Thursday, October 10, 2013

အွန်လိုင်းပေါ်မှာ ကရင်စာ သင်ချင်ပါသလား

အွန်လိုင်းပေါ်မှာ ပိုးကရင်စာ သင်ချင်သူများအတွက် ကရင့် ITပညာရှင်ကြီး Saw Kyaw Crossကနေ အလွယ်ကူဆုံးနဲ့ အသက်သာဆုံးဖြစ်အောင် တီထွင်လိုက်ပြီ ဖြစ်ပါတယ်။ အွန်လိုင်းပေါ်မှာ ကရင်စာ သင်ချင်သူများအနေဖြင့် အောက်ပါ လင့်ခ်တွင် သွားရောက် စမ်းသပ်သင်ယူကြရန်နှင့် ယခုလင့်ဟာ အကြမ်းသာဖြစ်နေသေးတဲ့အတွက် စမ်းသပ်သင်ယူပြီးရင် Feedbackတွေ ပေးကြဖို့လည်း မေတ္တာရပ်ခံအပ်ပါတယ်။
 http://www.khwekabaung.org/

အများရဲ့ Feedbackရရှိပြီးမှသာလျှင် အားလုံးအတွက် ဘယ်လို အကောင်းဆုံးဖြစ်အောင် ထပ်မံဖြည့်ဆည်း ဆောင်ရွက်ပေးသွားဖို့ ရှိကြောင်း ဆိုတာကိုလည်း Saw Kyaw Crossက ဆိုထားပါသေးတယ်။ Feedbackပေးကြမယ်ဆိုရင်တော့ ယခုအီးမေးလ် kyawcross@gmail.com ကနေ ဆက်သွယ်ပေးနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ Saw Kyaw Crossရဲ့ ကြိုးစားအားထုတ် တီထွင်ကြံဆ မှုတွေကိုလည်း ဒီနေရာကနေ မှတ်တမ်းတင်အပ်ပါတယ်။


ဓါတ်ပုံ-အမေရိကန် ရောက် ကရင်ကလေးငယ်လေးများကို ယခုလို နွေရာသီကရင်စာပေ သင်ကြားပေးနေပုံ။
မြေမြိုလို့ လူမျိုးမပျောက် လူမြိုလို့သာ လူမျိုးပျောက်မည်။

အားလုံးကို လေးစားစွာဖြင့်

အဲခေါင်သောင့်
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment