သန်းထိုက်ဦး Friday, September 10, 2010
နအဖ စစ်တပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ဖွဲ့ဝင်များ
စက်တင်ဘာလ ၈ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နအဖ တပ်ဘက်မှ ၂ ဦး ကျဆုံးပြီး ၆ဦး
ဒဏ်ရာ ရရှိခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ထံမှ သိရသည်။
အဆိုပါ တိုက်ပွဲသည် ကရင်ပြည်နယ် မြ၀တီမြို့နယ်အတွင်းရှိ KNLA တပ်မဟာ ၇ ထိန်းချုပ်ရာ
ဒေသအတွင်း နအဖ၏ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၉ လက်အောက်ခံ ခြေမြန်
တပ်ရင်း (ခမရ) ၅၈၇ မှ တပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ နအဖ တပ်များက
ယင်းဒေသ၌ လှုပ်ရှားနေစဉ် KNLA က ပြောက်ကျားစနစ်ဖြင့် ခြုံခိုတိုက်ခိုက်ခဲ့သောကြောင့် ယ
ခုကဲ့သို့ ကျဆုံးခြင်းဖြစ်ကြောင်း KNU ဘားအံခရိုင် ဥက္ကဋ္ဌ ဖဒို စောအောင်မော်အေးက ဧရာဝတီ
သို့ ပြောသည်။
တိုက်ပွဲ ဖြစ်ပွားချိန်တွင် နအဖဘက်မှ စစ်သည်အင်အား ၅၀ ခန့်ရှိကြောင်း၊ KNLA ဘက်မှ ထိ
ခိုက်ကျဆုံးမှု မရှိဟု KNUက ဆိုသည်။
စက်တင်ဘာ ၂ ရက်နေ့ကလည်း တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း၌ နအဖ ခြေမြန်တပ်
ရင်း (ခမရ) ၅၈၄ တပ်များနှင့် KNLA တပ်မဟာ ၄ မှ တပ်ဖွဲ့ဝင်များ တိုက်ပွဲ ဖြစ်ပွားရာ နအဖ
ဘက်မှ ၂ ဦးကျဆုံးပြီး ၇ ဦး ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ် ပိုင်ကျုံမြို့နယ်အတွင်း၌ သြဂုတ်လ ၄ ရက်နေ့တွင် နအဖ စစ်တပ်ကို KNLA
တပ်ဖွဲ့ဝင်များက ခြုံခို တိုက်ခိုက်ခဲ့ရာ နအဖ တပ်ဘက်မှ ဒု တပ်ရင်းမှူး အပါအ၀င် ၉ ဦး ကျ
ဆုံးပြီး ၁၄ ဦး ဒဏ်ရာ ရရှိခဲ့သေးသည်။
Saturday, September 11, 2010
Subscribe to:
Post Comments (Atom)