Saturday, September 21, 2013

အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသား၊ အပစ်ရပ် လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေးပါတီများ ပါဝင်သော နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ မူဘောင်ရေးဆွဲခြင်းကို နိုဝင်ဘာ (သို့မဟုတ်) ဒီဇင်ဘာတွင် ဆောင်ရွက်ရန်ပြင်ဆင်

Eleven, Created on Sunday, 22 September 2013 00:28
AddThis Social Bookmark Button
Q-22-9
စက်တင်ဘာ ၂၁ ရက်က တောင်ကြီးမြို့တွင် ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲသို့ တက်ရောက်လာသူများ (ဓာတ်ပုံ-စိုင်းအောင်မြတ်)
အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသား၊ အပစ်ရပ် လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေး ပါတီများ ပါဝင်သော နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ မူဘောင်ရေးဆွဲခြင်းကို နိုဝင်ဘာ (သို့မဟုတ်) ဒီဇင်ဘာလတွင် ဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြားသည်။
စက်တင်ဘာ ၂၁ ရက်က တောင်ကြီးမြို့၌ စတင်ပြုလုပ်သော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း (ရှမ်း၊ ကယား၊ မွန်)ဆွေးနွေးပွဲ အခမ်းအနား ဖွင့်ပွဲတွင် ဦးအောင်မင်းက ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
"တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရတာနဲ့ နိုင်ငံရေး ဆွေးနွေးမှု အဆင့်ကို တက်လှမ်းရတော့မှာဖြစ်ပြီး ကြားကာလမှာ Political Dialogue Framework လို့ခေါ်တဲ့ နိုင်ငံရေး ဆွေးနွေးမှုအတွက် လိုအပ်တဲ့ မူဘောင်တွေကို တိုင်းရင်းသား အဖွဲ့အစည်းများနှင့် အကျေအလည် ညှိနှိုင်းရေးဆွဲ သွားရမှာ ဖြစ်ပါတယ်။ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကြီးအတွက် မူဘောင်ရေးဆွဲရေး (Framework for Political Dialogue) ကို နိုဝင်ဘာ (သို့မဟုတ်)ဒီဇင်ဘာမှာ ဆောင်ရွက်ဖို့ ရည်မှန်းချက်ထားရှိ ပြင်ဆင်လျက် ရှိပါတယ်။ ဒီနေရာမှာလည်း အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသား၊ အပစ်ရပ်လက်နက်ကိုင် အဖွဲ့များ၊ နိုင်ငံရေး ပါတီများနှင့် ညှိနှိုင်းရေးဆွဲနိုင်ရန် ရည်ရွယ်ထားပါတယ်" ဟု ဦးအောင်မင်းက ဆိုသည်။
အစိုးရ အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်ကို အောက်တိုဘာလအတွင်း နေပြည်တော်၌ လက်မှတ်ရေးထိုးရန် ဆန္ဒရှိနေသော်လည်း . . . . .
တောင်ကြီးမြို့တွင် သုံးရက်ကြာ ပြုလုပ်မည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲသို့ တိုင်းရင်းသား အဖွဲ့အစည်းများ အပါအ၀င် အဖွဲ့အစည်းပေါင်း ၄၀ ကျော် တက်ရောက်ခဲ့ပြီး ၁၉၆၁ ခုနှစ်က ပြုလုပ်ခဲ့သော တောင်ကြီးညီလာခံသို့ တက်ရောက်ခဲ့သူ ၀ါရင့်နိုင်ငံရေး သမားအချို့လည်း တက်ရောက်ခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲဖွင့်ပွဲတွင် ဦးအောင်မင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးတို့က အဖွင့်အမှာစကားများ ပြောကြားခဲ့သည့်အပြင် ကျန်ရှိသော တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း တို့ကလည်း ဂုဏ်ပြုစကား ပြောကြားခြင်း၊ သ၀ဏ်လွှာ ပေးပို့ခြင်းများ ပြုလုပ်ခဲ့သည်။
အစိုးရ အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်ကို အောက်တိုဘာလအတွင်း နေပြည်တော်၌ လက်မှတ်ရေးထိုးရန် ဆန္ဒရှိနေသော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက အပစ်အခတ် ရပ်စဲရေးထက် နိုင်ငံရေး ဆွေးနွေးမှုများကို အမြန်ဆုံး လုပ်ဆောင်ရန် တိုက်တွန်းမှုများ ရှိနေပါသည်။ ထို့ပြင် နေပြည်တော်တွင် ပြုလုပ်မည့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်လက်မှတ် ရေးထိုးမည်ဟု တရားဝင် ထုတ်ဖော်ပြောကြားထားသည့် တိုင်းရင်းသား လက်နက်ကိုင် တစ်ဖွဲ့မျှ မရှိသေးဘဲ အများစုမှာ ဆက်လက်ဆွေးနွေး နေရဆဲဖြစ်သည်။
အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးက လက်မှတ်ရေးထိုးရန် သေချာမှု မရှိသေးချိန်၌ ထိုအဆင့် အောင်မြင်မှ လုပ်ဆောင်ရန် ရည်ရွယ်ထားသည့် နိုင်ငံရေး ဆွေးနွေးမူဘောင် ရေးဆွဲခြင်းကို နိုဝင်ဘာ (သို့မဟုတ်) ဒီဇင်ဘာတွင် ပြုလုပ်ရန် စီစဉ်နေသည်ဟု ဦးအောင်မင်းက ထုတ်ဖော်ပြောဆို ခဲ့ခြင်းဖြစ်သည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment