Tuesday, July 23, 2013

နှိပ်စက်မှုကြောင့် ဘ၀ပျက်ပြီး ပြန်လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသား တဦးအကြောင်း

စောကျော်မျိုးမြင့် ထောင်မှလွတ်လာစဉ် စောကျော်မျိုးမြင့် ထောင်မှလွတ်လာစဉ် (ဓါတ်ပုံ - DVB)
သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်း ချမ်းသာခွင့် အရ နိုင်ငံရေး အကျဉ်းသား ၇၃ ဦးကို အစိုးရက ယမာန်နေ့ ညနေပိုင်းတွင် ပြန်လည် လွှတ်ပေး ခဲ့ပါသည်။ ဤစာရင်းထဲတွင် နိုင်ငံရေး အကျဉ်းသား ကွန်ယက် စာရင်း များအရ နိုင်ငံရေးကျဉ်းသား ၆၈ ဦးသာ ပါဝင် သည်ဟု ဆိုပါသည်။ 
အကျဉ်းထောင် ထဲ နိုင်ငံရေး အကျဉ်းသား ၂ဝဝ နီးပါး ရှိသည့် အထဲတွင် ၆၈ ဦးကို သမ္မတမှ လွတ်ငြိမ်းချမ်း သာခွင့် ပေးလိုက်ခြင်း ဖြစ်ပါသည်။ ဤသည် သမ္မတ ဦးသိန်းစိန်၏ ဥရောပ ခရီးစဉ် အတွင်း နိုင်ငံတကာ အဖွဲ့အစည်း များ၏ တောင်းဆိုချက် အရ လိုက်လျှော ခဲ့ခြင်း ဖြစ်ဖွယ် ရှိပါသည်။
လွတ်မြောက်လာသူ နိုင်ငံရေး အကျဉ်းသားထဲမှ မော်လမြိုင် အကျဉ်းထောင်မှ လွတ်လာခဲ့သူ ကရင် အမျိုးသား စောကျော် မျိုးမြင့်လည်း တဦး အပါအ၀င် ဖြစ်ပါသည်။ သူသည် လွတ်လွတ်ချင်း စစ်ကျောရေးမှာ ခါးရိုးဆစ်ထိ သွားတဲ့ အတွက် အရင်ဦးဆုံး ဆေးကုမယ်။ ပြီးရင် ကျနော်က ကရင် အမျိုးသား တယောက် ဖြစ်တယ်။ ဒါကြောင့် ကရင် ခေါင်းဆောင် စောဘဦးကြီးရဲ့ မူ ချက် အတိုင်း ဆက်လက် ကျင့်သုံး သွားပြီး အနာဂတ်မှာ KNU နှင့် အတူ လက်တွဲ လုပ်ဆောင် သွားမည်ဟု ဆိုပါသည်။
စောကျော်မျိုးမြင့်သည်၂၀၀၇ ခုနှစ်မတ်လတွင် ကရင်ပြည်နယ် နယ်စပ် တနေရာတွင် ဖမ်း ခံခဲ့ရပြီး နယ်စပ် ဖြတ်ကျော်မှု၊ မတရား အသင်းနှင့် သူပုန် ဆက်သွယ်မှု ပုဒ်မ ၁၇/အပါအ၀င်  နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ () ဖြင့် အရေး ယူခံ ခဲ့ရပြီး ထောင်ဒဏ် (၁၃) နှစ် ချမှတ် ခံခဲ့ရခြင်း ဖြစ်ပါသည်။
စစ်ကြောရေး ကာလညှင်းပမ်း နှိပ်စက်ခံ ရမှုကြောင့် ပုံမြင်ရသလို ခါးရိုးဆစ် ထိခိုက် သွားသဖြင့် လမ်းလျှောက် မရတော့ဘဲ၊ လှည်းဖြင့် သွားလာ နေရပါသည်။ ၄င်းအားပေးသော ပြစ်မှုသည် ဖြစ်စဉ်နှင့် လွဲနေပြီး၊ စွပ်စွဲချက် များသည် မဟုတ်မ မှန်ဟု ဆိုပါသည်။ သို့သော် နှိပ်စက် မှုကြောင့် ၀န်ခံ ခဲ့ရသည့် အဖြစ်မျိုး ဘ၀ ပျက်သည် အထိ ခံခဲ့ရရှာပါသည်။
