Sunday, September 1, 2013

BGF တပ်နယ် (၄) ပိုင်မော်တော်ယာဉ်သိမ်းဆည်းခံရမှု တာဝန်ရှိသူများမဖြေရှင်းပေးပါက ဒေသတွင်းပဋိပက္ခသို့ ဦးတည်လာနိုင်ဟုဆို

ကရင်ပြည်နယ်တွင်းနယ်ခြား စောင့်တပ်များစတင်ဖွဲ့စည်းခဲ့သော လွန်ခဲ့သည့် (၃) နှစ်ခန့်မှစတင်၍ နယ်ခြားစောင့်တပ်၊ အမှတ် (၄) တပ်နယ်မှ အသုံးပြုသည့် တပ် နယ့်ပိုင် မော်တော်ယာဉ်အား မြ၀တီခရိုင်၊ သင်္ဃန်းညီနောင် အခြေချစစ်ဗျူဟာ၊ စစ်ဗျူဟာမှူး ဖြစ်သူမှ ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်နေ့ နေ့လယ် ၃း၃၀ အချိန်က သိမ်းဆည်းခဲ့ပြီး အဆိုပါကားကို ဗျူဟာမှူးကိုယ်တိုင် စီးနင်းအသုံး ပြုနေကာ သိမ်းဆည်းရာတွင် လည်း တစ်စုံတစ်ရာအကြောင်း ပြချက်မပေးခဲ့သည့်အတွက်အဆို ပါကိစ္စအား တာဝန်ရှိသူများမှ အမြန်ဆုံးဖြေရှင်းပေးရန်နှင့် ဖြေ ရှင်းပေးခြင်းမပြုပါက ဒေသတွင်း ပဋိပက္ခသို့ဦးတည်လာနိုင်ကြောင်း BGF တပ်နယ်(၄) အကြံပေး အရာရှိချုပ် ဗိုလ်ကြီးစောမွန်လေး ကဆိုသည်။
““ဒီကားက တပ်နယ် (၄) စဖွဲ့ကတည်းက အသုံးပြုလာတဲ့ ကား။ လွန်ခဲ့တဲ့ (၃) နှစ်လောက် ကတည်းကပါ။ ခု အခြေချ စစ် ဗျူဟာစခန်းကို မောင်းသွားခိုင်း ပြီး သိမ်းထားလိုက်တယ်။ သိမ်း တယ်ပဲထားဦး ဒီတိုင်းသိမ်းထား လေ။ ခုကြတော့မဟုတ်ဘူး။ အဲဒီ က ဗျူဟာမှူးကိုယ်တိုင်က စီးနေ တယ်။ သူ့ကို ဒီ BGF အရာရှိ တချို့ ကားလက်ဆောင်တွေပေး ထားတာပဲ။ လိုင်စင်မဲ့ကား ဖမ်း မယ်ဆိုလည်း ကရင်ပြည်နယ်တစ် ခုလုံးအတိုင်းအတာနဲ့ဖမ်း။ ဒါမှ မဟုတ်လည်းဒီမှာရှိနေတဲ့လိုင်စင် မဲ့တွေအကုန်ဖမ်းလေ။ ဘာလို့ ကျွန်တော်တို့ BGF ကားကိုပဲ ရွေးဖမ်းရတာလဲ။ ဒီကိစ္စကို နိုင်ငံ တော်ရဲ့ တာဝန်ရှိသူတွေဖြစ်တဲ့ သမ္မတကြီး၊ ကာကွယ်ရေးဦးစီး ချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်တို့က ညွှန်ကြားပြီး ဖြေရှင်း ပေးပါ။ ဒါမှမဟုတ်ရင် ဒီဗျူဟာ မှူးရဲ့ အနိုင်ကျင့်မှုက ဒေသတွင်း ပဋိပက္ခကို ဦးတည်လာနိုင်တယ်”” ဟု အဆိုပါတပ်နယ် (၄) အကြံ ပေးအရာရှိချုပ် ဗိုလ်ကြီးစောမွန် လေးက ပြောကြားသွားသည်။
အဆိုပါကိစ္စနှင့် ပတ်သက် ၍ Hot News မှ မြ၀တီ၊ သင်္ဃန်း ညီနောင် အခြေချစစ်ဗျူဟာမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ (G2) ဗိုလ်မှူးကျော်ကျော်ဦး (ဖုန်း -၀၉ ၄၂၅၂၉၃၉၃၃) သို့ဆက်သွယ်ခဲ့ ရာတွင် မိမိတို့အခြေချစစ်ဗျူဟာ မှ ယင်းကားအားသိမ်းယူထား ခြင်းမရှိကြောင်း ဖြေကြားခဲ့ပြီး သြဂုတ်လ ၂၇ ရက် ည၁၀ နာရီ ကျော်အချိန်မှစ၍ အတည်ပြုရန် အကြိမ်ကြိမ်ဆက်သွယ်ခဲ့ရာတွင် လည်း တစ်ဖက်မှ ပြန်လည်ဖြေ ကြားခြင်း မရှိခဲ့ပေ။
ခန့်ခန့်(ဒဿနိက) The Voice
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment