နအဖစစ်အုပ်စု၏ မတရားတဲ့ရွေးကောက်ပွဲကို တကမ္ဘာလုံးအတိုင်းအတာအနေနဲ့ ဆန့်ကျင်ကန့်ကွက် ဆန္ဒပြကြပါစို့။ ဒီ ၂၀၁၀ ရွေးကောက်ပွဲဟာ တိုင်းရင်းသာတိုင်း လူမျိုးတိုင်းကို စစ်ကျွန်သက်ရှည်စေမဲ့၊ စစ်အုပ်ချုပ်မှု စစ်ဖိနပ်အောက် ရာသက်ပန်ရုန်းထွက်လို့မရတော့အောင် တဖက်သတ်ရေးဆွဲထားတဲ့ ဥပဒေတွေနဲ့ စီမံလုပ်ဆောင်ထားခြင်းဖြစ်ပါတယ်။
လာမယ့်နိုဝင်ဘာလ(၇)ရက်နေ့မှာ စစ်အစိုးရက ရွေးကောက်ပွဲကိုမဖြစ်မနေ ကျင်းပမှာဖြစ်တယ်။ ဒါကြောင့် နိုဝင်ဘာလ(၅)ရက်နေ့ နိုင်ငံတကာရောက် တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရေစီရဲဘော်များက မြန်မာသံရုံးအရှေ့မှာသွားရောက်ဆန္ဒပြပြီး မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲကို ကန့်ကွက်ကြပါစို့။
မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည်ရရှိရေးအင်အားစု (JACDB)မှဦးဆောင်လှုပ်ရှားကြမယ့် ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ကန့်ကွက်ပွဲကို သြစတြေးလျနိုင်ငံ ကန်ဘာရာမြို့ မြန်မာသံရုံးရှေ့မှာ နိုဝင်ဘာ(၅)ရက် သောကြာနေ့မှာ ဆန္ဒပြကြမယ်။

ဆစ်ဒနီလူထုက
Kerrs Road, Lidcombe မှာ မနက်(၇)နာရီ ဘတ်စ်ကားနှင့်သွားကြရန် လူစုကြမယ်။
ဆက်သွယ်နိုင်မည့်သူများကတော့......
မန်းအော်လန်းဒို(၀၄၃၁ ၅၂၇ ၂၆၇)
ဦးမောင်မောင်အေး(၀၄၃၁ ၄၈၂ ၃၂၆)
ဦးမောင်မောင်မြင့်(၀၄၃၇ ၄၇၀ ၄၆၄)
ကိုအောင်နိုင်(၀၄၁၃ ၃၃၅ ၆၂၉)...စသည်တို့ဖြစ်ကြပါတယ်။