Wednesday, September 11, 2013

သတင်းစာ ရှင်းလင်းပွဲမှ ကရင် ငြိမ်းချမ်းရေး ကောင်စီ၏ အသံများ

သတင်းစာ ရှင်းလင်းပွဲမှ ကရင် ငြိမ်းချမ်းရေး ကောင်စီ၏ အသံများ
ကရင် ငြိမ်းချမ်းရေး ကောင်စီ (KPC) အဖွဲ့နှင့် အစိုးရတို့သည် ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီ () ရက်နေ့တွင် အပစ်အခတ် ရပ်စဲခဲ့ပါသည်။ (KPC) အဖွဲ့ ကို ကရင် အမျိုးသား အစည်းအရုံး (KNU)မှ တပ်မဟာ ()မှူးဟောင်း ဗိုလ်မှူးချုပ် ထိန်မောင်က KNU မှ ခွဲထွက်ပြီး ဦးဆောင် ခဲ့ပါသည်။ 
၎င်းတို့သည် ပြည်တွင်းစစ် ရပ်စဲရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရန် အတွက် ရည်ရွယ်ပြီး အစိုးရနှင့် အပစ် အခတ် ရပ်စဲ ခဲ့သည်ဟု အဖွဲ့ တည်ထောင်စဉ် ကတည်းက ဗိုလ်မှူးချုပ် ဒေါက်တာ တီမသေက ပြောခဲ့ပါသည်။ ယခုအချိန် တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲ ထားသည်မှာ တနှစ်ကျော် ကြာလာခဲ့သော်လည်း ဆွေးနွေးမှုများမှ သဘော တူညီခဲ့ သည့် အရာများကို ယနေ့ အထိ အကောင်အထည် ဖေါ်မှု မရှိသဖြင့်  (KPC) အနေဖြင့် အားမလို အားမရ ဖြစ်လာကာ အစိုးရအား သွယ်ဝိုက်သော နည်း အား ဖြင့် ထုတ်ဖေါ်ပြောဆို လာခဲ့ ပါသည်။
(KPC ) ကောင်စီသည် ပြီးခဲ့သည့် စက်တင်ဘာလ (-) ရက်နေ့ များတွင် ပြည်တွင်း မီဒီယာ (၁၀) ဖွဲ့များအား ဖိတ်ခေါ်ပြီး သတင်း စာရှင်းလင်းပွဲ တရပ် ကျင်းပ ခဲ့ပါသည်။ ယင်း သတင်းစာ ရှင်းလင်းပွဲတွင် အစိုးရမှ ဦးဆောင် ဦးရွက် ပြုလုပ်နေသည့် အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်း ရေး ဆွေးနွေးမှု ဖြစ်စဉ်တွင် နှစ်ဦးနှစ်ဖက်မှ သဘော တူညီ ထားသော်လည်း မည်သည့် အရာများမှ အ စိုးရဖက်မှ အကောင်အထည် ဖော်ပေးခြင်း မရှိကြောင်း  ထုတ်ဖေါ်ပြောကြား လာပါသည်။
ဤသို့ကြောင့် သတင်းစာ ရှင်းလင်းပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် အစိုးရမှ (KPC )ကောင်စီအား မည်သို့ သော ဂတိနှင့် သ ဘောတူညီချက်များ ရယူ ထားသည်ကို သိရှိရန် သတင်းစာ ရှင်းလင်းပွဲကို ဦးဆောင်သည့် (KNLA-Peace )ကောင်စီမှ ဗိုလ်မှူးချုပ် ဒေါက်တာ တီမသေ အား ဆက်သွယ် မေးမြန်း ခဲ့ပါသည်။ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KPC) အဖွဲ့နှင့် အစိုးရ ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်း ကော်မီတီတို့သည် ၂၀၁၂ ခု နှစ်ဖေ ဖေါ်ဝါရီ ()ရက်နေ့တွင် တဖက် (၄) ဦး စီဖြင့် ပြည်နယ် အဆင့် အပစ် အခတ် ရပ်စဲရေး စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်ပါသည်။
အစိုးရသည် KNU အား (၁၉၉၄) ခုနှစ်တွင် ပြင်းထန်စွာ စစ်ဆင်ခဲ့ပြီး မာနယ်ပလော စစ်ဌာနချုပ် သိမ်းပိုက်နိုင်သည်အထိ အောင်မြင် ခဲ့ပါသည်။ ဤကဲ့သို့ KNU စစ်ဌာချုပ် မာနယ်ပလော ကျအောင် အစိုးရသည် KNU တပ်တွင်း မကြေနပ်မှု များကို ထိုးခွဲပြီးမှ အောင်မြင် ခဲ့ခြင်း ဖြစ်ပါသည်။ ဤအချိန်မှ စပြီး KNU သည် တပ်တွင်း မကြေနပ်မှုများ ကြီးထွား လာရာမှ အဖွဲ့များစွာ ကွဲထွက်လာ သလို အပစ်အခတ် ရပ်စဲရေးကြောင့်လည်း အမြင်ကွဲပြားမှုများ ဖြစ်ပေါ်ခဲ့ပါသည်။
ဤအထဲတွင် တိုးတက်သော ဗုဒဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA)၊ ကရင် ငြိမ်းချမ်းရေး အဖွဲ့ (ဟောင်သရော)၊ ပဒို အောင်ဆန်း(ဘုရားကုန်းအဖွဲ့) နှင့် ကရင် ငြိမ်းချမ်းရေး ကောင်စီ (KPC) တို့ ဖြစ်ကြပါသည်။ KPC သည် အစိုးရနှင့် အချက် (၇)ချက် ပါသော  သဘော တူညီချက်ဖြင့် စာချုပ် ချုပ်ပါသည်။ ဤစာချုပ်ကို ငြိမ်းချမ်းရေး တည်ဆောက်ရန် အတွက်ပဏာ မသဘော တူညီချက် ဟုလည်း ခေါ်ဝေါ်ကြပါသည်။
၁။       ကရင်ပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ကရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သော KNU/KNLA  ငြိမ်းချမ်းရေး ကောင်စီ တို့သည် ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံ ညှိနှိုင်းမှုများ ပြုလုပ် ခဲ့ကြသည်။ တွေ့ဆုံ ညှိနှိုင်း ဆွေးနွေးမှု၏ ရလဒ် အဖြစ် အောက်ပါ အချက် များကို သဘောတူ ညီခဲ့ ကြပါသည်။
(က)    တပ်မတော်နှင့် KNU/KNLA ငြိမ်းချမ်းရေး ကောင်စီတို့ အကြား လက်ရှိ တည်ရှိနေသော ငြိမ်းချမ်းရေး ကို ဆက်လက် ထိန်းသိမ်းမည်။
(ခ)     KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ ၀င်များကို (မဲလ၊ ထို့ကော်ကိုး) နေရာတွင် အခြေပြု နေထိုင်ရန် သဘောတူသည်။
(ဂ)     နှစ်ဘက် အပြန်အလှန် ပြောဆို ဆက်ဆံ ဆွေးနွေးမှုများ ပြုလုပ် နိုင်ရန် အတွက် နှစ်ဘက် သဘော တူညီသော နေရာများတွင် နှစ်ဘက် သဘော တူညီသော ပုဂ္ဂိုလ် များဖြင့် ဆက်ဆံရေး ဌာန၊ စခန်းများကို ထူထောင်မည်။ ကုမ္ပဏီ၏ စီးပွားရေး၊ ဆက်ဆံရေး ရုံးများကို ဘားအံ၊မြ၀တီ၊ ဘုရားသုံးဆူ၊ ကော့ကရိတ်၊ မောတောင်၊ ကော့သောင်း တို့တွင် ထားရှိရမည်။
(ဃ)    နှစ်ဘက် သဘော တူညီ ထားသော နယ်မြေများမှ အပ နယ်မြေ ကျော်လွန် လက်နက် ကိုင်ဆောင် သွားလာမှု များကို နှစ်ဘက် ကြိုတင် ညှိနှိုင်းပြီး ဆောင်ရွက်မည်။
(င)     ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့နှင့် KNU/KNLA ငြိမ်းချမ်းရေး ကောင်စီမှ အဆင့်မြင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့တို့သည် နှစ်ဘက် သဘော တူညီသော နေရာ၊  သဘော တူညီသော အချိန်ကာလတွင် တွေ့ဆုံ၍ နယ်မြေ တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေး၊ တပ်ဖွဲ့ဝင်များ အခြေချ နေထိုင် လုပ်ကိုင် စားသောက် နိုင်ရေးနှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိသည် အထိ ဆက်လက် ဆွေးနွေးရန် သဘောတူသည်။
(စ)     ပဏာမ ငြိမ်းချမ်းရေး ဆောင်ရွက်ပြီး သည့်နောက်တွင် တစ်ဖက်နိုင်ငံ၌ ရောက်ရှိနေသော တိုင်းရင်းသား တို့၏ ပြည်လည် ၀င်ရောက် အခြေချ နေထိုင်မည့် နေရာတွင် ၄င်းတို့ ၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပမ်း ဆက်သွယ်ရေး၊ ရေ၊ မီး အစရှိသည့် ဖွံ့ဖြိုးရေး လုပ်ငန်း များအတွက် အလျှင်အမြန် အကောင် အထည် ဖော်ဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံတော်မှ ခွင့်ပြု၍ ကိုယ်ထူကိုယ်ထ လုပ်ဆောင်ခွင့်ကို ပံ့ပိုး သွားမည်။
(ဆ)    KNU/KNLA ငြိမ်းချမ်းရေး ကောင်စီမှ တင်ပြထားသော ငြိမ်းချမ်းရေး အဓိပ္ပါယ် ဖွင့်ဆို ချက်များ အပေါ် မူအားဖြင့် သဘော တူညီ၍ နှစ်ဦးနှစ်ဖက်မှ ကြိုးပမ်း သွားမည် ဖြစ်သည်။
၂။       အထက်ပါ သဘော တူညီချက် များကို နှစ်ဦးနှစ်ဖက် လုံးမှ လိုက်နာ ထိန်းသိမ်း သွားရန် ကတိပြုကြောင်း အောက်တွင် လက်မှတရေးထိုးကြပါသည်။

ဤသည် ကရင် ငြိမ်းချမ်းရေး ကော်စီနှင့် အစိုးရတို့၏ သဘော တူညီချက် ဖြစ်ပါသည်။ အစိုးရသည် ပြည်နယ် အဆင့် အပစ်ရပ်ရေးကို လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တိုင်းက လက်မှတ် ရေးထိုး ရပါသည်။ အစိုးရသည်  ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီကို ဖွဲ့စည်းပြီး လုပ်ငန်း ကော်မီတီဖြင့်  ပြည်နယ် အဆင့် အပစ် အခတ် ရပ်စဲရေး မူ (၅) ချက်နှင့် ပြည်ထောင်စု အဆင့် အခြေခံ မူ (၈) ချက်ကို ၂၀၁၁ နိုဝင်ဘာလ၌ တရားဝင် ထုတ်ပြန် ကြေ ငြာပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲများ စတင်ခဲ့ပါသည်။
ဤကဲ့သို့ ပြည်နယ် အဆင့်နှင့် လက်မှတ် ရေးထိုးပြီး နောက်ပိုင်း ပြည်ထောင်စု အဆင့်နှင့် နိုင်ငံရေး ၊ စီးပွားရေး၊ ဒေသဖွံ့ ဖြိုးရေး ကိစ္စ များ ထပ်မံပြီးဆွေးနွေးရပါသည်။ ဤနေရာတွင်လည်း KPC ကအောက်ပါအတိုင်း တင်ပြဆွေးနွေးပြီး သဘောတူခဲ့ပါသည်။
KNU/KNLA ကရင် အမျိုးသား အစည်းအရုံး၊ ကရင် အမျိုးသား လွတ်လပ်ရေး တပ်မတော် ငြိမ်းချမ်းရေး ကောင်စီ KNU/ KNLA ငြိမ်းချမ်းရေး ကောင်စီနှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေး ပွဲသို့ ပဏာမ တင်ပြ ဆွေးနွေးချက်
၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ () ရက်နေ့ နေပြည်တော်
သို့
            ဦးသိန်းစိန်
            နိုင်ငံတော်သမ္မတကြီး
            ပြည်ထောင်စုမြန်မာနိုင်ငံတော်
            ဦးသီဟသူရတင်အောင်မြင့်ဦး
            ဒုတိယသမ္မတ၊ပြည်ထောင်စုမြန်မာနိုင်ငံတော်
            ဒေါက်တာစိုင်းမောက်ခမ်း
ဒုတိယသမ္မတ၊ပြည်ထောင်စုမြန်မာနိုင်ငံတော်
ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့
-       ဦးအောင်သောင်း                    အဖွဲ့ခေါင်းဆောင်
-       ဦးသိန်းဇော်                           အဖွဲ့ဝင်
-       ဦးဇော်မင်း                             အဖွဲ့ဝင်
-       ဗိုလ်ချုပ်တင်မောင်ဝင်း              အဖွဲ့ဝင်
-       ဗိုလ်ချုပ်ဇော်ဝင်း                     အဖွဲ့ဝင်
-       ဦးထွန်းထွန်းဦး                       အဖွဲ့ဝင်
-       ဦးမောင်မောင်သိမ်း                  အဖွဲ့ဝင်
-       ဦးစောခင်စိုး                           အဖွဲ့ဝင်
-       ဗိုလ်မှူးကြီးအောင်လွင်             အဖွဲ့ဝင်
()
ငြိမ်းချမ်းရေး ရယူ ခဲ့ခြင်း၏ ရည်ရွယ်ချက်
ယနေ့မြန်မာနိုင်ငံ၏ သမိုင်းကို ပြန်ကြည့်လျှင် မြန်မာ မင်းများ လက်ထက်မှ စ၍ စစ်ရေးနှင့်သာ လုံးပန်း ခဲ့ကြရပြီး ပြည်တွင်းရှိ တိုင်းရင်းသား ပြည်သူများသည်လည်း စစ်၏ဒဏ်ကို နှစ်လကြာရှည်စွာ တွေ့ကြုံ ခံစား ခဲ့ရပါသည်။
လွတ်လပ်ရေး ရပြီးနောက်လည်း နယ်ချဲ့သမားတို့၏ သွေးထိုး မှုကြောင့် တိုင်းပြည် အတွင်း တစ်ဦးနှင့် တစ်ဦး နားလည်မှု လွဲမှားကာ မုန်းတီးမှု များပြား၍ ပြည်တွင်း စစ်ကို ဆင်နွဲ ခဲ့ရသည်။
ကရင်နှင့် မြန်မာ လူမျိုးရေး ပဋိပက္ခ စစ်ပွဲသည်လည်း ယခုဆိုလျှင် နှစ်ပေါင်း (၆၀) ကျော်ကြာ ရှိခဲ့ပြီးဖြစ်သည်။ တိုင်းရင်းသား တို့နှင့်ဖြစ်ခဲ့သော စစ်ပွဲကြောင့် တိုင်းပြည်၏ ဖွံ့ဖြိုးမှု သည်လည်း တိုးတက် သင့်သလောက် မတိုးတက်ဘဲ ကြီးမားသော ဆုံးရှုံးမှုသာ ဖြစ်ခဲ့ရသည်။
ယခင်က အာရှတွင် တိုးတက်မှု အရှိဆုံးသော နိုင်ငံဖြစ်ခဲ့သော်လည်း ယခုတွင် အနိမ့်ကျဆုံးသော နိုင်ငံ ဖြစ်ခဲ့ရသည်။ စစ်ရေးကို အကြောင်းပြုပြီး နယ်ချဲ့ ကိုလိုနီတို့၏ အကြောင်းပြ သိမ်းပိုက်မှုကို နှစ်ပေါင်း (၂၀၀) အထိ ခံခဲ့ရသည်။ နယ်ချဲ့ ကိုလိုနီတို့သည်လည်း ကရင်နှင့် တိုင်းရင်းသား တို့၏ ရိုးသားဖြောင့်မတ်မှုကို အသုံးပြုကာ သွေးခွဲ ခဲ့သည်။ သို့သော် တိုင်းရင်းသား ပြည်ထောင်စု၏ တပ်မတော် မျိုးချစ်စိတ်နှင့် နယ်ချဲ့ ကိုလိုနီတို့အား ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။
ခေတ်အဆက်ဆက် အစိုးရနှင့် ငြိမ်းချမ်းရေး ခေါ်ယူသော်လည်း မြန်မာနှင့် တိုင်းရင်းသားတို့ အကြား ယုံကြည်မှုကို မတည်ဆောက်နိုင်ခဲ့ပါ။ ယခုတဖန် သမ္မတကြီး ဦးသိန်းစိန် လက်ထက်တွင် ယခုလို ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား ညီအစ်ကို ကြားရင်းနှီးမှုကို ရယူသောအခါ တန်းတူ အခွင့်အရေးနှင့် ယုံကြည်မှုသည် အလွန် အရေးကြီး လှပါသည်။
ကွန်ုပ်တို့ငြိမ်းချမ်းရေးကောင်စီ အနေဖြင့်လည်း ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ငြိမ်းချမ်းရေး အတွက် () နှစ်တာ တန်ဖိုးကြီးစွာ ကရင့်ခေါင်းဆောင်ဖြစ်သော ဗိုလ်ချုပ် လယ်မူးနှင့် တပ်ဗိုလ် တပ်မှူး များကို ကျဆုံးခဲ့ရသည်။
မင်းမှာကတိ လူမှာသစ္စာ ဆိုသကဲ့သို့ KNU KNLA ငြိမ်းချမ်းရေး ကောင်စီသည် အသက်ကို ပဓာန မထားဘဲ ဆင်းရဲ ဒုက္ခ အမျိုးမျိုးကြားထဲမှာ () နှစ်တာ အစိုးရနှင့် ရယူထားသော ငြိမ်းချမ်းရေးကို ထိန်းသိမ်း သွားခဲ့ပါသည်။ ယခုလို အစိုးရသစ်၏ ထာဝရ ငြိမ်းချမ်းရေး ရရှိရန် ကြိုးပမ်းမှုကို ကျွန်ုပ်တို့ KNU KNLA ငြိမ်းချမ်းရေး ကောင်စီသည် လက်တွဲ၍ အကောင်အထည် ဖော်ဆောင်ရွက် သွားမည်။
ငြိမ်းချမ်းရေးသည် ဘုရားသခင်ပေးသော ဆုလာဒ် ဖြစ်သောကြောင့် ဘုရားသခင်၏ ကောင်းကြီး မင်္ဂလာ အားလုံး အပေါ် သက်ရောက်နိုင်ပါစေဟု ဆုမွန်ကောင်းပြု ပါသည်။
                                                              ()
နှစ်ဦးနှစ်ဖက် သဘောတူ လက်မှတ်ရေးထိုး ရမည့် ထာဝရ ငြိမ်းချမ်းရေး၏ အသွင် သဏ္ဍာန်နှင့် မူဝါဒ သဘောထား () ချက်
၁။      ငြိမ်းချမ်းရေးသည် ပေးဆပ်ခြင်းဖြစ်သည်။ ရယူခြင်းမဟုတ်ပါ။ အဖွဲ့နှစ်ဖွဲ့ တွေ့ဆုံသော အခါငွေနှင့် မိမိတို့ ဂုဏ်အတွက် ကိုသာ မြှင့်တင်ခြင်း မဟုတ်ပဲ သဘောထား ကြီးစွာနှင့် တစ်ဦးကို တစ်ဦး အပေါ် မျှတသောစိတ် မှန်ကန်သောစိတ် သဘောကို ထားရှိကာ နိုင်ငံ အတွင်း စည်းလုံး ညီညွတ်သော သဏ္ဍာန်ကို ဖော်ဆောင်ပြီး တိုင်းရင်းသားပြည်သူ အကျိုး၊ တိုင်းပြည် အနာဂါတ် ကောင်းစားရေး အတွက် လုပ်ဆောင်ခြင်း ဖြစ်သည်။
၂။         ငြိမ်းချမ်းရေးသည် တစ်ဦးပေါ် တစ်ဦး အနိုင်ယူခြင်း သို့မဟုတ် အကျပ်ကိုင် လက်နက်ချခိုင်းခြင်း အင်အားကြီးသူသည် အင်အား ငယ်သူ အပေါ် အခွင့်ကောင်း ယူခြင်း၊ တစ်ဖက်သား၏ ဂုဏ်ကို ရှုချသော အသုံးအနှုန်းနှင့် ပဋိပက္ခဖြစ်စေသော စကားလုံးနှင့် တစ်ကိုယ်ကောင်းဆန်သော စိတ်ကို ဖယ်ရှားပြီး သူတပါး အကျိုးကို ကိုယ့်အကျိုး ကဲ့သို့ ဖြစ်အောင် လုပ်ဆောင်ခြင်းဖြစ်သည်။
၃။         ငြိမ်းချမ်းရေးသည် စားပွဲပေါ်တွင် နှစ်ဦးနှစ်ဘက် ဆွေးနွေး တိုင်ပင်ကာ လူထုအတွက် အကောင်းဆုံး အဖြေရှာသော ကိစ္စဖြစ်သည်။ တစ်ဖက်သား အပေါ် မကောင်းသော မူဝါဒဖြန့်ခြင်း အသရေ ရှုပ်ချခြင်း တိုင်းရင်းသားတို့၏ စည်းလုံး ညီညွတ်မှုကို ဖျက်ဆီးအောင် လုပ်ခြင်း တိုင်းပြည်၏ ပြိုကွဲမှုကို စစ်ရေးအရ၊ သို့မဟုတ်နိုင်ငံရေး အရ ဖန်တီးပြီး အနိုင်ယူခြင်း မဟုတ်ပါ။
၎။         ငြိမ်းချမ်းရေး လုပ်ရာတွင် တကိုယ်ကောင်းဆန် စိတ်ကို ဖယ်ရှားပြီး ရိုးသားဖြောင့်မတ်သော စိတ်ဖြင့် အနာဂါတ် အဆက်ဆက်တွင် ဆက်လက် ထိန်းသိမ်းရမည့် ကိစ္စဖြစ်ပြီး တစ်ဖက်နှင့် တစ်ဖက် ခိုင်မာသော ကတိသစ္စာကို အလေးထား၍ လက်တွေ့ အကောင်ဖော်ခြင်းဖြစ်သည်။
၅။         ငြိမ်းချမ်းရေးသည် တဖက်သား အပေါ် အာဏာကို အလွဲသုံးစားပြုလုပ်ပြီး ကြံစည် လုပ်ကြံထောင်ချောက်ဆင်ကာ မိမိတို့ တစ်ဖက်သတ် အကြံအစည် ဖြစ်မြောက်ရန်၊ သူတစ်ပါးချောက်တွန်း၍ အသက်ကိုပါ ထိပါးသော ကြံစည်ခြင်း မဟုတ်၊ မိမိတို့အမှားကို ဖုံးအုပ်ထားနိုင်ရန် သူတပါးအပေါ် အပြစ်တင် ပုံချ၍ အကျိုးမရှိသည့် ကိစ္စကိုဖယ် ထိန်းသိမ်း ရမည့် အရာ ဖြစ်သည်။
၆။         ငြိမ်းချမ်းရေးသည် လူအများ၏ အလိုဆန္ဒကို ဖြည့်စွက်ပြီး မိမိတို့ အာဏာကိုသာ တည်တံ့ခိုင်မြဲအောင် စွဲကိုင်မထားဘဲ တိုင်းပြည်၏ ရှေ့အနာဂါတ် ဖြစ်ပေါ်လာရေး အတွက် ပြည်သူတို့၏ အခွင့်အရေးနှင့် လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်နှင့် ဆုံးဖြတ်ချက်ကို လေးစား  အတည်ပြုသော အရာ ဖြစ်သည်။
၇။         ငြိမ်းချမ်းရေးသည် ပေးဆပ်ဝေငှခြင်း သူတစ်ပါး၏ ပိုင်ဆိုင်မှုကို အသိအမှတ်ပြုခြင်းနှင့် ကောင်းမွန်သော အတွေးအခေါ်နှင့် အကြံပြုခြင်းကို ပွင့်လင်းစွာ နွေးထွေး လက်ခံခြင်း၊ လူထု၏ အားကိုး အားထားမှုကို အကောင်အထည် ဖော်ခြင်းဖြစ်သည်။ မိမိတို့၏ အာဏာ တည်မြဲရန် ဥပဒေကို လက်တစ်လုံးကြား အသုံးပြုခြင်းနှင့် တိုင်းပြည်၏ အနာဂါတ်ကို ဆိုးဝါးစေရုံမက မုန်းတီးခြင်း၊ ညီညွတ်မှုကို ကွဲပြားအောင် လုပ်သော အရာ မဟုတ်ဘဲ စည်းလုံး ညီညွတ်မှုနှင့် ထာဝစဉ် ငြိမ်းချမ်းသော ဘဝကို ဖန်တီးခြင်း ဖြစ်သည်။
                                                                        ()
                                    ထာဝရငြိမ်းချမ်းရေး ရယူခြင်း၏ လမ်းပြမြေပုံ
၁။         KNU/KNLA ငြိမ်းချမ်းရေး ကောင်စီသည် ကရင် လူမျိုးတို့၏ ရှေ့အနာဂါတ်ကို လမ်းညွန် ထားသော ကရင့် ခေါင်းဆောင်ကြီး စောဘဦးကြီး၏ မူ () ရပ်ကို ရှေ့ဆက် ခိုင်မာစွာ ဆွဲကိုင် ထားမည် ဖြစ်သည်။
၂။         ကရင်လူမျိုးတို့၏ လိုအင် ဆန္ဒအရ ကရင့် ကံကြမ္မာကို ကရင် ဖန်တီးပြီး နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးနှင့်၊ လူမှုရေးကို အကောင်အထည် ဖော်နိုင်သော ကရင့်ခေါင်းဆောင်အား စစ်မှန်သော ဒီမိုကရေစီ အရ ရွေးချယ် ခံရသော ကရင့် ခေါင်းဆောင် သာလျှင် ဖြစ်ရမည်။
၃။         စစ်မှန်သော ဒီမိုကရေတစ် ဖယ်ဒရယ်မူကို ကျင့်သုံးသည့် ကာလ ပတ်လုံးနှင့် ကရင် လူ့အခွင့်အရေး၏ အနာဂါတ် အာမခံချက် ရရှိထားသည့် ကာလ ပတ်လုံး ပြည်ထောင်စုမှ ခွဲထွက်မည် မဟုတ်ပါ။
၎။         KNU/KNLA ငြိမ်းချမ်းရေး ကောင်စီနှင့် ကရင် လူမျိုးတို့သည် ပြည်ထောင်စု မပြိုကွဲရေးကို ဆက်လက် ထိန်းသိမ်း သွားမည်။
၅။         ကရင့် အဖွဲ့အစည်းများနှင့် ကရင် လူမျိုးတို့သည် စစ်ရေးကို အဓိက မထားဘဲ ပြည်ထောင်စု တိုင်းရင်းသား များနှင့် ရှေ့ဆက် လက်တွဲ နေထိုင်နိုင်ရန် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို အကောင်အထည်ဖော် ဆောင်ရွက် သွားမည်။ စစ်ရေးသည် မလွဲမရှောင်သာ ပြုမူ ရမည့် နောက်ဆုံး ကဏ္ဍဖြစ်သည်။
၆။         ကရင့် အဖွဲ့အစည်းများနှင့် ကရင် လူမျိုးတို့သည် မြန်မာပြည်တွင်းရှိ တိုင်းရင်းသားများနှင့် လက်တွဲကာ စစ်ကို အသုံးပြုပြီး တိုင်းရင်းသား များ၏ စည်းလုံး ညီညွတ်မှုကို ပြိုကွဲအောင် ပြုလုပ်သော လုပ်ရပ်များကို ဝိုင်းဝန်း ကာကွယ် သွားမည်။ နိုင်ငံ၏ နာမည်နှင့် အလံသည် တိုင်းရင်းသား ပြည်ထောင်စု နာမည်နှင့် အသွင်သဏ္ဍာန်ကို ကိုယ်စားပြု ဖော်ဆောင် ရမည်။
၇။         ကရင့် အဖွဲ့အစည်းများနှင့် ကရင် လူမျိုးတို့သည် တိုင်းရင်းသား ပြည်သူ အဖွဲ့အစည်း များနှင့် လက်တွဲကာ တိုင်းရင်းသား ဒေသများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် တိုင်းရင်းသား တို့၏ မျိုးပြုတ် မူဝါဒကို သုံးဆွဲ၍ တိုင်းရင်းသား တို့၏ ပိုင်ဆိုင်သော သဘာဝ ပစ္စည်းများကို ဝါးမြို၍ ဖျက်လိုဖျက်ဆီး လုပ်သော ရန်သူများကို ဝိုင်းဝန်း ကာကွယ် စောင့်ရှောက် သွားမည်။
၈။         ကရင့် အဖွဲ့အစည်း များနှင့် ကရင် လူမျိုးတို့သည် စစ်မဲ့ဇုံ ဒေသများ ဖြစ်ပေါ် လာစေရန်နှင့် တိုင်းရင်းသား လူထုနှင့် ပြည်ထောင်စု အကျိုးကို အကျိုးပြုသော စီးပွားရေး ဇုံများ ဖြစ်ပွား လာစေရန် ပြည်ထောင်စု အစိုးရနှင့် လက်တွဲ အကောင်အထည် ဖော်ဆောင်ရွက် သွားမည်။
၉။         KNU/KNLA ငြိမ်းချမ်းရေး ကောင်စီနှင့် တကွ အခြား ကရင် တော်လှန်ရေး အဖွဲ့အစည်းများသည် ကရင့် ဒုက္ခသည် များ၏ အနာဂါတ် ရှေးရေးကို ဖြေရှင်းနိုင်ရန် ကရင့် အဖွဲ့အစည်း၏ ဦးဆောင်မှုဖြင့် ငြိမ်းချမ်းသော ရင်ခွင်အတွင်းသို့ မိမိ အလိုဆန္ဒ အရ ပြန်လာနိုင်ရန် လူထု၏ အခြေခံ လိုအပ်သည့် ပြင်ဆင်မှု လုပ်ငန်းဖြစ်သော မီး၊ရေ၊လေနှင့် ဆက်သွယ်ရေး လုပ်ငန်းများ၊ တံတားများ၊ လျှပ်စစ်ရေကာတာများ၊ အလုပ်အကိုင် ရရှိရေးနှင့်၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများ သာမက လူထုကို အကူအညီ ပေးနိုင်သော UN နှင့် နိုင်ငံ တကာ NGO များနှင့် လက်တွဲကာ အကောင်အထည် ဖော်ဆောင်ရွက် သွားမည်။
၁၀။       ကရင်ပြည်နယ် တွင်းရှိ သယံဇာတ ပစ္စည်းများသည် ကရင်ပြည်နယ်၏ အခြေခံ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဖြစ်သည့် လမ်း၊ မီး၊ရေ၊လေနှင့် ဆက်သွယ်ရေး လုပ်ငန်းများ အတွက် ဖြစ်ပြီး ကရင် ပြည်နယ်၏ စီးပွားရေးသည် ကရင် လူထုကို ကိုယ်စားပြုသော အဖွဲ့အစည်းနှင့် ကရင် လူထုတို့၏ လက်ထဲတွင် ရှိရမည်။
၁၁။       ကရင်နိုင်ငံရေးကို ကိုယ်စားပြုသော ကရင်ပါတီနှင့် လွတ်တော် အဖွဲ့ဝင်များသည် ပြည်ထောင်စု လွတ်တော်တွင် လွတ်လပ်စွာ ဝေဖန် ပြောဆိုနိုင်ခွင့် ရှိပြီး ကရင် အကျိုးနှင့် ပြည်ထောင်စု အကျိုးကို လွတ်လပ်စွာ ညှိနှိုင်း ဆွေးနွေး တိုင်ပင်ခွင့် ရှိရမည်။
၁၂။       ကရင်ပြည်နယ်နှင့် တိုင်းရင်းသား ဒေသများပေါ်တွင် မြန်မာ့ တပ်မတော်၏ မူနှင့် စိတ်ဓာတ် အတွေးအခေါ်ဟောင်းများ မပြောင်းသရွေ့ ကာလပတ်လုံး၊ တန်းတူညီမျှမှုကို အခြေခံသော ပြည်ထောင်စု တပ်မတော် မဖြစ်ပေါ်လာသရွေ့ ကာလပတ်လုံး ကရင်နှင့် တိုင်းရင်းသား လူမျိုးတို့၏ လက်နက်သည် တိုင်းရင်းသား ဒေသ လုံခြုံမှုနှင့် တိုင်းရင်းသား လူမျိုးတို့၏ ငြိမ်းချမ်းစွာ နေထိုင်ရေးကို ရှေ့ရှုသော အားဖြင့် လက်နက် ကိုင်ဆောင် သွားမည်။
၁၃။       မြန်မာ့ တပ်မတော်သည် ကရင်နှင့် အခြားတိုင်းရင်းသားတို့အပေါ် အနိုင်ကျင့် လွှမ်းမိုး တိုးချဲ့သည့် အပြုအမူနှင့် တပ်တိုးချဲ့သည့် နေရာများနှင့် တကွ နယ်စပ် တလျောက်လုံးတွင် တိုင်းရင်းသား ကူးသန်းရောင်းဝယ်ရေးနှင့် သဘာဝ သယံဇာတ ပစ္စည်းများကို ဖြုန်းတီး ဖျက်ဆီးရုံ သာမက ခေတ်အဆက်ဆက် ဒေသခံ စစ်ခေါင်းဆောင်တို့၏ လာဘ်ပေး လဘ်ယူမှု များကို KNU/KNLA ငြိမ်းချမ်းရေး ကောင်စီနှင့် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အရေးယူ ဆောင်ရွက် သွားမည်။
                                                ငြိမ်းချမ်းရေး မပျက်ပြားအောင် စောင့်ထိန်းခြင်း
            ထာဝရ ငြိမ်းချမ်းရေးသည် မူနှင့်ဝါဒမှ ပေါက်ဖွားလာသော အရာမဟုတ်ဘဲ လူသားချင်း စာနာသော နှလုံးသားမှ ဖြစ်ပေါ်လာသော အရာဖြစ်သည်။ ငြိမ်းချမ်းရေး ရသော်လည်း ပြည်သူတို့၏ အခက်အခဲကို ဖြေရှင်းပေးနိုင်သော အခြေခံ ဖွံ့ဖြိုးမှု စသည့် လမ်း၊ မီး၊ရေ၊လေကို လုပ်ဆောင်ပေးနိုင်ပါက ထာဝရ ငြိမ်းချမ်းရေး အတွက် ဆက်လက် တည် ဆောက်နိုင်မည် မဟုတ်ပါ။ ကရင်ပြည်နယ်တွင်းရှိ ပြည်သူ တို့၏ အခက်အခဲ အရှုတ် အထွေးများ ကြားထဲတွင် တိုင်းပြည်၏ နစ်နာမှု အပေါ်နိုင်ငံ တကာတို့၏ အမြတ် ထုတ်မှုသည် ကြီးမားလှပေသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးမှုသည် အစဉ်တွဲ၍ တိုင်းပြည်နှင့် လူ မျိုးတို့၏ အကောင်းဆုံးသော အနာဂါတ်ကို ဖော်ဆောင်ပေးသည်။ ထို့ကြောင့် ကမ္ဘာနိုင်ငံ အသီးသီး တို့သည် မည်သည့် စနစ်ကို အုပ်ချုပ်စေကာမူ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးသည် ထိုနိုင်ငံတို့၏ ထိပ်တန်း အကျဆုံးသော မူဖြစ်သည်။
            ယခုနှစ် အတွင်း အမြန်ဆုံး အကောင်အထည် ဖော်ဆောင် ရမည့် ဖွံ့ဖြိုးရေး လုပ်ငန်းကြီး () ရပ်
            ၁။ ဒုက္ခသည်များ ပြန်လာနိုင်ရန် ပြင်ဆင် ရမည့် လုပ်ငန်း။
            ၂။ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်နိုင်ရန် စစ်မဲ့ဇုံ အမြန် အကောင်အထည် ဖော်ရေး။
            ၃။ပြည်ထောင်စုနှင့် ပြည်နယ် ဖွံ့ဖြိုးရေး အတွက် အတူတကွ ပါဝင် လုပ်ကိုင်နိုင်ရေး။
၁။ ဒုက္ခသည်များ ပြန်လာနိုင်ရန် ပြင်ဆင်ရမည့် လုပ်ငန်း။
-       ဒုက္ခသည်များ ပြန်လာနိုင်ရေး အတွက် မြေနေရာများ ပြင်ဆင် ထားရေး။
-       လမ်း၊မီး၊ရေနှင့် အခြား ဆောက်လုပ်ရေးများ။
-       UN နှင့်အခြား NGO များ လာရောက် ကူညီနိုင်ရေး။
၂။ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်နိုင်ရန် စစ်မဲ့ဇုံ အမြန် အကောင်အထည်ဖော်ရေး။
-       မယ်လမှ ဘားအံအထိ ကားလမ်းနှင့် တံတားများ ဖောက်လုပ်ခြင်း။
-       နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှု များကို အိမ်နီးချင်းနှင့် အခြားနိုင်ငံများအား ဖိတ်ခေါ်၍ အကျိုးတူ ပူးပေါင်း ဆောင်ရွက်နိုင်ရေး။
-       သတ္တု တူးဖော်၍ ဒေသ ဖွံ့ဖြိုးရေး အတွက် ကျောင်း၊ ဆေးရုံ အခြား လိုအပ်သော လုပ်ငန်းများ လုပ်ကိုင်နိုင်ရေး။
-       ယုံကြည်သူများကို ပျက်ပြားစေသော စစ်အသွင် သဏ္ဍာန်နှင့် တိုးချဲ့မှုများကို ရပ်တန့်ပြီး စစ်ဒေသကို စီးပွား ဖွံ့ဖြိုး တိုးတက်သော ဒေသသို့ ပြောင်းလဲရန် လက်တွေ့ အကောင်အထည် ဖော်ဆောင်နိုင်ရေး။
-       ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများ။
-       ယာဉ်လိုင်းများ ပြေးဆွဲရေး။
-       သွင်းကုန် ထုတ်ကုန် လုပ်ငန်းများ။
-       သစ်တောများ ပြန်လည် ရှင်သန်ရေးနှင့် သဘာဝနှင့် ကိုက်ညီသော မြေလွတ်မြေရိုင်းများ ဖော်ထုတ် အသုံးချနိုင်ရေး။
-       သိပံနည်းကျ စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်နိုင်ရေး။
-       မြို့ပြများ စည်ပင်သာယာရေး အတွက် ရေအား၊ လေအားနှင့် နေရောင်ခြည် လျှပ်စစ် စွမ်းအားများ ထုတ်ဖော် ကူညီနိုင်ရေ။
-       စီးပွားရေး လုပ်ငန်းများတွင် အားနည်းသော လုပ်ငန်းရှင် များနှင့် လူတိုင်း ပါဝင် လုပ်ကိုင်နိုင်ရေး။
၃။ပြည်ထောင်စုနှင့် ပြည်နယ် ဖွံ့ဖြိုးရေး အတွက် အတူတကွ ပါဝင် လုပ်ကိုင်နိုင်ရေး။
-       ပြည်ထောင်စု မြန်မာနိုင်ငံနှင့် ကရင်ပြည်နယ် အတွက် ကြီးမားသော ပြည်ပ ရင်းနှီးမြုပ်နှံမှုများ ဖိတ်ခေါ်နိုင်ရေး။
-       အာရှနှင့် ကမ္ဘာ တစ်ဝန်းလုံး အတွက် စီးပွားရေး အချက်အချာ ကျသော ဒေသကို ဖော်ထုတ်နိုင်သော လုပ်ငန်းကြီးများ ပါဝင် လုပ်ကိုင်နိုင်ရေး။
-       နိုင်ငံတကာဈေးကွက်တွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေး အတွက် ဒေသတွင်း စီးပွား လုပ်ငန်းရှင်များ မွေးထုတ် အားပေးနိုင်ရေး။
-       ကရင်ပြည်နယ် အတွင်း စီးပွားရေးနှင့် လူမှုရေးကို အထောက်အကူ ပြုသော ဘဏ်လုပ်ငန်းများ ပေါ်ပေါက်ရေး။
ထာဝရ ငြိမ်းချမ်းရေးသို့ လှမ်းနိုင်ရန် တင်ပြရခြင်း၏ ရည်ရွယ်ချက်
            ကရင်နှင့်မြန်မာ နှစ်ပေါင်း ၆၀ ကျော် စစ်ပွဲကို အဆုံးသတ်ပြီး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို ဦးတည် ရာတွင် ကျွန်ုပ်တို့ အနေနှင့် အစိုးရအပေါ် ဝန်ထုပ် ဝန်လေးကြီး ဖြစ်စေသော အပြုအမူများကို မဖြစ်စေလိုပါ။ ပြည်ထောင်စု အစိုးရနှင့် အများပြည် သူများ အတွက် ကိုယ်ကျိုးကို စွန့်ပြီး ကောင်းကျိုး ကိုသာ ဖြစ်စေ ချင်သည်။
            KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၏ သဘောထား အရင်းအမြစ်မှာ တိုင်းပြည်နှင့် အစိုးရအပေါ် ငါဘာရယူခြင်းနှင့် လာခြင်း မဟုတ်ပါ။ ကျွန်ုပ်တို့ ဒီကနေ့ တိုင်းပြည်နှင့် လူထုအပေါ်သာ ပေးဆပ်လိုသော သဘောထားနှင့် လာရောက်ခြင်း ဖြစ်သည်။
            တိုင်းပြည်နှင့် လူထု အကျိုးကို အကောင်အထည် ဖော်နိုင်ရန် အစိုးရထံမှ လိုအပ်သော ပံ့ပိုးမှုမှာ ငွေကြေး မဟုတ်ပါ။
            ဒေသ လူထု၏ ဖွံ့ဖြိုးမှုကို ကိုယ်ထူ ကိုယ်ထ အမြန်ဆုံး အကောင်အထည် ဖော်နိုင်ရန် အစိုးရ ထံမှ ခွင့်ပြုချက်နှင့် သမ္မတ၏ ကိုယ်စား(မော်နီတာ) လုပ်နိုင်သော လူတစ်ယောက် လိုအပ်ပါသည်။ အထက်မှ တိုက်ရိုက် ကြည့်ရှူ့ အားပေးမှ သာလျှင် ပြည်သူ အတွက် လုပ်သော လုပ်ငန်းများကို မြန်ဆန်စွာ အကောင်အထည် ဖော်ဆောင်နိုင်ပြီး သူတစ်ပါး အတွက် ပုံစံကောင်း ဖြစ်နိုင်မည် ဖြစ်သည်။ သို့မှသာလျှင် ခက်ခဲနေသော ငြိမ်းချမ်းရေး၏ လုပ်ဆောင်မှုသည် လွယ်ကူ လာလိမ့်မည် သာမက ပေးဆပ် ခြင်း၏ သဘောထား ကိုလည်း အကောင်အထည် ဖော်ဆောင် နိုင်မည် ဖြစ်သည်။
            ထာဝရ ငြိမ်းချမ်းရေးကို ကရင်ပြည်နယ်နှင့် ငြိမ်းချမ်းရေး ရပြီးသော ဒေသနှင့် မငြိမ်းချမ်းသေးသော ဒေသများတွင် အမြန် ဆုံး ကျယ်ပြန့်စွာ အကောင်အထည် ဖော်နိုင်ရန်နှင့် ကရင် ဒုက္ခသည်များ မိမိ ကရင့် ရင်ခွင်ထဲသို့ ပြန်လည် နေထိုင်နိုင်ရေး အတွက် အစိုးရထဲမှ ခွင့်ပြုချက်နှင့် ပံ့ပိုးမှုများကို အောက်ပါ အတိုင်း တင်ပြ လိုပါသည်။
ဖွံ့ဖြိုးမှုများကို တစ်နှစ်အတွင်း အမြန်ဆုံး အကောင်အထည် ဖော်ဆောင်နိုင်ရန် လိုအပ်သော ပံ့ပိုးမှုများ
            )         ကုမ္မဏီများ ဖွင့်လှစ်နိုင်ရေး။
            )         မြဝတီတွင် သွင်းကုန် ထုတ်ကုန်၊ ကုန်သွယ်ရေး အတွက် မြေနေရာ ချထားပေးရေး။
)         အဖွဲ့အစည်း ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အသုံးပြုရန် အဆင့်မြင့်ကားများကို လိုင်စင်ဖြင့် Boder Trade မှ တင်သွင်းနိုင်ရန်။ ကားအစီးအရေ (၂၅၀) စီး
            )        နယ်စပ်ဖွံ့ဖြိုးမှုနှင့် လူထု လုပ်ကိုင်စားသောက်နိုင်ရန် မယ်လမှ ဘားအံအထိ ဖောက်လုပ်နိုင်သော ကတ္တရာလမ်းများနှင့် ရန်ပုံငွေ ရရှိရန်အတွက် အဆင့်မြင့် လိုင်စင် ကားအစီး (၅၀၀၀) ကို နယ်ခြားနှင့် ရန်ကုန် သဘောင်္ဆိပ်မှ တင်သွင်းနိုင်ရန်နှင့် လိုင်စက်ကို အထူး အခွန်လွတ် (သို့မဟုတ်) အထူး အခွန်ဆောင် အဖြစ် ခွင့်ပြုပေးပါရန်။
            )         နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုကို ဖိတ်ခေါ်ပြီး မြန်မာနိုင်ငံ၏ အရှေ့နှင့် အနောက်နိုင်ငံတကာ ကုန်ကူးသန်းနိုင်ရန် ဒုတိယ ရေနက် ဆိပ်ကမ်းကို ထားဝယ် အောက်ပင်လယ် ကမ်းခြေတွင် အကောင်အထည် ဖော်ရန်နှင့် လိုအပ်သော မြေနေရာ ချထား ပေးပါရန်။
            )         ငါးဖမ်းလုပ်ငန်း။
            )         ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း။
            )         ကုန်သွယ်ရေး Inport export အတွက် အသုံးပြုနိုင်ရန် ကုန်တင်ကားကြီး အစီး (၂၀) ချထားပေးရေး။
            )         ကုန်သွယ်ရေးနှင့် ကရင်ပြည်နယ် ဖွံ့ဖြိုးမှုကို အထောက်အကူ ပြုနိုင်သော ဘဏ်လုပ်ငန်းများကို ဖွင့်လှစ်နိုင်ရေး။
                        ယခုတင်ပြထားသော လိုအပ်သည့် အရာများသည် ကရင်ပြည် ထို့ကော်ကိုးနှင့် မယ်လဒေသတွင် ရှိသော လူ သိန်းပေါင်းများစွာ တို့၏ ဖွံ့ဖြိုးမှုနှင့် စားဝတ်နေရေး ပြေလည်စေရန်နှင်းတကွ ကရင် ဒုက္ခသည်များ မိမိအဖွဲ့အစည်း၏ ရင်ခွင်ထဲ သို့ လွတ်လပ်စွာ ပြန်လည် နေထိုင်၊ လုပ်ကိုင်၊ စားသောက်နိုင်ရေး အတွက်ဖြစ်သည် သာမက ခြိမ်းချမ်းရေး မယူသေးသော အဖွဲ့ အတွက် စံပြ၊ စံနမူနာဖြစ်သည်။
                        အထက်ပါဖော်ပြထားသည့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို KNU/KNLA ငြိမ်းချမ်းရေး အပေါ် အစိုးရ၏ ခွင့်ပြုပံ့ပိုးမှုကို ရရှိပြီး ယခုနှစ်အတွင်း စတင် လက်တွေ့ အကောင်အထည် ဖော်နိုင်ပါက ကရင်နှင့် အခြား တိုင်းရင်းသားတို့၏ ပြည်တွင်း ငြိမ်းချမ်း ရေးကို တည်ဆောက်ရာတွင် လွယ်ကူနိုင်မည်ဖြစ်သည်။
ဤသည် KPC အနေဖြင့် အစိုးရ၏ ပြည်ထောင်စု အဆင့် လုပ်ငန်း ကော်မီတီနှင့် တင်ပြဆွေးနွေးထားသော အချက်အလက်များ ဖြစ်ပေသည်။ ဤကဲ့သို့ ဆွေးနွေး သဘောတူ ထားသော်လည်း  အကောင်အထည်ဖေါ်မှု မရှိခြင်း အပေါ် KPC က သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။
KPC ပြောရေး ဆိုခွင့် ရှိသူ ဒေါက်တာ သီပတေကမူ “အစိုးရရဲ့  ဖွဲ့စည်းပုံ အခြေခံဥပဒေ ရယ် က တိုင်းရင်းသားပြည် သူလူထု အ တွက်ဘာမှ အကာအကွယ် ပေးတာမျိုး မရှိဘူး။ ဖွံ့ဖြိုးရေး မရှိလျှင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးလည်း မရနိုင်ဘူး လုပ်ပိုင်ခွင့် တောင်းပေမယ့် လုပ်ခွင့် မပေးဘူး။ လူထု ဖွံ့ဖြိုးရေး လုပ်ဖို့ကိုတောင် အစိုးရဘက်က လုပ်ပိုင်ခွင့် ပေးဖို့ ၀န်လေးနေကြတယ်ဟု ဆိုပါသည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment