်ရောက် တိုက်ခဲ့တာပေါ့။ ခလရ ၁၄၅ ဖက် ကတော့ ဗိုလ်မှူး စောယုနိုင် ဦးဆောင်တယ်။ ကျနော်တို့ ဖက်ကတော့ တပ်ရင်း ၁၁၂ က တပ်ရင်းမှူး တာဝိန်းမာနှ်က ဦးဆောင်နေပါတယ်။ အထိအခိုက်တော့ လောလောဆယ် မသိရသေးဘူး၊ လောလောဆယ်တွေမှာတော့ သဲကြီး မဲကြီးကို တိုက်ခိုက်နေပါတယ်ဟု ဆိုပါသည်။
အလားတူ ယနေ့ ညနေ () နာရီခွဲ အချိန်တွင်လည်း ရှမ်းပြည် မြောက်ပိုင်းရှိ KIA တပ်မဟာ (၄)လက်အောက်ခံ တပ်ရင်း (၃၆) တပ်ဖွဲ့သည် စစ်ဆင်လာသည့် အစိုးရ ခမရ (၂၄၂) တပ်ဖွဲ့များနှင့် မူဆယ် မြို့နယ် မုန်ဘော် ၀င်းဆိုင်ကျေးရွာများ၌ ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွား ခဲ့သည်ဟု KIA စစ်ရုံး အရာရှိ တစ်ဦးက ဆိုပါသည်။
မနက် မိုးလင်းတာနဲ့ လက်နက်ကြီးနဲ့ စပစ်ခတ်တယ်။ အနီးကပ်လဲ တက်တိုက်တယ်။ အဲဒါကြောင့်တစ်နေ့ကုန် တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်။ အစိုးရ တပ်ဖွဲ့တွေက ဝင်းဆိုင် ဒေသခံ နေအိမ်များကိုမီးရှို့ဖျက်ဆီးတဲ့ အတွက်ကြောင့် အိမ် (၆) လုံး လောင်သွားခဲ့တယ်ဟု ဆိုပါသည်။
ဤတိုက်ပွဲတွင် အစိုးရ ခမရ (၂၄၂) စစ်ကြောင်းများ၏ ပယမ်းပတာ ပစ်ခတ်မှုနှင့်ကျေးရွာတွင်း မီးဝင်ရှို့မှုတို့ကြောင့် ၀င်းဆိုင် ကျေးရွာမှာ မီးလောင် သွားကြောင်း ဆိုပါသည်။ ခမရ (၂၄၂) စစ်ကြောင်းသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့ကပင် ထိုးစစ်ဆင်ခဲ့ပြီး နယ်မြေ ရှင်းလင်းရန် အကြောင်းပြခဲ့ပါသည်။
အလားတူ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် မြို့နယ် တာခေါ်ချောင်း ကျေးရွာဖက်၌ အခြေချနေသော KIA တပ်ရင်း (၂၇) စခန်းများကိုလည်း ၀င်ရောက် တိုက်ခိုက်ခဲ့ပါသည်။
ယခုတိုက်ပွဲသည် KIO နှင့် အစိုးရတို့ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွေ့ဆုံဆွေးနွေးပွဲ နောက်ပိုင်းဖြစ်ပွားခဲ့သော အပြင်းထန်ဆုံး တိုက်ပွဲပင်ဖြစ်ကြောင်း ဆိုပါသည်။
အစိုးရ တပ်ဖွဲ့များသည် တရုတ် ပိုက်လိုင်း လုံခြုံရေးကို အကြောင်းပြပြီး ရှမ်းပြည်မြောက်ပိုင်းရှိ TNLA SSPP နှင့် KIA တပ်ဖွဲ့များကို ၄င်းနယ်မျြေမှ ရှင်းလင်းနေခြင်း ဖြစ်ကြောင်း တာဖုန်းကျော်က ဆိုပါသည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment