မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးရန် ကေအဲန်ယူရဲ့ ၇ဦး ပါဝင်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီကို နိုဝင်ဘာ ၈ရက်နေ့မှ ၁၁ရက်နေ့အထိ ကျင်းပပြုလုပ်တဲ့ အရေးပေါ်အစည်းအဝေးမှ အတည်ပြု ဖွဲ့စည်းနိုင်ခဲ့ပါသည်။ အဆိုပါ ကော်တီ ၇ဦးမှာ အောက်ပါအတိုင်း ဖြစ်သည်။
ကေအဲန်ယူ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ
ကော်မတီ ဥက္ကဌ စောဒေးဗစ် သာကပေါ် (KNU ဒုဥက္ကဌ)
ဒုဥက္ကဌ (KNLA စီးဦးစီးချုပ် ဗိုလ်ချုပ်ကြီ မူတူးစေးဖိုး)
အတွင်းရေးမှူး ပဒိုစောဒေးဗစ်ထော (KNU တရားရေးဌာန တာဝန်ခံ)
အဖွဲ့ဝင်များ
ပဒိုစောအားတိုး(KNU သစ်တောဌာန တာဝန်ခံ)
နော်စီဖိုးရာစိန် (KNUအတွင်းရေးမှူးချုပ်)
ပဒိုစောအောင်မော်အေး (ဖားအံခရိုင်ဥက္ကဌ)
ပဒိုစောရောဂျာ (KNU ကျန်းမာရေးဌာနတာဝန်ခံ)