ထို့အပြင် ထောင်သွင်းနေစဉ် ကာလများလည်း ရင်နင့်ဖွယ်ရာ အဖြစ်အပျက်များ တွေ့မြင်ခဲ့ရကြောင်း၊ ဘ၀မှာလည်း ပျော် နိုင်ဖွယ်ရာ မရှိတော့ကြောင်း ပြောပါသည်။  ထောင်ထဲသို့ ဘ၀တူ အပြစ်မဲ့သည့် အကျဉ်းသား များလည်း တွေ့ခဲ့ရပါကြောင်း။ ထောင်ထဲတွင် အပြစ်မရှိပဲ အဖမ်းခံရသည့် လုပ်ဖော်ကိုင်ဖက် ရဲဘော် ဦး ကျန်ရှိ နေသေးသည်ကို ၀မ်းနည်းကြောင်း စောကျော်မျိုးမြင့်က ဆိုပါသည်။
အဖြစ်အပျက် များသည် ကံတရားအရ ဖြစ်လာခဲ့ခြင်း ဖြစ်သည်ဟု ပုံအပ်ပြီး မည်သူ့ကိုမျှ အပြစ်ပြောလိုမှု မရှိတော့ကြောင်း ဆိုသွားပါသည်။ ကွဲကွာ သွားသော မိသားစုများ မည်သည့် နေရာ၌ ရောက်ရှိနေသည်ကို မသိရသဖြင့် လိုက်ရှာ ရဦးမည် ဖြစ်ကြောင်း။
ကိုယ်ကာယျ အားဖြင့် မသန် မစွမ်းတော့သည့် ဘ၀မို့ မိသားစုမှ မည်သို့ သဘောထား သည်ကို မသိရှိရသေးကြောင်း။ လုပ်ဖော် ကိုင်ဖက်မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းများ အကူအညီဖြင့် မိသားစုနှင့် ဆက်သွယ်မည်ဟု ဆိုပါသည်။ အဖမ်း ခံရပြီး ထောင်ထဲတွင် ရှိနေခဲ့သည့် အချိန် တစ်လျှောက်လုံးတွင် မိသားစုမှ လာရောက် ဆက်သွယ်ခြင်း မရှိခဲ့သဖြင့် စိုးရိမ်မိခဲ့ ကြောင်း စောကျော်မျိုးမြင့်က ဆိုပါသည်။
ထောင်တွင်း အနိဌာရုံ များသည် တရားမှု ၊ မတရား မှုများဖြင့် ရှိနေသော်လည်း အရာရာသည် လာပ်ပေး လာပ်ယူများဖြင့် သာ လွှမ်းမိုးနေခြင်း ဖြစ်ပြီး မြန်မာနိုင်ငံသူ နိုင်ငံသားများ အတွက် ဤစနစ်မျိုး ပံ့ပျောက် သင့်ပြီးဟု ခံစား လာရပါသည်။ ယနေ့ အချိန် ကာလသည်လည်း ခေတ်ပြောင်း စနစ်ပြောင်းနေချိန် ရောက်ရှိနေသည့် အခါသမယတွင် စိတ်ကောင်း စေတနာ ကောင်းများဖြင့် နိုင်ငံ့ တာဝန်ကို ထမ်းဆောင်ကြပါရန်  လေးစားစွာ ပန်ကြား အပ်ပါသည်။
စောကျော်မျိုးမြင့်သည် ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ် ဇာတိဖြစ်ပြီး အသက် (၄၃) နှစ် ရှိပြီး ထောင်မှ လွတ်လာသည်နှင့် သူသည်၊
ဘာသာရေး အရ၊ လူမျိုးရေး အရ ထောင်က ထွက်လာတာ ဆိုတော့ ပျော်တယ်ပေါ့။ ဒါပေမယ့်လည်း ကျန်ရှိ နေသေးတဲ့ အညတရ နိုင်ငံရေး အကျဉ်းသားတွေ အတွက် ၀မ်းနည်း မိပါတယ်
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment