KNUတပ်မဟာ ၅ဆိုတာ အားလုံးသိကြသလိုပဲ KNUလက်အောက်မှာ ရှိတဲ့ ၇ခုရှိတဲ့ တပ်ဟာတွေထဲမှာ တခုအပါအ၀င်ဖြစ်ပြီး BGFဆိုတာကတော့ မြန်မာ စစ်တပ် လက်အောက်ခံ ရတခလို့ခေါ်တဲ့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကနေ တိုက်ရိုက်ကွပ်ကဲတဲ့ နယ်ခြားစောင့်တပ် အဖွဲ့ပဲ ဖြစ်ပါတယ်။
KNUတပ်မဟာ ၅နှင့် BGFတို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပါတ်သက်ပြီး သက်ဆိုင်ရာ ခေါင်းဆောင်တွေက တွေ့ဆုံကာ ညှိနှိုင်းခဲ့ကြတယ်ဆိုတာ ကြားသိရပေမယ့်လည်း ဘာတွေ ညှိနှိုင်းခဲ့လည်း ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မကြားခဲ့ရပါဘူး။
အဆိုးဆုံးကတော့ ညှိနှိုင်းဆွေးနွေးမှုအပြီး တင်းမာမှုတွေ လျော့နည်းသွားရမှာ ဖြစ်သော်လည်း လက်ရှိ တပ်မဟာ ၅မှာ BGFမှ စစ်ရေး ပိုမိုလှုပ်ရှားလာတာတွေ၊ စစ်ရေးပြင်ဆင်လာတာတွေလည်း ရှိနေတာကြောင့် တင်းမာမှုတွေ လျော့မသွားတဲ့ အပြင် တိုက်ပွဲတွေ ထပ်ဖြစ်လာဖို့ ရှိနေကြောင်း တပ်မဟာ၅ သတင်းအရင်းအမြစ်ကနေ ထပ်ကြားရပြန်ပါတယ်။
သို့သော်လည်း တပ်မဟာ ၅မှာ BGFက စစ်ရေးပြင်ဆင်နေလို့ တင်းမာမှုတွေ ဆက်ရှိနေသော်လည်း ကေအဲန်ယူ ထိပ်ပိုင်း ခေါင်းဆောင်တွေကတော့ အောက်ပါ ဓါတ်ပုံတွေထဲကလိုပဲ အပြုံးမပျက်ပဲ BGFခေါင်းဆောင်တွေနဲ့ ဖက်လှဲတကင်း ရှိနေခဲ့ကြတာကို ထူးခြားစွာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
အောက်ပါ ဓါတ်ပုံကတော့ BGFတပ်ရဲ့ သုံးနှစ်ပြည့်နေ့ အခမ်းအနားမှာ ကေအဲန်ယူ စစ်ဦးစီးချုပ်ကိုယ်တိုင် တက်ရောက်အားပေးတဲ့ ပုံဖြစ်ပါတယ်။

ယခုပုံကတော့ ကေအဲန်ယူအဖွဲ့တခုလုံးမှာ အမြင့်ဆုံးရာထူးတခုဖြစ်တဲ့ ဥက္ကဌရာထူးကို ပိုင်ဆိုင်ထားတဲ့ စောမူတူးစေးဖိုးနဲ့ BGFက မောင်ချစ်သူတို့ မဲဆောက်တနေရာမှာ ရင်းရင်းနှီးနှီး တွေ့ဆုံကြတဲ့ ပုံပဲဖြစ်ပါတယ်။
