Tuesday, October 8, 2013

“အရင်တုန်းကလည်း လက်မှတ်ထိုးပြီးပြီလေ၊ ပြည်နယ်အဆင့်ရော ပြည်ထောင်စုအဆင့်ရော ထိုးပြီးပြီလေ ဒါပေမဲ့ အခု ဒါကအတည်မဖြစ်ဘူး ဖြစ်နေတယ်လေ”

-------------- ရှမ်းပြည်တိုးတက်ရေးပါတီ နာယက ဒုတိယဗိုလ်ချုပ်ကြီးဆေထင်နှင့်တွေ့ဆုံခြင်း ------------- တွေ့ဆုံမေးမြန်းသူ- အိဖြူလွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် စက်တင်ဘာ ၂၁ ရက်က စတင်ကျင်းပသည့် ငြိမ်းချမ်းရေးနှင့် ယုံကြည်မှုတည်ဆောက်ရေး ဆွေးနွေးပွဲသို့ တက်ရောက်လာသော အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားပြီးဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နာယက ဒုတိယဗိုလ်ချုပ်ကြီးဆေထင်နှင့် ရှမ်းပြည်တပ်မတော်တောင်ပိုင်း၏ ရှေ့ဆက်သွားမည့်ပုံစံများကို 7Day News က သီးသန့်တွေ့ဆုံမေးမြန်းထားသည်များမှ စာဖတ်ပရိသတ်အတွက် ကောက်နုတ်ဖော်ပြလိုက်ပါသည်။ မေး- SSPP နဲ့၊ တပ်နဲ့၊ တပ်မတော်နဲ့ လက်ရှိ ဒီမနက်ထိ တိုက်ပွဲတွေ ဖြစ်နေသေးတဲ့အပေါ်မှာ ဘယ်လိုပြောချင်ပါသလဲ။ ဖြေ- တိုက်ပွဲတွေ ဆက်ဖြစ်နေတာက ကျွန်တော်တို့ထိုးထားတဲ့ စာချုပ်ပေါ်မှာ ကတိမတည်ဘူး သဘောဖြစ်နေတာပေါ့။ မေး- ဒါဆိုရင် နောက်ထပ် တစ်နိုင်ငံလုံး ပြည်ထောင်စုအဆင့် လက်မှတ်ထိုးဖို့ကရော SSPP အနေနဲ့ ဘယ်လိုဖြစ်နိုင်မလဲ။ ဖြေ- အဲဒါကတော့ စဉ်းစားရဦးမယ်။ တစ်နိုင်ငံလုံး လက်မှတ်ရေးထိုးဖို့နဲ့ ပတ်သက်ပြီးတော့ သူတို့တွေ မရိုးသားတဲ့အချက်တွေ နည်းနည်းရှိတယ်။ အဲဒီမှာ သူတို့ စာအုပ်ကြီးဖွင့်ထားမယ်။ ထိုးချင်တဲ့သူထိုး၊ မထိုးချင်တဲ့သူမထိုးဆိုတာက ဒါထိုးရင်လည်း အားလုံးထိုးပေါ့။ မထိုးရင်လည်း အားလုံးမထိုးနဲ့ပေါ့။ အဲဒါက လက်မှတ်ထိုးပွဲနဲ့လည်း မတူဘူးလေ။ သံသယရှိစရာ အချက်အလက်တွေ ရှိနေတယ်လေ။ ဒါကြောင့် ဒါတော်တော်စဉ်းစားရမယ့်ပြဿနာ ဖြစ်ပါတယ်။ မေး- အဲဒီတော့ SSPP အနေနဲ့ လက်မှတ်ထိုးဖို့ကို မသေချာသေးဘူးလို့ ဆိုလိုတာလား။ ဖြေ- ဟုတ်တယ်။ ဒီလက်မှတ်ထိုးပွဲမှာ ပါဖို့၊ မပါဖို့က မသေချာသေးပါဘူး။ မေး- ဘယ်လိုအချက်တွေကို အစိုးရဘက်က ပြင်ပေးမယ်ဆိုရင် လက်မှတ်ထိုးပွဲမှာပါပြီး ထိုးဖြစ်မလဲ။ ဖြေ- အဓိကအရေးကြီးတာကတော့ လက်မှတ်ရေးထိုးပွဲပြီးမှ အပစ်အခတ်မဖြစ်ဖို့ဘဲ။ အရင်တုန်းကလည်း လက်မှတ်ထိုးပြီးပြီလေ။ ပြည်နယ်အဆင့်ရော၊ ပြည်ထောင်စုအဆင့်ရော ထိုးပြီးပြီလေ။ ဒါပေမဲ့ အခုဒါက အတည်မဖြစ်ဘူး ဖြစ်နေတယ်လေ။ အစိုးရရယ်၊ တပ်ရယ်၊ လွှတ်တော်ရယ် သူတို့ ပူးပေါင်းဆောင်ရွက်မှုတွေ ပျောက်နေတယ်လို့ထင်တယ်။ မေး- လက်မှတ်ထိုးပြီးသွားရင်ပဲဖြစ်ဖြစ် အားလုံးငြိမ်းချမ်းရေးရပြီးရင် ရှမ်းပြည်တပ်မတော် SSPP/SSA အနေနဲ့ ဘယ်လိုပုံစံနဲ့ ရပ်တည်ဖြစ်မလဲ။ ဖြေ- လက်မှတ်ရေးထိုးရုံနဲ့ ငြိမ်းချမ်းရေးရတာမဟုတ်ဘူး။ အဘတို့ ခံယူထားတာကတော့ ဒီလက်မှတ်ထိုးတာ၊ မထိုးတာ မဟုတ်ဘူး။ ၆ ရက်နေ့က ဦးရွှေမန်းနဲ့တွေ့တုန်းကလည်း ပြောခဲ့တယ်။ လက်မှတ်ရေးထိုးတာ အဓိကမဟုတ်ဘူး။ political solution နိုင်ငံရေးဆွေးနွေးပွဲလုပ်ပြီးတော့ နိုင်ငံရေးပြဿနာတွေ ပြေလည်သွားမယ်ဆိုရင် လက်မှတ်ထိုးဖို့မလိုဘူး။ ဒီပြည်တွင်းစစ် ရပ်အောင်လုပ်လို့ရတယ်။ လက်မှတ်ထိုးရုံနဲ့ ပြည်တွင်းစစ်မရပ်ဘူး။ စစ်ရပ်တဲ့အထိ နိုင်ငံရေးလုပ်ဆောင်မှုတွေ ပြေလည်သည်အထိ အဘတို့က လက်နက်ကိုင်ထားရဦးမှာပါပဲ။ မေး- နိုင်ငံရေးဆွေးနွေးပွဲမှာ ဘယ်လိုအချက်ကို အဓိကတင်ပြဖို့ရှိလဲ။ ဖြေ- နိုင်ငံရေးဆွေးနွေးပွဲမှာ ဒီနိုင်ငံရေးပြေလည်ဖို့က ဗမာပြည်မှာဖြစ်နေတဲ့ constitutional crashing ပေါ့။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စတွေပဲ။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေကတည်းက ပြည်ထောင်စုစစ်မူဖြစ်မယ်။ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံခဲ့ရင် power sharing, resource sharing တွေသာ တူညီမှုဖြစ်လာပြီးတော့မှ ပြည်တွင်းစစ်လည်း ဖြစ်လာစရာအကြောင်းမရှိဘူး။ ဒါကြောင့်မို့လို့ ဖွဲ့စည်းပုံကို တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဒီမိုကရေစီဖက်ဒရယ်ဖြစ်ရေးကိုပဲ ဦးတည်ရမှာပဲ။ မေး- အခြေခံဥပဒေကလည်း ပြင်ဆင်ရေးနဲ့ အသစ်ရေးဆွဲဖို့ လမ်းနှစ်လမ်းဖြစ်နေပါတယ်။ SSPP က ဘယ်လမ်းကိုရွေးမလဲ။ ဖြေ- ဒီညီလာခံမှာ အားလုံးရဲ့သဘောထားက ဖွဲ့စည်းပုံကို အဟောင်းကြီးကိုပြင်မယ့်အစား အဟောင်းကြီးဖျက်ပစ် အသစ်ရေးဆိုတာ ပိုပြီးပီပြင်တယ်၊ ပိုပြီးလှမယ်လို့ ထင်ပါတယ်။ မေး- SSPP က တိုက်ပွဲတွေ မရှိတော့ဘူးဆိုရင် တပ်ကို ဘယ်လိုအနေအထား ဘယ်လိုပုံစံနဲ့ဆက်ရှိမလဲ။ ဖြေ- မျှော်မှန်းထားတော့ နောက်နောင် ဖက်ဒရယ်ယူနီယံအာမီရှိမယ်။ တပ်ကိုလည်း ပြောင်းရမှာပဲ။ လူမျိုးစုတွေရဲ့အကျိုးကို ကာကွယ်တဲ့တပ် ဖြစ်သင့်တယ်လေ။ အခုတပ်ကတော့ လက်တစ်ဆုပ်စာ အာဏာရှင်တွေကို ကာကွယ်တဲ့တပ်ဖြစ်နေတယ်။ ဗမာပြည်သူတွေရော၊ ရှမ်းပြည်သူတွေရော ကာကွယ်တဲ့တပ် ဖြစ်သင့်တယ်လေ။ နောင်လာမယ့် ဖက်ဒရယ်မူအောက်မှာဆိုရင် သက်ဆိုင်ရာပြည်နယ်တွေရဲ့ လုံခြုံရေးတပ်တွေလိုတယ်။ အဲဒီလုံခြုံရေးတပ်တွေမှာ ဆက်လက်ပြီး တာဝန်ထမ်းဆောင်ဖို့တော့ ရည်ရွယ်ချက်ရှိပါတယ်။ မေး- အဲဒီအချိန်မှာရော ရှမ်းတပ်မတော် အချင်းချင်းပေါင်းစည်းဖို့ဆိုတာ ဖြစ်လာမှာလား။ ဖြေ- ဒါကတော့ အားလုံးပေါင်းရမှာပေါ့။ အခုလည်းပဲ ပေါင်းနိုင်အောင် နည်းလမ်းတွေ ရှာနေပါတယ်။ မေး- တပ်က ပေါင်းစည်းသွားပြီဆိုရင် ရှမ်းပြည်က ပြည်နယ်တွေမှာ အကြီးဆုံးပြည်နယ်ဖြစ်နေပြီး လူမျိုးစုလည်း အများဆုံးရှိတဲ့အတွက် နိုင်ငံရေးပိုင်း ပေါင်းစည်းဖို့ရောရှိလား။ ဖြေ- အဓိက အရေးကြီးတာကတော့ နိုင်ငံရေးပြေလည်ဖို့ပါ။ နောင်ကျင့်သုံးမယ့် အမျိုးသားရေးပေါ်လစီပေါ်မှာ မူတည်တာပေါ့။ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေါ်မှာ တချို့တွေလည်း ဒီအခွင့်အရေးတွေ ခံစားရတယ်။ အဲဒီအခြေအနေအောက်မှာ တခြားလူမျိုးငယ်လေးတွေ သူ့လူမျိုးကို လားဟူဆိုရင်လည်း လားဟူကိုပေးခိုင်းလိုက်၊ လီရှောဆိုလည်းလီရှော၊ တိုင်းလိုင်ဆိုလည်း သူတို့ငယ်တော့ မြို့နယ်တန်လည်းမြို့နယ် တိုက်နယ်တန်လည်း တိုက်နယ်ပေါ့လေ သူ့ဟာနဲ့သူ သူ့လူမျိုးနဲ့သူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးလိုက်။ ဒါဆိုရင် ပြေလည်နိုင်မယ်လို့တော့ အဘ ထင်တယ်။ မေး- ရှမ်းပြည်မှာ လက်နက်ကိုင်အဖွဲ့တွေရော၊ နိုင်ငံရေးပါတီတွေရော အများကြီးဖြစ်နေပြီး ခုချိန်ထိ မပေါင်းစည်းနိုင်သေးတာက ဘာကြောင့်များပါလဲ။ ဖြေ- ဒါကတော့ အမြင်လေးတွေပါ။ သူ့အမြင်၊ ကိုယ့်အမြင်ရှိကြတာပေါ့။ တူညီတဲ့အမြင်တွေ ရရှိအောင်တော့ လုပ်နေပါတယ်။ မေး- ဒါဆိုရင် အခုအခြေအနေက ၂၀၁၅ ရွေးကောက်ပွဲမှာ ရှမ်းပြည်သူလူထုအပေါ် ဘယ်လောက်အကျိုးသက်ရောက်မှု ရှိနိုင်မလဲ။ ဖြေ- ဒါကမရှိနိုင်ပါဘူး။ အဓိကအရေးကြီးတာက ပြည်ထောင်စုဖွဲ့စည်းပုံပဲ ပြည်ထောင်စုဖွဲ့စည်းပုံ ပြေလည်သွားရင် တခြားဟာတွေက ညှိယူလို့ရတယ်လေ။ မေး- SSPP အနေနဲ့ နိုင်ငံရေးလောကထဲကိုဝင်ဖို့ အစီအစဉ်ရှိပါသလား။ ဖြေ- အခုလောလောဆယ်ကထဲမှာ နိုင်ငံရေးဦးဆောင်တာကတော့ SNLD ပေါ့။ SNLD နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ SSPP အနေနဲ့ ပါတီဖွဲ့ဖို့ နိုင်ငံရေးလောကထဲဝင်ဖို့ အစီအစဉ်မရှိပါဘူး။ ပူးပေါင်းဆောင်ရွက်မယ်၊ SNLD ကို အားဖြည့်မယ်၊ ၀န်းရံမယ်ပေါ့။ မေး- နိုင်ငံတစ်နိုင်ငံမှာ ပြည်ထောင်စုတပ်မတော်တစ်ခုပဲ ရှိရမယ်လို့ ပြောပါတယ်။ ဒါကြောင့် တပ်တွေပေါင်းစည်းပြီးတဲ့ တိုင်းရင်းသားတွေကို တပ်မှာနေရာမပေးဘူး။ ခွဲခြားဆက်ဆံတာတွေ ရှိတယ်ဆိုတဲ့ကိစ္စတွေက ဘယ်လောက်ထိ အကျိုးသက်ရောက်နိုင်မလဲ။ ဖြေ- ဒါက အများကြီးသက်ရောက်ပါတယ်။ ဒီတပ် ဘယ်သူ့ကို အလုပ်အကျွေးပြုမှာလဲ။ ဘယ်သူ့ကိုကာကွယ်မလဲ။ ဒီတပ်က လက်တစ်ဆုပ်စာအာဏာရှင်တွေကိုပဲ ကာကွယ်နေတယ်။ လက်တစ်ဆုပ်စာလူတွေကိုပဲ အကျိုးပြုနေတော့ ဒါကတော့ အခုခေတ်နဲ့မကိုက်ညီဘူး။ ဒါကြောင့် SSPP က ပြည်ထောင်စုတပ်ရဲ့ အစိတ်အပိုင်းအနေနဲ့မဖြစ်ဘဲ ပြည်နယ်လုံခြုံရေးအနေနဲ့ပဲရှိမှာပါ။ ဓာတ်ပုံ- အိဖြူလွင် Photo: “အရင်တုန်းကလည်း လက်မှတ်ထိုးပြီးပြီလေ၊ ပြည်နယ်အဆင့်ရော ပြည်ထောင်စုအဆင့်ရော ထိုးပြီးပြီလေ ဒါပေမဲ့ အခု ဒါကအတည်မဖြစ်ဘူး ဖြစ်နေတယ်လေ” -------------- ရှမ်းပြည်တိုးတက်ရေးပါတီ နာယက ဒုတိယဗိုလ်ချုပ်ကြီးဆေထင်နှင့်တွေ့ဆုံခြင်း ------------- တွေ့ဆုံမေးမြန်းသူ- အိဖြူလွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် စက်တင်ဘာ ၂၁ ရက်က စတင်ကျင်းပသည့် ငြိမ်းချမ်းရေးနှင့် ယုံကြည်မှုတည်ဆောက်ရေး ဆွေးနွေးပွဲသို့ တက်ရောက်လာသော အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားပြီးဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နာယက ဒုတိယဗိုလ်ချုပ်ကြီးဆေထင်နှင့် ရှမ်းပြည်တပ်မတော်တောင်ပိုင်း၏ ရှေ့ဆက်သွားမည့်ပုံစံများကို 7Day News က သီးသန့်တွေ့ဆုံမေးမြန်းထားသည်များမှ စာဖတ်ပရိသတ်အတွက် ကောက်နုတ်ဖော်ပြလိုက်ပါသည်။ မေး- SSPP နဲ့၊ တပ်နဲ့၊ တပ်မတော်နဲ့ လက်ရှိ ဒီမနက်ထိ တိုက်ပွဲတွေ ဖြစ်နေသေးတဲ့အပေါ်မှာ ဘယ်လိုပြောချင်ပါသလဲ။ ဖြေ- တိုက်ပွဲတွေ ဆက်ဖြစ်နေတာက ကျွန်တော်တို့ထိုးထားတဲ့ စာချုပ်ပေါ်မှာ ကတိမတည်ဘူး သဘောဖြစ်နေတာပေါ့။ မေး- ဒါဆိုရင် နောက်ထပ် တစ်နိုင်ငံလုံး ပြည်ထောင်စုအဆင့် လက်မှတ်ထိုးဖို့ကရော SSPP အနေနဲ့ ဘယ်လိုဖြစ်နိုင်မလဲ။ ဖြေ- အဲဒါကတော့ စဉ်းစားရဦးမယ်။ တစ်နိုင်ငံလုံး လက်မှတ်ရေးထိုးဖို့နဲ့ ပတ်သက်ပြီးတော့ သူတို့တွေ မရိုးသားတဲ့အချက်တွေ နည်းနည်းရှိတယ်။ အဲဒီမှာ သူတို့ စာအုပ်ကြီးဖွင့်ထားမယ်။ ထိုးချင်တဲ့သူထိုး၊ မထိုးချင်တဲ့သူမထိုးဆိုတာက ဒါထိုးရင်လည်း အားလုံးထိုးပေါ့။ မထိုးရင်လည်း အားလုံးမထိုးနဲ့ပေါ့။ အဲဒါက လက်မှတ်ထိုးပွဲနဲ့လည်း မတူဘူးလေ။ သံသယရှိစရာ အချက်အလက်တွေ ရှိနေတယ်လေ။ ဒါကြောင့် ဒါတော်တော်စဉ်းစားရမယ့်ပြဿနာ ဖြစ်ပါတယ်။ မေး- အဲဒီတော့ SSPP အနေနဲ့ လက်မှတ်ထိုးဖို့ကို မသေချာသေးဘူးလို့ ဆိုလိုတာလား။ ဖြေ- ဟုတ်တယ်။ ဒီလက်မှတ်ထိုးပွဲမှာ ပါဖို့၊ မပါဖို့က မသေချာသေးပါဘူး။ မေး- ဘယ်လိုအချက်တွေကို အစိုးရဘက်က ပြင်ပေးမယ်ဆိုရင် လက်မှတ်ထိုးပွဲမှာပါပြီး ထိုးဖြစ်မလဲ။ ဖြေ- အဓိကအရေးကြီးတာကတော့ လက်မှတ်ရေးထိုးပွဲပြီးမှ အပစ်အခတ်မဖြစ်ဖို့ဘဲ။ အရင်တုန်းကလည်း လက်မှတ်ထိုးပြီးပြီလေ။ ပြည်နယ်အဆင့်ရော၊ ပြည်ထောင်စုအဆင့်ရော ထိုးပြီးပြီလေ။ ဒါပေမဲ့ အခုဒါက အတည်မဖြစ်ဘူး ဖြစ်နေတယ်လေ။ အစိုးရရယ်၊ တပ်ရယ်၊ လွှတ်တော်ရယ် သူတို့ ပူးပေါင်းဆောင်ရွက်မှုတွေ ပျောက်နေတယ်လို့ထင်တယ်။ မေး- လက်မှတ်ထိုးပြီးသွားရင်ပဲဖြစ်ဖြစ် အားလုံးငြိမ်းချမ်းရေးရပြီးရင် ရှမ်းပြည်တပ်မတော် SSPP/SSA အနေနဲ့ ဘယ်လိုပုံစံနဲ့ ရပ်တည်ဖြစ်မလဲ။ ဖြေ- လက်မှတ်ရေးထိုးရုံနဲ့ ငြိမ်းချမ်းရေးရတာမဟုတ်ဘူး။ အဘတို့ ခံယူထားတာကတော့ ဒီလက်မှတ်ထိုးတာ၊ မထိုးတာ မဟုတ်ဘူး။ ၆ ရက်နေ့က ဦးရွှေမန်းနဲ့တွေ့တုန်းကလည်း ပြောခဲ့တယ်။ လက်မှတ်ရေးထိုးတာ အဓိကမဟုတ်ဘူး။ political solution နိုင်ငံရေးဆွေးနွေးပွဲလုပ်ပြီးတော့ နိုင်ငံရေးပြဿနာတွေ ပြေလည်သွားမယ်ဆိုရင် လက်မှတ်ထိုးဖို့မလိုဘူး။ ဒီပြည်တွင်းစစ် ရပ်အောင်လုပ်လို့ရတယ်။ လက်မှတ်ထိုးရုံနဲ့ ပြည်တွင်းစစ်မရပ်ဘူး။ စစ်ရပ်တဲ့အထိ နိုင်ငံရေးလုပ်ဆောင်မှုတွေ ပြေလည်သည်အထိ အဘတို့က လက်နက်ကိုင်ထားရဦးမှာပါပဲ။ မေး- နိုင်ငံရေးဆွေးနွေးပွဲမှာ ဘယ်လိုအချက်ကို အဓိကတင်ပြဖို့ရှိလဲ။ ဖြေ- နိုင်ငံရေးဆွေးနွေးပွဲမှာ ဒီနိုင်ငံရေးပြေလည်ဖို့က ဗမာပြည်မှာဖြစ်နေတဲ့ constitutional crashing ပေါ့။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စတွေပဲ။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေကတည်းက ပြည်ထောင်စုစစ်မူဖြစ်မယ်။ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံခဲ့ရင် power sharing, resource sharing တွေသာ တူညီမှုဖြစ်လာပြီးတော့မှ ပြည်တွင်းစစ်လည်း ဖြစ်လာစရာအကြောင်းမရှိဘူး။ ဒါကြောင့်မို့လို့ ဖွဲ့စည်းပုံကို တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဒီမိုကရေစီဖက်ဒရယ်ဖြစ်ရေးကိုပဲ ဦးတည်ရမှာပဲ။ မေး- အခြေခံဥပဒေကလည်း ပြင်ဆင်ရေးနဲ့ အသစ်ရေးဆွဲဖို့ လမ်းနှစ်လမ်းဖြစ်နေပါတယ်။ SSPP က ဘယ်လမ်းကိုရွေးမလဲ။ ဖြေ- ဒီညီလာခံမှာ အားလုံးရဲ့သဘောထားက ဖွဲ့စည်းပုံကို အဟောင်းကြီးကိုပြင်မယ့်အစား အဟောင်းကြီးဖျက်ပစ် အသစ်ရေးဆိုတာ ပိုပြီးပီပြင်တယ်၊ ပိုပြီးလှမယ်လို့ ထင်ပါတယ်။ မေး- SSPP က တိုက်ပွဲတွေ မရှိတော့ဘူးဆိုရင် တပ်ကို ဘယ်လိုအနေအထား ဘယ်လိုပုံစံနဲ့ဆက်ရှိမလဲ။ ဖြေ- မျှော်မှန်းထားတော့ နောက်နောင် ဖက်ဒရယ်ယူနီယံအာမီရှိမယ်။ တပ်ကိုလည်း ပြောင်းရမှာပဲ။ လူမျိုးစုတွေရဲ့အကျိုးကို ကာကွယ်တဲ့တပ် ဖြစ်သင့်တယ်လေ။ အခုတပ်ကတော့ လက်တစ်ဆုပ်စာ အာဏာရှင်တွေကို ကာကွယ်တဲ့တပ်ဖြစ်နေတယ်။ ဗမာပြည်သူတွေရော၊ ရှမ်းပြည်သူတွေရော ကာကွယ်တဲ့တပ် ဖြစ်သင့်တယ်လေ။ နောင်လာမယ့် ဖက်ဒရယ်မူအောက်မှာဆိုရင် သက်ဆိုင်ရာပြည်နယ်တွေရဲ့ လုံခြုံရေးတပ်တွေလိုတယ်။ အဲဒီလုံခြုံရေးတပ်တွေမှာ ဆက်လက်ပြီး တာဝန်ထမ်းဆောင်ဖို့တော့ ရည်ရွယ်ချက်ရှိပါတယ်။ မေး- အဲဒီအချိန်မှာရော ရှမ်းတပ်မတော် အချင်းချင်းပေါင်းစည်းဖို့ဆိုတာ ဖြစ်လာမှာလား။ ဖြေ- ဒါကတော့ အားလုံးပေါင်းရမှာပေါ့။ အခုလည်းပဲ ပေါင်းနိုင်အောင် နည်းလမ်းတွေ ရှာနေပါတယ်။ မေး- တပ်က ပေါင်းစည်းသွားပြီဆိုရင် ရှမ်းပြည်က ပြည်နယ်တွေမှာ အကြီးဆုံးပြည်နယ်ဖြစ်နေပြီး လူမျိုးစုလည်း အများဆုံးရှိတဲ့အတွက် နိုင်ငံရေးပိုင်း ပေါင်းစည်းဖို့ရောရှိလား။ ဖြေ- အဓိက အရေးကြီးတာကတော့ နိုင်ငံရေးပြေလည်ဖို့ပါ။ နောင်ကျင့်သုံးမယ့် အမျိုးသားရေးပေါ်လစီပေါ်မှာ မူတည်တာပေါ့။ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေါ်မှာ တချို့တွေလည်း ဒီအခွင့်အရေးတွေ ခံစားရတယ်။ အဲဒီအခြေအနေအောက်မှာ တခြားလူမျိုးငယ်လေးတွေ သူ့လူမျိုးကို လားဟူဆိုရင်လည်း လားဟူကိုပေးခိုင်းလိုက်၊ လီရှောဆိုလည်းလီရှော၊ တိုင်းလိုင်ဆိုလည်း သူတို့ငယ်တော့ မြို့နယ်တန်လည်းမြို့နယ် တိုက်နယ်တန်လည်း တိုက်နယ်ပေါ့လေ သူ့ဟာနဲ့သူ သူ့လူမျိုးနဲ့သူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးလိုက်။ ဒါဆိုရင် ပြေလည်နိုင်မယ်လို့တော့ အဘ ထင်တယ်။ မေး- ရှမ်းပြည်မှာ လက်နက်ကိုင်အဖွဲ့တွေရော၊ နိုင်ငံရေးပါတီတွေရော အများကြီးဖြစ်နေပြီး ခုချိန်ထိ မပေါင်းစည်းနိုင်သေးတာက ဘာကြောင့်များပါလဲ။ ဖြေ- ဒါကတော့ အမြင်လေးတွေပါ။ သူ့အမြင်၊ ကိုယ့်အမြင်ရှိကြတာပေါ့။ တူညီတဲ့အမြင်တွေ ရရှိအောင်တော့ လုပ်နေပါတယ်။ မေး- ဒါဆိုရင် အခုအခြေအနေက ၂၀၁၅ ရွေးကောက်ပွဲမှာ ရှမ်းပြည်သူလူထုအပေါ် ဘယ်လောက်အကျိုးသက်ရောက်မှု ရှိနိုင်မလဲ။ ဖြေ- ဒါကမရှိနိုင်ပါဘူး။ အဓိကအရေးကြီးတာက ပြည်ထောင်စုဖွဲ့စည်းပုံပဲ ပြည်ထောင်စုဖွဲ့စည်းပုံ ပြေလည်သွားရင် တခြားဟာတွေက ညှိယူလို့ရတယ်လေ။ မေး- SSPP အနေနဲ့ နိုင်ငံရေးလောကထဲကိုဝင်ဖို့ အစီအစဉ်ရှိပါသလား။ ဖြေ- အခုလောလောဆယ်ကထဲမှာ နိုင်ငံရေးဦးဆောင်တာကတော့ SNLD ပေါ့။ SNLD နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ SSPP အနေနဲ့ ပါတီဖွဲ့ဖို့ နိုင်ငံရေးလောကထဲဝင်ဖို့ အစီအစဉ်မရှိပါဘူး။ ပူးပေါင်းဆောင်ရွက်မယ်၊ SNLD ကို အားဖြည့်မယ်၊ ၀န်းရံမယ်ပေါ့။ မေး- နိုင်ငံတစ်နိုင်ငံမှာ ပြည်ထောင်စုတပ်မတော်တစ်ခုပဲ ရှိရမယ်လို့ ပြောပါတယ်။ ဒါကြောင့် တပ်တွေပေါင်းစည်းပြီးတဲ့ တိုင်းရင်းသားတွေကို တပ်မှာနေရာမပေးဘူး။ ခွဲခြားဆက်ဆံတာတွေ ရှိတယ်ဆိုတဲ့ကိစ္စတွေက ဘယ်လောက်ထိ အကျိုးသက်ရောက်နိုင်မလဲ။ ဖြေ- ဒါက အများကြီးသက်ရောက်ပါတယ်။ ဒီတပ် ဘယ်သူ့ကို အလုပ်အကျွေးပြုမှာလဲ။ ဘယ်သူ့ကိုကာကွယ်မလဲ။ ဒီတပ်က လက်တစ်ဆုပ်စာအာဏာရှင်တွေကိုပဲ ကာကွယ်နေတယ်။ လက်တစ်ဆုပ်စာလူတွေကိုပဲ အကျိုးပြုနေတော့ ဒါကတော့ အခုခေတ်နဲ့မကိုက်ညီဘူး။ ဒါကြောင့် SSPP က ပြည်ထောင်စုတပ်ရဲ့ အစိတ်အပိုင်းအနေနဲ့မဖြစ်ဘဲ ပြည်နယ်လုံခြုံရေးအနေနဲ့ပဲရှိမှာပါ။ ဓာတ်ပုံ- အိဖြူလွင်
7Day News Journal
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment