ထိုင်စံတော်ချိန် မနက် ၈ နာရီဝန်းကျင်
မြ၀တီမှာတော့ အခြေအနေက ပုံမှန်နီးပါး ပြန်ဖြစ်နေတယ်။ လူတွေလည်း အပြင်ထွက်သွားလာတာ ရှိလာပြီ။
အိမ်ဆိုင်ခန်းကြီးတွေ မဖွင့်သေးပေမဲ့ တချို့က ပန်းတွေ၊ စားစရာတွေ ရောင်းနေတာတော့ ရှိနေပြီ။
အနည်းစုပဲ ပြန်နေကြတာပါ။ထိုင်းစစ်တပ်ထဲက ယာယီဒုက္ခသည်နေရာမှာတော့ ရှိနေတုန်း။ညကလည်း ဘာပစ်ခတ်သံမှ မကြားဘူး။
စစ်တပ်ကတော့ ဒီကေဘီအေတွေ အဝေးကနေ လှမ်းပစ်နိုင်တယ်လို့ လူထုတွေကို နည်းနည်းပြောထားသလို ရှိပေမဲ့ ဘာမှမပစ်ခတ်လာပါဘူး။
မြ၀တီဆေးရုံဝင်းထဲက ၀န်ထမ်းမိသားစုတွေ လူဦးရေ ၅၀ ၀န်းကျင်လောက်လည်း ၀င်းအပြင်မထွက်သလို ညကတော့ အဝေးကနေ လှမ်းပစ်ထဲ့မှာစိုးလို့ ဆေးရုံအဆောင်ဟောင်းမှာ မနေရဲဘဲ အဆောင်သစ်မှာပဲ စုနေကြတယ်လို့ သိရတယ်။ အဲဒီအဆောင်သစ်က နှစ်ထပ်ဆိုတော့ အပေါ်ထပ်မှာ မနေဘဲ အောက်ထပ်မှာပဲနေတယ်။ သဘောက အဝေးကလှမ်းပစ်လာရင် အပေါ်ထပ်ကို ထိနိုင်တာမို့ပါ။
ညက ၈နာရီလောက် သင်္ကန်းညီနောင် တောင်ဘက်ခြမ်းက ကွင်းကလေးရွာဘက်မှာ လက်နက်ကြီးသံ လေးချက်လောက် ကြားရတယ်လို့ မြ၀တီမြို့ခံတွေက ပြောတယ်။