Friday, September 13, 2013

ဘုရားဖူးယဉ် ပြေးဆွဲခွင့် မပေးပါက ကျိုက်ထီးရိုးတောင်တက်လမ်းကို ထိမ်းချုပ်မည်ဟု ဆို

ဦးစောဗန်ဒို 

  ဦးစောဗန်ဒို
 ရန်ကုန် ၊ စက်တင်ဘာ ၁၂။ ။ ကရင် စာပေနှင့် ယဉ်ကျေးမှုရန်ပုံငွေအ တွက် ကျိုက် ထီးရိုးဘုရား ယာဉ် လိုင်းတွင် တောင်တက်ယာဉ်ငါး စီးပြေးဆွဲခွင့်တောင်းခံမှုကို ဆက် လက်ပိတ်ပင်နေပါက ကျိုက်ထီး ရိုးတောင်တက်လမ်းကို ထိန်းချုပ် သွားမည်ဖြစ်ကြောင်း ကျိုက်ထို မြို့နယ် ကရင်စာပေနှင့် ယဉ်ကျေး မှုကော်မတီဥက္ကဋ္ဌ၊ ယခင်ကေ အာရ်စီတိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့မှ အလင်းဝင်ထားသည့် ဦးစောဗန်ဒိုက ထုတ်ဖော်ပြော ကြားလိုက်သည်။

ကရင်စာပေနှင့် ယဉ်ကျေး မှုရန်ပုံငွေ ရရှိရေးအတွက် ကျိုက်ထီးရိုးတောင် တက်ယာဉ်အသင်းတွင် ဒေသခံ ကရင်ရွာ ၄၁ရွာမှ စုပေါင်းဝယ် ယူထားသည့် တောင်တက်ယာဉ် ငါးစီးကို ယာဉ်ဝင်ရောက်ပြေးဆွဲ ခွင့်တောင်းခံရာတွင် ကျိုက်ထီး ရိုး မော်တော်ယာဉ် အသင်းမှ ပိတ် ဆို့မှု၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ ပယ်ချလိုက်မှုအပေါ် စက်တင် ဘာ၁၁ရက်က ကျိုက်ထိုမြို့နယ်၊ ကင်ပွန်းချောင်းကျေးရွာရှိ ကရင် စာပေနှင့် ယဉ်ကျေးမှုရုံးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ ရာတွင် ကော် မတီ ဥက္ကဋ္ဌဦးစော ဗန်ဒိုက ပြောခြင်းဖြစ်သည်။


လက်ရှိ ဒေသတွင်း ကျေးရွာများကို ကရင်စာပေနှင့် ယဉ်ကျေးမှု ဖွံဖြိုးရေး လုပ်ငန်းများ လုပ်ကိုင်ရာတွင် ရန်ပုံငွေ အခက်အခဲကြောင့် ထိရောက်သည့် သင်ကြားမှု ထောက်ပံမှုများ မပေးနိုင်သည့်အတွက် ကျိုက်ထီးရိုးတောင်တန်းဒေသရှိ ကရင်လူမျိုးများ၏ ယဉ်ကျေးမှုနှင့် စာပေသည့် ကွယ်ပျောက်သွားမည့်အရေးနှင့် ကြုံတွေ့နေရကြောင်း သိရသည်။ ကရင်ကေအာရ်စီတပ်ဖွဲ့မှ အလင်းဝင်ထားသူဖြစ်သည့် စောဗန်ဒိုက "ယခုနိုင်ငံက ငြိမ်းချမ်းရေး တည်ဆောက်ထားတဲ့ အချိန်မှာ ကျနော်တို့ကြောင့် အခက်အခဲ ထပ်မဖြစ်စေချင်ဘူး။ အမျိုးသားရေးနဲ့ ပတ်သက်တဲ့ ဒီရန်ပုံငွေ ရရှိရေးအတွက် ယဉ်ဝင်ရောက် ပြေးဆွဲခွင့်လေးတခု တိုင်းရင်းသားတွေက တောင်းတာကို ပိတ်ပင်ခံနေရတယ်။ ဒီယဉ်အသင်းကို လက်ရှိ ထိမ်းချုပ်ပေးနေတာက တရုတ်လူမျိုးတွေပါ။ ကျနော်တို့က ဒီဒေသခံတွေ ဖြစ်ပြီး ဒီဘုရားလမ်းကို ကိုယ်တိုင် ဖောက်ခဲ့ရသူတွေပါ။ ဒီလိုမှ ခွင့်မပြုရင် ဒီတောင်တက်လမ်းကို ပိတ်ဆို့ထိမ်းချုပ်ဖို့အထိ စဉ်းစားပါတယ်"ဟု ပြောသည်။

အဆိုပါ ကျိုက်ထီးရိုးတောင်တန်းဒေသနှင့် ကျိုက်ထိုမြို့နယ်အတွင်းရှိ ကရင်တိုင်းရင်းသား ကျေးရွာပေါး ၄၁ရွာ တည်ရှိပြီး စကောကရင်လူမျိုးများဖြစ်ကာ အများစုက စာတတ်မြောက်မှု နည်းပါးပြီး ဆင်းရဲသူများဖြစ်ကြောင်း ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီထံမှ သိရသည်။ ယင်းကဲ့သို့ တောင်တက်ယဉ်လိုင်းတွင် ပြေးဆွဲခွင့်မရှိသော်လည်း ကရင်စာပေနှင့် ယဉ်ကျေးမှုကို ထောက်ပံ့ရန်ပုံငွေ ပေးရန် လာရောက်ညှိနှိုင်းမှုများရှိကြောင်း အသင်းဥက္ကဌက ပြောသည်။ "ယဉ်ပိုင်ရှင်အသင်းက ကျနော့်ကို သီးသန့်နှစ်ကြိမ် လာရောက်ညှိနှိုင်းခဲ့တာ ရှိတယ်။ သူတို့ ထောက်ပံ့ငွေကို ယူဖို့ပါ။ ဒါပေမယ့် ယဉ်ပြေးဆွဲခွင့်ကသာ ရေရှည်ရန်ပုံငွေ ဖြစ်တဲ့အတွက် သူတို့ ညှိနှိုင်းမှုကို လက်မခံခဲ့ပါဘူး'ဟု ဆိုသည်။

ယခု သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာသည့် ကျန်းမာရေးဆေးမှူးတဦးဖြစ်သည့် ဦးစောမြင့်ရွှေက "ကရင်က စာမတတ်ဘူး။ နှိမ့်ပါးတယ်ဆိုတာ မှန်တယ်။ ဒါပေမယ့် စာပေပျောက်ရင် လူမျိုးပျောက်တယ်ဆိုတာ ရှိတယ်။ ဒီဒေသ ကရင်စာပေ မပျောက်ကွယ်ရေးအတွက် ဒီရန်ပုံငွေ ရရှိရေးက အရေးကြီးနေတာပါ။  ကရင်လူမျိုးတွေကို အရမ်း ဖိနှိမ့်နေရင် မကောင်းပါဘူး။ စပရိန်ဆိုတာ ဖိတာများရင် ပြန်ကန်တတ်ပါတယ်။ ကရင်တွေလည်း ဒီအတိုင်းပါပဲ"ဟု ပြောသည်။

အဆိုပါ ယဉ်လိုင်းပြေးဆွဲခွင့်နှင့် ပတ်သက်ပြီး ကျိုက်ထီးရိုးတောင်တက် ယဉ်ပိုင်ရှင်အသင်းကို ၀င်ရောက်မေးမြန်းသော်လည်း ကော်မတီဝင်များ စုံလင်စွာ မရှိသည့်အတွက် ဖြေကြားနိုင်ခြင်း မရှိကြောင်း ယဉ်ပိုင်ရှင်အသင်း ဒုဥက္ကဌက ပြောသည်။ အဆိုပါ ကျိုက်ထီးရိုးတောင်တန်း ဒေသ၀န်းကျင်တွင် ကရင်အမျိုးသား အစည်းအရုံး(ကေအဲန်ယူ)၏ တပ်မဟာ(၁)၊ (၃)၊ (၅)နှင့် (၇)စသည့် တပ်ရင်းကြီး (၄)ခု တပ်စွဲထားပြီး လိုအပ်ပါက ကရင်စာပေယဉ်ကျေးမှု အဖွဲ့က အကူအညီ တောင်းခံသွားမည်ဖြစ်ကြောင်း ယင်း ၄၁ရွာမှ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ကိုယ်စားလှယ်များ၏ ပြောကြားချက်အရ သိရသည်။

ယခုကဲ့သို့ ယဉ်လိုင်းတွင် ပြေးဆွဲခွင့်ကို တားဆီး ပိတ်ပင်နေပါက မြန်မာနိုင်ငံရှိ ကရင်ငြိမ်းချမ်းရေး အဖွဲ့များထံ စာရေးသားပေးပို့ပြီး ကရင်စာပေနှင့် ယဉ်ကျေးမှု ဖွံဖြိုးရေးအတွက် အကူအညီတောင်းခံသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီသည် ကျိုက်ထီးရိုးတောင်တက်ယဉ် ပြေးဆွဲခွင့်ရရှိရေးအတွက် ယခုနှစ် ဇွန်လတွင် မြို့နယ်အဆင့် တောင်းဆိုမှု ပြုလုပ်ရာတွင် ပယ်ချခံရသည့်အတွက် ပြည်နယ်အစိုးရအဖွဲ့သို့ သြဂုတ်လ ၇ရက်နေ့တွင် ထပ်မံတင်ပြ တောင်းခံထားကြောင်း သိရသည်။
ကျော်ဇေယျ(Yangon Times)
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment