ဗိုလ်ချုပ်ကြီး စောဘိုမြ ကွယ်လွန်ခဲ့တာ မနက်ဖြန် ဒီဇင်ဘာလ ၂၆ရက်နေ့တွင် ၅နှစ် ပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။ သူမကွယ်လွန်ခင် ငြိမ်းချမ်းရေးအတွက် ရန်ကုန်အထိ ဆင်းကာ ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီး မရိုးသားတဲ့ အာဏာရှင်တွေကြောင့် ငြိမ်းချမ်းရေး မရရှိခဲ့တဲ့ သင်ခန်းစာတွေ ပေးသွားခဲ့ပါတယ်။ ယနေ့ သိန်းစိန်အစိုးရရဲ့ ငြိမ်းချမ်းရေး အကောင်အထည် ဖော်မှုတွေကို အဲဒီ သင်ခန်းစာယူပြီး သတိရှိစွာနဲ့ ဆက်ဆံဖို့ လိုအပ်ပါကြောင်း ငြိမ်းချမ်းရေးအတွက် စွမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီးရဲ့ ကွယ်လွန်ခြင်း ၅နှစ်ပြည့်မှာ တိုက်တွန်းလိုပါတယ်။ ဗိုလ်ချုပ်မြရဲ့ ရန်ကုန်ဆင်း ငြိမ်းချမ်းရေး ဆွေးနွေးခဲ့တဲ့ မှတ်တမ်းနဲ့ သူ့ကို သတိတရနဲ့ အမှတ်ရစေဖို့ သူ့ရဲ့ နောက်ဆုံး ခရီး မှတ်တမ်းကို ကို တင်ဆက်လိုက်ပါရစေ။
Sunday, December 25, 2011
ဗိုလ်ချုပ်ကြီး စောဘိုမြ ကွယ်လွန်ခြင်း ၅နှစ်ပြည့်နှင့် အတုအယောင် ငြိမ်းချမ်းရေး
Posted by
အဲခေါင်သောင့်
at
4:32 AM
Subscribe to:
Post Comments (Atom)