Sunday, October 3, 2010

ကရင်မိသားစုတချို့ ဂျပန်တွင် အခြေချ နေထိုင်ရန် ရောက်ရှိလာ

ဘ၀ရဲ့ အနှိမ်ခံဘ၀၊ အနိုင်ကျင့်ခံဘ၀၊ နှိမ့်စက်မှု ဘ၀ကနေ လွတ်မြောက်ဖို့ ကရင်လူမျိုး အများအပြားဟာ မိမိတို့ရဲ့ နေရာဒေသကို စွန့်ခွာပြီး အေးချမ်း သာယာနိုင်မယ့် နေရာကို ရှာဖွေကာ ဘ၀သစ်ကို ထူထောင်လာခဲ့ကြတာ နှစ်ပေါင်း အတော်ကြာခဲ့ပြီး ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း ၃၀ကျော်တွင် ကရင်လူမျိုးများ ရောက်ရှိနေထိုင် နေကြပြီလို့လည်း ကျွမ်းကျင်သူများရဲ့ ခန့်မှန်း ပြောဆိုမှုအရ သိရပါတယ်။ ဘယ်သူမှ ကိုယ့်ရဲ့ မွေးရပ်မြေကို စွန့်ခွာပြီး ကုန်းတတန်ရေတတန်နဲ့ သွားရောက်ကာ ဘ၀သစ်ကြီးကို တည်ဆောက် ချင်နေခဲ့ကြတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ မွေးရပ်မြေမှာပဲ သက်ဆုံးတိုင် နေထိုင် ချင်ခဲ့ကြတာပါ။ ဒါပေမယ့်လည်း လူလူချင်းနိုမ့်စက် အနိုင်ကျင့်နေတာတွေက မစွန့်ခွာချင်တဲ့ မွေးရပ်မြေနေရာ ဒေသကြီးကို စွန့်ခွာလာရဖို့ အဓိက တွန်းအားကြီးတခု ဖြစ်လာခဲ့တာကြောင့် ယနေ့ကရင်လူမျိုးများဟာ အကွဲကွဲအပြားပြားနဲ့ ကမ္ဘာ့နေရာဒေသ တော်တော်များများမှာ လူသားချင်း စာနာထောက်ထားတဲ့ နိုင်ငံတွေရဲ့ အကူအညီနဲ့ ပြန့်ကျဲရောက်ရှိ နေထိုင်လာခဲ့ရတာ ဖြစ်ပါတယ်။ ဒုက္ခ ရောက်နေတဲ့ ကရင် ဒုက္ခသည် အများအပြားကို အနောက်နိုင်ငံကြီးများတွင်သာ လက်ခံခဲ့ကြသော်လည်း ယခုအခါ ဂျပန်နိုင်ငံကပင် စတင်ခေါ်ယူနေပြီး ဖြစ်ပါတယ်။ ပထမဆုံး အသုတ်အနေဖြင့် ကရင်လူမျိုး ၁၈ယောက် အောက်တိုဘာလ ၂၈ရက်နေ့တွင် ရောက်ရှိလာပါတယ်။ အဆိုပါ ရောက်ရှိလာတဲ့ ကရင် ဒုက္ခသည်များကို ဂျပန်နိုင်ငံရှိ အစိုးရ တာဝန်ရှိသူများ၊ ဂျပန်ရောက် ကရင် အမျိုးသားများက လှိုက်လှဲ ပျူငှာစွာ ကြိုဆိုခဲ့ကြတာကို ပုံတွင် တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ ဆက်လက် ရှူစားနိုင်ကြပါတယ်။


ဓါတ်ပုံကို ကရင်အမျိုးသားအဖွဲ့ချုပ်(ဂျပန်) ၀က်ဆိုက်ဘ်မှ ကူးယူပါသည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment