သြဂုတ်လ ၂၃၊ ၂၀၁၀
“လူမသေ တာဝန်မကျေ”တဲ့လား
သည်းခြေတွေလီလီခမ်း
ရန်သူ့ဆီမြန်းသွားနေ
သွားလေသူ သစ္စာမဲ့တသင်း
ငိုချင်းလည်းချမနေသင့်တော့ပေ
နွေခေါင်ခေါင်မိုးကြိုး
ငြိုးလို့သာ ခွင်းပစ်လိုက်တယ်။
“လူမသေ တာဝန်မကျေ”
ဘာတွေလည်း၊ ဘာတာဝန်လည်း
မခွဲခြားတတ် အမှားအမှန်
အလျားအနံမသိတတ်လေရော့လား
မင်း…သား၊ မယားကောင်းစားရေးလား
မင်း…စီးပွားဖြစ်ထွန်းရေးလား
ကြွေးကြော်သံများဝိုးတဝါး။
တအားရူးတာလား
တအားမူးတာလား
အဖျားရှူးသွားတဲ့ဇတ်လမ်း
မှတ်တမ်း၊ ဖြတ်လမ်းကသွား
သဘောက်သား၊ နွားဖြစ်တဲ့ကိန်း။
တော်လှန်ခရီးကို ဖျက်ဆီးပစ်
မူသစ္စာတွေဖျက်ဆီး
တောက်…အချည်းအနှီးသတ္တဝါတွေ
လူတွေအထင်ကြီးအောင်ခင်း
မင်းအလုပ်၊ မင်းဆောင်ပုဒ်
ဟုတ်တုတ်တုတ်ရှိခဲ့ပေမယ့်လည်း။
ဘီလူး၊ သဘတ်တသင်း
သြော်…မထူးဇတ်ခင်းပြီဆိုရင်ဖြင့်
ရင်နင့်စရာ ကရင့်အနာဂတ်
ဇရပ်၊ ပြတိုက်မရောက်ရရေး
မနှေးအမြန်ကာကွယ်သင့်ပြီမို့။
ကဲ…ပုဝါမယူ၊ ရေမကူဘဲ
အသဲတခြမ်းယူဆောင်း
ပွဲတောင်းကာတော်လှန်မလေ
အာမခြွေ၊ စာမရှည်(ရှေ)
ငါမသေ တာဝန်မကျေပြီတဲ့ဟေ့။ ။
(လင်္ကာဒီပ)
Tuesday, August 24, 2010
Subscribe to:
Post Comments (Atom)