Thursday, August 15, 2013

KNU/KNLAငြိမ်းနှင့် နယ်ခြားစောင့်တပ် တိုက်ပွဲဖြစ်ပွား

KNU/KNLAငြိမ်းအဖွဲ့မှ ဗိုလ်မှူးစောတိုက်ဂါး(စောအယ်ကော်ထူး)
KNU/KNLAငြိမ်းကောင်စီတပ်ဖွဲ့နှင့် မြန်မာစစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ်တို့ ယခုလ ၁၄ရက်နေ့ညက တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အသေအပျောက်လည်း ရှိသည်ဟု သိရှိရသည်။
မြ၀တီမြို့တောင်ဘက်ရှိ ဟွေ့မုတ်နှင့် မယ်ထော်သရေးဘက်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မြေလွတ်မြေရိုင်း ခွဲဝေယူရာကနေ တင်းမာမှုများ ဖြစ်လာပြီး ယခုလို တိုက်ပွဲ ဖြစ်ပွားရသည်ဟု ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။.
KNU/KNLAငြိမ်းအဖွဲ့မှ ဗိုလ်မှူးစောတိုက်ဂါးတပ်ဖွဲ့ဝင်နှင့် နယ်ခြားစောင့်တပ်မှ ဗိုလ်မုတ်သုံတပ်ဖွဲ့တို့ တိုက်ပွဲ ဖဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment