Thursday, September 26, 2013

အကြိမ် (၁၃၀) ကျော် အတိုက်ခိုက် ခံရသည်ကို RCSS ပြန်လည်သုံးသပ်

၅ ကြိမ်မျှ အပစ်ရပ်ရေး လက်မှတ် ထိုးထား ပါလျှက်နှင့် အကြိမ် (၁၃၀) ကျော် အတိုက်ခိုက် ခံခဲ့ ရသဖြင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)သည် ဒေသတွင်း တိုက်ပွဲလျှော့ချရေး အတွက် အကြို ညှိနှိုင်းဆွေးနွေးပွဲ တစ်ရပ်ကို ပြီးခဲ့သည့် စက်တင်ဘာလ လယ်ပိုင်းတွင် ကျင်းပ ခဲ့ကြောင်း ပြောခွင့်ရသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆိုင်မိဏ်း ကဆိုပါသည်။
 “ကျနော်တို့ ဆက်ဆံရေးရုံး ဖွင့်ထားတဲ့ မြို့နယ် တဝိုက်မှာ ဆိုရင် တိုက်ပွဲတွေ မဖြစ်သလောက် ပါဘဲ။ ဆိုတော့ နောက်ထပ် ဆက်ဆံရေးရုံးတွေ ထပ်ပြီး ဖွင့်လှစ်ရမဲ့ အခြေအနေမှာ ရှိနေတယ်။ ပြီးတော့ သက်ဆိုင်ရာ တပ်မှူးတွေ လှုပ်ရှားတဲ့ အခါမှာလည်း ဘယ်ဆက်ဆံရေးရုံးကို ဆက်သွယ် အကြောင်းကြား ထားရမယ်ဆိုတဲ့ ညှိနှိုင်းတဲ့ တွေ့ဆုံပွဲ ဖြစ်ပါတယ်” ဟုဆိုပါသည်။
RCSS သည် တိုက်ပွဲဖြစ်ပွားမှု လျော့ချနိုင်ရန် ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်နေ့က RCSS ကိုယ်စား လှယ်နှင့် ကရင် အမျိုးသား အစည်းအရုံး KNU ကိုယ်စားလှယ်တို့  ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် နေပြည်တော်၌ သွားရောက် တွေ့ဆုံသည့် ခရီးစဉ်၌ တင်ပြ တောင်းဆို ထားပါသည်။
သို့သော်လည်း တွေ့ဆုံပွဲ နောက်ပိုင်း စက်တင်ဘာ (၁၆) ရက်နေ့က စပြီး  အစိုးရ တပ်ဖွဲ့များသည် RCSS တပ်ဖွဲ့ များရှိရာ ရှမ်းပြည်မြောက်ပိုင်း၊ ရှမ်းပြည် တောင်ပိုင်းနှင့် ရှမ်းပြည် အရှေ့ပိုင်း ဒေသများတွင် လိုက်လံ တိုက်ခိုက် ခဲ့သဖြင့် နှစ်ကြိမ်ထက် မနဲ တိုက်ပွဲဖြစ်ပွား ခဲ့ပြန်ပါသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၂၂) ရက်နေ့က ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲ ခရိုင်၊ နမ္မတူမြို့နယ် ရှိ RCSS တပ် ဖွဲ့ကို အစိုးရ ခလရ (၁၇) တပ်ဖွဲ့တို့က လာရောက် တိုက်ခိုက် သောကြောင့် ရင်ဆိုင် တိုက်ပွဲ (၁) နာရီခန့် ဖြစ်ပွား ခဲ့ရာတွင် အစိုးရ တပ်ဖွဲ့ဘက်က တစ်ဦး ကျဆုံး သွားခဲ့ကြောင်း။
စက်တင်ဘာလ (၂၃) ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ် နတ်မော် လွယ်ငြိင်းရွာ အနောက်ဘက်တွင် အစိုးရ တပ်ဖွဲ့ ခလရ (၁၅၁) တပ်ဖွဲ့နှင့် RCSS/SSA တပ်ဖွဲ့တို့ နံနက် ၁၁ နာရီ ၄၅ မိနစ် အချိန်တွင် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့ရာတွင် အစိုးရ တပ်ဖွဲ့ ဘက်က တပ်ကြပ်ကြီး (၁) ဦး၊ တပ်ကြပ် (၁) ဦး၊ ဒုတပ်ကြပ် တစ်ဦး ကျဆုံး သွားခဲ့ပြီး (၃) ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း။
ယင်းနေ့၌ပင် ရှမ်းပြည် အလယ်ပိုင်းရှိ ကွန်ဟိန်းမြို့နှင့် မိန်ပူကြီး ကြားရှိ တာဖါခေါင် သံလျင် ကူးတိုဆိပ် အနီးတွင် RCSS/SSA တပ်ဖွဲ့နှင့် အစိုးရတပ်ဖွဲ့ ခလရ ၂၂၇ တပ်ဖွဲ့တို့က (၉) နာရီခန့်ကြား ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် အစိုးရတပ်ဖွဲ့ဘက်က ဗိုလ်ကြီး တစ်ဦး၊ တပ်ကြပ်ကြီး ၁ ဦး၊ တပ်ကြပ် ၂ ယောက်နှင့် တပ်သား ၁ ဦး ကျဆုံးသွား ကာ တပ်ကြပ်ကြီး ၁ ဦး၊ ဒုတပ်ကြပ် ၁ ဦးနှင့် တပ်သား ၁ ဦး ဒဏ်ရာ ရရှိခဲ့ပြီး RCSS/SSA တပ်ဖွဲ့ဘက်က တပ် သား ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြသည်ဟု ဆိုပါသည်။
ရှမ်းပြည် တောင်ပိုင်း ပင်လုံမြို့ ဟိုင်းနန်းကျေးရွာအုပ်စု ပြူပေါ ကျေးရွာတွင် အစိုးရ တပ်ဖွဲ့ ခမရ ၅၁၃ တပ်ဖွဲ့တို့က ထောင်ထားသည့် မိုင်းကို နင်းမိကာ ပါနန်လွန် အသက် (၅၇) နှစ်၊ နန်မေစု အသက် (၈) နှစ်နှင့် နန်မေတူ အ သက် (၇) နှစ် သားမိ (၃) ဦး ဒဏ်ရာ ရရှိ သွားခဲ့ကြောင်း ဗိုလ်မှူးကြီး စိုင်လောဝ်ဆိုင် ကဆိုပါသည်။
အစိုးရ တပ်ဖွဲ့ဘက်က နယ်မြေ ရှင်းလင်းရေးကို အကြောင်းပြုကာ RCSS/SSA တပ်ဖွဲ့ရှိရာသို့ ရောက်ရှိ လာခဲ့ပြီး RCSS ဘက်မှ ပြန်လည် ခုခံ တိုက်ခိုက် သောကြောင့် ရင်ဆိုင် တိုက်ပွဲများ ဖြစ်ပွား ခဲ့ရသည်ဟု ဆိုပါသည်။
ဤကဲ့သို့ အစိုးရ တပ်ဖွဲ့များမှ လိုက်လံ တိုက်ခိုက် နေမှုကြောင့် RCSS သည် ပါတီပိုင်း ဆိုင်ရာ အကြို ညှိနှိုင်းပွဲ တ ရပ်ကို စက်တင်ဘာလ (၁၈) ရက်နေ့မှ (၁၉) ရက် နေ့ အထိ ရှမ်းပြည် တောင်ပိုင်းရှိ ဟိုမိန်မြို့နယ်ခွဲနှင့် မိန် ထား မြို့နယ်ခွဲ အကြားရှိ (လွိုင်တိုင်းလျန်း) ဗဟိုဌာန ချုပ်၌ ကျင်းပ ခဲ့ရခြင်း ဖြစ်သည်ဟု ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆိုင် မိဏ်းက ဆိုပါသည်။
ဤကဲ့သို့ အစည်းအဝေး ကျင်းပပြီးနောက် RCSS သည် ပြီးခဲ့သည့် စက်တင်ဘာ (၂၀) ရက်နေ့တွင် တောင်ကြီးမြို့ တွင် ကျင်းပသည့် ရှမ်းကယားမွန် ဦးဆောင်သည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း အစည်း အဝေးသို့ တက်ရောက် ခဲ့ပါသည်။
ယင်းအစည်း အဝေးသို့ တက်ရောက်နေစဉ် နိုင်ငံတော် လုံခြုံရေး ၀န်ကြီး ဦးအောင်မင်းက တွေ့ဆုံ လိုသည်ဟု ဖိတ်ကြားရာ RCSS ကိုယ်စားလှယ်သည် ရှမ်းပြည် တောင်ပိုင်း မိုင်းပန်မြို့နှင့် ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲ့မြို့တို့၌ RCSS ဆက်ဆံရေးရုံး ဖွင့်လှစ် ပေးပါရန် ထပ်မံ တင်ပြ ခဲ့ပါသည်။
RCSS ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ်၏ သြဂုတ်လ ပြည်တွင်း ခရီးစဉ် တွင်လည်း  ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းမှ RCSS တို့သည် ရှမ်းပြည်တောင်ပိုင်း အတွင်း၌သာ တပ်စွဲ ထားသင့် သဖြင့် မိုင်းပန်မြို့တွင်ဆက် ဆံရေးရုံး ဖွင့်ခွင့်ပေးခဲ့သော်လည်း ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ ဆက်ဆံရေးရုံးကိုမူ အစိုးရဘက်ကဖွင့် လှစ် ခွင့်မပေးခဲ့ကြောင်း ဦးအောင်မင်းက ဆိုပါသည်။
RCSS ၏ ဆက်ဆံရေးရုံး များသည် လောလောဆယ် (၅) နေရာ ရှိပါသည်။ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ၊ ရှမ်းပြည် အလယ်ပိုင်း ခိုလံမြို့၊ ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့၊ မိုင်းဆတ်မြို့နှင့် တာချီလိတ်မြို့ ဟူ၍(၅) နေရာမျှ သာရှိပါသည်။ ၂၀၁၁ ခုနှစ်ကုန်ပိုင်းအစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး ခဲ့စဉ် နေရာ (၁၀) ခု ဖွင့်လှစ်ရန် သဘော တူထား ခဲ့ပါသည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment