တပ်မဟာ ၄ တပ်ဖွဲ့ဝင်များ
တနင်္သာရီတိုင်း၊ မြစ်တန်းမြို့နယ်တွင် လှုပ်ရှားနေသည့် အစိုးရစစ်တပ်အား ကေအဲန်ယူ တပ်မဟာ(၄)တပ်ဖွဲ့၏ ဆွဲမိုင်းများဖြင့် တိုက်ခိုက်မှုကြောင့် ၃ဦးသေဆုံးပြီး ၆ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ အစိုးရစစ်တပ် စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၈)မှ နည်းဗျူဟာ(၂)လက်အောက်ခံ ခမရ(၄၀၇)မှ အင်အား ၁၂၀ဦးပါ ဗိုလ်မှူး မင်းဌေးဦးစီးတပ်ဖွဲ့သည် နိုဝင်ဘာလ ၂၆ရက်နေ့ မနက် ၉နာရီခွဲတွင် ဆင်ဖြူဒိုင်ရွာမှ မေတ္တာရွာဘက်သို့ ချီတက်လာစဉ် ကေ အဲန်ယူ တပ်မဟာ(၄)မှ စောင့်ကြိုပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
သတင်း ကိုးကား-ကေအိုင်စီ